II TIMOTHY
Chapter 1
II T | BurCBCM | 1:1 | ခရစ်တော်ယေဇူး၌တည်ရှိသော အသက်၏ကတိတော်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏ တမန်တော်ဖြစ်သော ငါပေါလုထံမှ၊- | |
II T | BurCBCM | 1:2 | ငါ၏ချစ်သား တီမောသီဦးထံသို့ စာရေးလိုက်ပါ၏။ အဖခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ခရစ်တော်ယေဇူးထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်း သာယာခြင်းသက်ရောက်ပါစေသော်။ | |
II T | BurCBCM | 1:3 | ငါသည် ဆုတောင်းပတ္ထနာပြုရာတွင် သင့်ကိုအစဉ်အမြဲသတိရသောကြောင့် ငါ၏ဘိုးဘေးများပြုလုပ်ခဲ့သည့်အတိုင်း ကြည်လင်သောအသိတရားနှင့် ငါအစေခံသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- | |
II T | BurCBCM | 1:4 | ငါသည် သင်မျက်ရည်ကျခဲ့သည်ကို သတိရသဖြင့် သင့်ကို တွေ့နိုင်ရန် တမ်းတလျက်ရှိ၏။ သို့မှသာ ငါ၌ဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလိမ့်မည်။- | |
II T | BurCBCM | 1:5 | ငါသည် သင်၏စစ်မှန်သောယုံ ကြည်ခြင်းကို သတိရလျက်ရှိ၏။ ထိုယုံကြည်ခြင်းသည် သင်၏အဖွားလိုအိနှင့် သင်၏ အမိယူနစ်တို့၌ ရှေးဦးစွာ တည်ရှိခဲ့ပြီး ယခုအခါတွင်သင်၌တည်ရှိနေကြောင်း ငါယုံ ကြည်စိတ်ချ၏။- | |
II T | BurCBCM | 1:6 | သို့ဖြစ်၍ ငါ၏ လက်တင်ခြင်းအားဖြင့် သင်ရရှိထားသော ဘုရားသခင်၏ကျေးဇူးတော်ကို ပြန် လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေးလိုက်ပါ၏။- | |
II T | BurCBCM | 1:7 | အကြောင်းမူကား ဘုရားသခင်သည် ငါတို့အားကြောက်ရွံ့ စိတ်ကိုမပေးဘဲ စွမ်းအားတန်ခိုး၊ ချစ်ခြင်းမေတ္တာနှင့်မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း စသောစိတ်တို့ကိုသာ ပေးတော်မူသောကြောင့်တည်း။ | |
II T | BurCBCM | 1:8 | ထို့ကြောင့် ငါတို့၏သခင်ဘုရားကို သက်သေခံရန်အတွက်လည်းကောင်း၊ အကျဉ်းကျခံနေရသူငါ့အတွက်ကြောင့်လည်း ကောင်း ရှက်ရွံ့ခြင်းမရှိဘဲလျက် ဘုရားသခင်၏တန်ခိုးတော်ကိုအမှီပြု၍ ဧဝံဂေလိ၏တရားတော်အတွက် ဆင်းရဲဒုက္ခကို မျှဝေ ခံထမ်းပါလော့။- | |
II T | BurCBCM | 1:9 | ဘုရားသခင်သည် ငါတို့ကိုကယ်တင်၍ သန့်ရှင်းသော ခေါ်တော်မူခြင်းဖြင့် ခေါ်ဆောင်သည်မှာ ငါတို့၏ကုသိုလ် ကောင်းမှုများ ကြောင့်မဟုတ်ဘဲ ကိုယ်တော်၏အကြံ အစည်တော်နှင့် ကျေးဇူးတော်တို့ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ထိုကျေးဇူးတော်ကို ရှေးကာလကပင် ခရစ်တော်ယေဇူးအားဖြင့် ငါတို့အားပေးသနားတော်မူခဲ့၏။- | |
II T | BurCBCM | 1:10 | ယခုမူကား ငါတို့ကယ်တင်ရှင် ခရစ်တော်ယေဇူး၏ကြွ လာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်သည် ပေါ်လွင်ထင်ရှား လာလေပြီ။ ထိုအရှင်သည် သေခြင်းကိုဖယ်ရှား၍ ဧဝံဂေလိတရားတော်အားဖြင့် အသက်ရှင်ခြင်းနှင့် မပုပ်ပျက်နိုင်ခြင်းတို့ကို ပေါ်လွင်ထင်ရှားစေတော်မူ၏။- | |
II T | BurCBCM | 1:11 | ဤဧဝံဂေလိတရားတော်အတွက် ငါသည်ဟောပြောသူ အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာ အဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရလေပြီ။- | |
II T | BurCBCM | 1:12 | ထို့ကြောင့် ငါသည် ဤဆင်းရဲဒုက္ခများကို ခံနေရခြင်းဖြစ် ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူ ကား ငါသည် မည်သူ့အား ယုံကြည်အားကိုးသည်ကိုသိ၏။ ကိုယ်တော်သည် ငါ့အား အပ်နှင်းထားသောအရာကို ထိုနေ့ရက်တိုင်အောင် စောင့်ရှောက်နိုင်တော်မူသည်ကိုလည်း ငါအသေအချာသိ၏။- | |
II T | BurCBCM | 1:13 | ငါ့ထံမှ သင်ကြားနာခဲ့ရသည့် မှန်ကန်သောအယူဝါဒနှင့်အတူ ခရစ်တော်ယေဇူး၌ တည်ရှိသောယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာတို့ကို လိုက်နာကျင့်ကြံလော့။- | |
II T | BurCBCM | 1:14 | ငါတို့တွင် ကိန်းအောင်းသည့် ဝိညာဉ်တော်မြတ်အားဖြင့် သင့်အားအပ်နှင်းထားသော သမ္မာတရားတော်ကို ထိန်းသိမ်း စောင့်ရှောက်လော့။ | |
II T | BurCBCM | 1:15 | သင်သိထားသည့်အတိုင်း အာရှပြည်တွင်ရှိကြ သောသူအပေါင်းတို့သည် ငါ့ကိုစွန့်ခွာသွားကြလေပြီ။ ထိုသူတို့တွင် ဖိဂျေလု နှင့် ဟေမိုဂျင်းတို့ပါဝင်ကြ၏။- | |
II T | BurCBCM | 1:16 | သခင် ဘုရားသည် အိုနေးစိဖိုရုတို့၏မိသားစုအပေါ် သနားကရု ဏာသက်တော်မူပါစေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ငါ့ကိုမကြာခဏ စိတ်သက်သာရာရစေ၍ ငါအချုပ်အနှောင်ခံရသည့်အတွက် ရှက်ရွံ့ခြင်းမရှိချေ။- | |
II T | BurCBCM | 1:17 | ထိုမျှမက သူသည် ရောမမြို့ သို့ရောက်လျှင်ရောက်ချင်း ငါ့ကို စိတ် အားထက်သန်စွာ ရှာဖွေခဲ့ပြီးနောက် တွေ့လည်းတွေ့ခဲ့ လေ၏။- | |