II PETER
Chapter 2
II P | BurCBCM | 2:1 | သို့သော် ဤလူမျိုးတော်ထဲမှ ပရောဖက်အတုအယောင်များလည်း ပေါ်ထွက်ခဲ့ကြ၏။ ထိုနည်းတူပင် ဖျက်ဆီးတတ်သော ဒိဋ္ဌိအယူဝါဒများကို တိတ် တဆိတ်ယူဆောင်လာသည်သာမက မိမိတို့အား ရွေး နုတ်ကယ်တင်တော်မူသောအရှင်သခင်ကိုပင် ငြင်းပယ်ကြလျက် ပျက်စီးခြင်းကို မိမိတို့အပေါ်သို့ ရုတ်တရက်ကျ ရောက်စေသော ဆရာအတုအယောင်များလည်း သင်တို့ အလယ်၌ ရှိကြ၏။- | |
II P | BurCBCM | 2:2 | လူများစွာတို့သည် ထိုသူတို့၏ညစ်ညူးသောလမ်းစဉ်ကို လိုက်ကြလိမ့်မည်။ သူတို့အတွက်ကြောင့် သမ္မာတရားလမ်း တော်သည် ကဲ့ရဲ့ရှုတ်ချခြင်းခံရလိမ့်မည်။- | |
II P | BurCBCM | 2:3 | ထိုသူတို့သည် လောဘလွန်ကြူးစိတ်ဖြင့် မမှန်သောစကားများကိုဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ရှေးကာလကပင် စီရင်ထားသော သူတို့၏အပြစ်ဒဏ်သည် မည်သည့်အခါကမျှ အချည်းနှီးမဖြစ်ခဲ့ပေ။ သူတို့ခံရမည့်ဖျက်ဆီးခြင်း သည်လည်း အမြဲ ပင် အသင့်ရှိနေခဲ့၏။ | |
II P | BurCBCM | 2:4 | အကြောင်းမူကား ကောင်းကင်တမန်တော်များ အပြစ်ပြုသောအခါ ဘုရားသခင်သည် သူတို့ကိုညှာတာ ထောက်ထားတော် မူခဲ့သည်မဟုတ်။ ကိုယ်တော်သည် သူတို့ကို ငရဲသို့နှင်ချပြီးလျှင် မှောင်မိုက်သောတွင်းနက် ထဲ၌ ချထားလျက် တရားစီရင်သော နေ့ရက်တိုင်အောင် သူတို့ကိုထိုနေရာ၌ ထားတော်မူ၏။- | |
II P | BurCBCM | 2:5 | ကိုယ်တော်သည် ရှေးကာလက လူများကိုလည်း ချမ်းသာပေးတော်မမူခဲ့ပေ။ ထို့ကြောင့် ကိုယ်တော်သည် ဘုရားတရား မဲ့သော ကမ္ဘာပေါ်တွင် ရေလွှမ်းမိုးစေသောအခါ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧနှင့်အခြားသူခုနစ်ဦးတို့ကို စောင့်ရှောက်ထားတော်မူခဲ့၏။- | |
II P | BurCBCM | 2:6 | ကိုယ်တော်သည် ဆောဒိုမာနှင့်ဂေါ်မောရာမြို့တို့ကို မီးလောင်ပြာကျစေခြင်းဖြင့် ပျက်သုဉ်းသွားစေပြီးလျှင် ၎င်းတို့အား နောင်တစ်ချိန်တွင် ဘုရားတရားမဲ့သူတို့အတွက် ပုံစံနမူနာဖြစ်စေတော်မူခဲ့၏။- | |
II P | BurCBCM | 2:7 | ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏ညစ်ညူး သောမကောင်းမှုများကြောင့် စိတ်ပျက်နေသည့် ဖြောင့်မတ်သော လော့တ ကို ကယ်တင်တော်မူခဲ့လေ၏။- | |
II P | BurCBCM | 2:8 | အကြောင်းမူကား ဆိုးယုတ်သူတို့အလယ်တွင် နေထိုင်ခဲ့သော ထိုဖြောင့်မတ်သူသည် မိမိမြင်တွေ့ ကြားသိခဲ့ရသော မကောင်း မှုများကြောင့် နေ့စဉ်ရက်ဆက် မိမိ၏ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အနှောင့်အယှက်ဖြစ်ရလေ၏။- | |
II P | BurCBCM | 2:9 | ထို့ကြောင့် ဘုရားသခင်သည် ဘုရားတရားရှိ သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းများမှ မည်သို့ကယ်တင် ရမည်ကိုလည်းကောင်း၊ ဆိုးယုတ်သောသူတို့ကို တရားစီရင်တော်မူသည့်နေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ခတ် ရမည်ကိုလည်းကောင်း သိတော်မူ၏။- | |
II P | BurCBCM | 2:10 | အထူးသဖြင့် ညစ်ညူးသောကိလေသာတပ်မက်ခြင်း၏အလိုဆန္ဒသို့ လိုက်ပြီးလျှင် ဘုရားသခင်၏ဩဇာအာဏာတော်ကို မထီမဲ့မြင်ပြုသောသူတို့အား အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲလျက် ထင်ရာစိုင်းတတ်သောသူများ ဖြစ်ကြပြီး ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့စော်ကားရန် မကြောက်ရွံ့ကြချေ။- | |
II P | BurCBCM | 2:11 | ကောင်းကင် တမန်တော်တို့သည် ပို၍ဘုန်းတန်ခိုးစွမ်းအားကြီးသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ထိုသူတို့အား ရှုတ်ချ ပြစ်တင်သည့်စီရင်ချက်ကို မချမှတ်ကြချေ။- | |
II P | BurCBCM | 2:12 | ဤသူတို့ သည် ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခံရခြင်းငှာ ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောတိရစ္ဆာန်များနှင့် တူ၍ မိမိတို့မသိနားမလည်ကြသော အကြောင်းအရာ တို့ကိုကဲ့ရဲ့ပြောဆိုကြလျက် ထိုတိရစ္ဆာန်များနှင့်အတူ ဖျက်ဆီးခြင်းခံကြရလိမ့် မည်။- | |
II P | BurCBCM | 2:13 | သူတို့သည် မိမိတို့၏ အပြစ်အမှားများအတွက် ဒဏ်ခံကြရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ သောက်စားမြူးထူးခြင်းကို ပျော်မွေ့ရာ အဖြစ်မှတ်ယူကြ၏။ သူတို့သည် သင်တို့နှင့်အတူ စားသောက်ပွဲ၌ပါဝင်ကြသောအခါ မိမိတို့ကိုယ်ကိုလှည့်စားကြ လျက် သောက်စားမြူးထူးကာ သင်တို့အလယ်တွင် အရှက်ရပြီး ဂုဏ်သရေညှိုးနွမ်းကြလေ၏။- | |
II P | BurCBCM | 2:14 | သူတို့၏ မျက်စိများသည် သူတစ်ပါး၏မယားကိုပြစ်မှားလိုသော ဆန္ဒနှင့်ပြည့်လျက်ရှိပြီး အပြစ်ပြုရာတွင် တင်းတိမ်ရောင့် ရဲသည်ဟူ၍မရှိပေ။ သူတို့သည် စိတ်မတည်ငြိမ်သော ဝိညာဉ်များကို သွေးဆောင်ဖြားယောင်းတတ်ကြ၏။ သူတို့၏စိတ်နှလုံး များသည် လောဘလွန်ကြူးခြင်း၌ ကျင်လည်ကြ၏။ သူတို့သည်ကား ကျိန်ဆိုခြင်းခံရသောသား သမီးများပေတည်း။- | |
II P | BurCBCM | 2:15 | သူတို့သည် မှန်ကန်သောလမ်းကို စွန့်လွှတ်၍ လမ်းမှားသို့လိုက်ခဲ့ကြလေပြီ။ သူတို့သည် မတရားသောလုပ်ရပ်များမှ ရရှိသည့်အကျိုးအမြတ်ကို တပ်မက်သော ဘော်စော်၏သား ဘာလမ်၏လမ်းစဉ်ကို လိုက်ကြလေပြီ။- | |
II P | BurCBCM | 2:16 | သို့သော် ထိုသူသည် မိမိ၏ မကောင်းမှုဒုစရိုက်ကြောင့် ပြစ်တင်ဆုံးမခြင်းခံရပြီး စကားမပြောသောမြည်းသည် လူတို့ပြော သောစကားကိုပြောလျက် ပရောဖက်၏မိုက်မဲမှုကို တားမြစ်ခဲ့၏။ | |
II P | BurCBCM | 2:17 | ဤသူတို့သည် ရေမရှိသောစမ်းချောင်းများကဲ့သို့လည်းကောင်း၊ လေမုန်တိုင်းကြောင့် လွင့်စဉ်သွားသော မြူခိုးများကဲ့သို့ လည်းကောင်း ဖြစ်ကြ၏။ သူတို့အတွက် အမှောင်အတိပြီးသောနေရာကို သီးသန့်သတ်မှတ် ထားလျက်ရှိ၏။- | |
II P | BurCBCM | 2:18 | အကြောင်းမူကား သူတို့သည် မှားယွင်းခြင်း၌ ကျင်လည်နေသောလူတို့ထံမှ လွတ်မြောက်လုနီးပါးဖြစ်နေသူတို့ကို အနှစ်သာရကင်းမဲ့သည့် ကြွားဝါသော စကားများပြောဆိုလျက် အသွေးအသား၏ကိလေသာ တပ်မက်ခြင်းများဖြင့် သွေးဆောင် ကြ၏။- | |
II P | BurCBCM | 2:19 | သူတို့သည် လူများအား လွတ်လပ်မှုကို ကတိထားကြသော်လည်း မိမိတို့ကိုယ်တိုင်မူကား ဖောက်ပြန်ခြင်း၏ကျေးကျွန် များဖြစ်ကြ၏။ အကြောင်းမူကား လူသည် မိမိကိုလွှမ်းမိုး သောအရာဟူသမျှ၏ကျေးကျွန်ဖြစ်လာရသောကြောင့်တည်း။- | |
II P | BurCBCM | 2:20 | အကယ်၍ လူတို့သည် ငါတို့၏သခင်နှင့် ကယ် တင်ရှင်ဖြစ်သော ယေဇူးခရစ်တော်ကိုသိရှိခြင်းအားဖြင့် လောက၏ညစ်ညူး သောမကောင်းမှုများမှ လွတ်မြောက်ကြပြီးနောက် နောက်တစ်ကြိမ်ထပ်မံ၍ ထိုမကောင်းမှုများနှင့်ငြိတွယ်ကာ ယင်းတို့၏ လွှမ်းမိုးမှုကိုခံရပါလျှင် သူတို့အတွက် နောက်ဆုံးအခြေအနေသည် ပထမအခြေအနေထက် ပို၍ဆိုးရွားလေ၏။- | |
II P | BurCBCM | 2:21 | ဖြောင့်မတ်ခြင်း တရား၏လမ်းစဉ်ကိုသိရှိပြီးမှ မိမိတို့အားပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို ကျောခိုင်း စွန့်ခွာခဲ့သည်ထက် ဤတရားလမ်းစဉ်ကို မည်သည့်အခါကမျှ မသိရှိဘဲနေခြင်းက သူတို့အတွက် ပို၍ကောင်းပေလိမ့်မည်။- | |