Site uses cookies to provide basic functionality.

OK
II TIMOTHY
1 2 3 4
Prev Up Next Toggle notes
Chapter 1
II T BurCBCM 1:1  ခရစ်တော်ယေဇူး၌တည်ရှိသော အသက်၏ကတိတော်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏ တမန်တော်ဖြစ်သော ငါပေါလုထံမှ၊-
II T BurCBCM 1:2  ငါ၏ချစ်သား တီမောသီဦးထံသို့ စာရေးလိုက်ပါ၏။ အဖခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ခရစ်တော်ယေဇူးထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်း သာယာခြင်းသက်ရောက်ပါစေသော်။
II T BurCBCM 1:3  ငါသည် ဆုတောင်းပတ္ထနာပြုရာတွင် သင့်ကိုအစဉ်အမြဲသတိရသောကြောင့် ငါ၏ဘိုးဘေးများပြုလုပ်ခဲ့သည့်အတိုင်း ကြည်လင်သောအသိတရားနှင့် ငါအစေခံသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
II T BurCBCM 1:4  ငါသည် သင်မျက်ရည်ကျခဲ့သည်ကို သတိရသဖြင့် သင့်ကို တွေ့နိုင်ရန် တမ်းတလျက်ရှိ၏။ သို့မှသာ ငါ၌ဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလိမ့်မည်။-
II T BurCBCM 1:5  ငါသည် သင်၏စစ်မှန်သောယုံ ကြည်ခြင်းကို သတိရလျက်ရှိ၏။ ထိုယုံကြည်ခြင်းသည် သင်၏အဖွားလိုအိနှင့် သင်၏ အမိယူနစ်တို့၌ ရှေးဦးစွာ တည်ရှိခဲ့ပြီး ယခုအခါတွင်သင်၌တည်ရှိနေကြောင်း ငါယုံ ကြည်စိတ်ချ၏။-
II T BurCBCM 1:6  သို့ဖြစ်၍ ငါ၏ လက်တင်ခြင်းအားဖြင့် သင်ရရှိထားသော ဘုရားသခင်၏ကျေးဇူးတော်ကို ပြန် လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေးလိုက်ပါ၏။-
II T BurCBCM 1:7  အကြောင်းမူကား ဘုရားသခင်သည် ငါတို့အားကြောက်ရွံ့ စိတ်ကိုမပေးဘဲ စွမ်းအားတန်ခိုး၊ ချစ်ခြင်းမေတ္တာနှင့်မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း စသောစိတ်တို့ကိုသာ ပေးတော်မူသောကြောင့်တည်း။
II T BurCBCM 1:8  ထို့ကြောင့် ငါတို့၏သခင်ဘုရားကို သက်သေခံရန်အတွက်လည်းကောင်း၊ အကျဉ်းကျခံနေရသူငါ့အတွက်ကြောင့်လည်း ကောင်း ရှက်ရွံ့ခြင်းမရှိဘဲလျက် ဘုရားသခင်၏တန်ခိုးတော်ကိုအမှီပြု၍ ဧဝံဂေလိ၏တရားတော်အတွက် ဆင်းရဲဒုက္ခကို မျှဝေ ခံထမ်းပါလော့။-
II T BurCBCM 1:9  ဘုရားသခင်သည် ငါတို့ကိုကယ်တင်၍ သန့်ရှင်းသော ခေါ်တော်မူခြင်းဖြင့် ခေါ်ဆောင်သည်မှာ ငါတို့၏ကုသိုလ် ကောင်းမှုများ ကြောင့်မဟုတ်ဘဲ ကိုယ်တော်၏အကြံ အစည်တော်နှင့် ကျေးဇူးတော်တို့ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ထိုကျေးဇူးတော်ကို ရှေးကာလကပင် ခရစ်တော်ယေဇူးအားဖြင့် ငါတို့အားပေးသနားတော်မူခဲ့၏။-
II T BurCBCM 1:10  ယခုမူကား ငါတို့ကယ်တင်ရှင် ခရစ်တော်ယေဇူး၏ကြွ လာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်သည် ပေါ်လွင်ထင်ရှား လာလေပြီ။ ထိုအရှင်သည် သေခြင်းကိုဖယ်ရှား၍ ဧဝံဂေလိတရားတော်အားဖြင့် အသက်ရှင်ခြင်းနှင့် မပုပ်ပျက်နိုင်ခြင်းတို့ကို ပေါ်လွင်ထင်ရှားစေတော်မူ၏။-
II T BurCBCM 1:11  ဤဧဝံဂေလိတရားတော်အတွက် ငါသည်ဟောပြောသူ အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာ အဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရလေပြီ။-
II T BurCBCM 1:12  ထို့ကြောင့် ငါသည် ဤဆင်းရဲဒုက္ခများကို ခံနေရခြင်းဖြစ် ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူ ကား ငါသည် မည်သူ့အား ယုံကြည်အားကိုးသည်ကိုသိ၏။ ကိုယ်တော်သည် ငါ့အား အပ်နှင်းထားသောအရာကို ထိုနေ့ရက်တိုင်အောင် စောင့်ရှောက်နိုင်တော်မူသည်ကိုလည်း ငါအသေအချာသိ၏။-
II T BurCBCM 1:13  ငါ့ထံမှ သင်ကြားနာခဲ့ရသည့် မှန်ကန်သောအယူဝါဒနှင့်အတူ ခရစ်တော်ယေဇူး၌ တည်ရှိသောယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာတို့ကို လိုက်နာကျင့်ကြံလော့။-
II T BurCBCM 1:14  ငါတို့တွင် ကိန်းအောင်းသည့် ဝိညာဉ်တော်မြတ်အားဖြင့် သင့်အားအပ်နှင်းထားသော သမ္မာတရားတော်ကို ထိန်းသိမ်း စောင့်ရှောက်လော့။
II T BurCBCM 1:15  သင်သိထားသည့်အတိုင်း အာရှပြည်တွင်ရှိကြ သောသူအပေါင်းတို့သည် ငါ့ကိုစွန့်ခွာသွားကြလေပြီ။ ထိုသူတို့တွင် ဖိဂျေလု နှင့် ဟေမိုဂျင်းတို့ပါဝင်ကြ၏။-
II T BurCBCM 1:16  သခင် ဘုရားသည် အိုနေးစိဖိုရုတို့၏မိသားစုအပေါ် သနားကရု ဏာသက်တော်မူပါစေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ငါ့ကိုမကြာခဏ စိတ်သက်သာရာရစေ၍ ငါအချုပ်အနှောင်ခံရသည့်အတွက် ရှက်ရွံ့ခြင်းမရှိချေ။-
II T BurCBCM 1:17  ထိုမျှမက သူသည် ရောမမြို့ သို့ရောက်လျှင်ရောက်ချင်း ငါ့ကို စိတ် အားထက်သန်စွာ ရှာဖွေခဲ့ပြီးနောက် တွေ့လည်းတွေ့ခဲ့ လေ၏။-
II T BurCBCM 1:18  သခင်ဘုရားသည် နောက်ဆုံးသောနေ့ရက်၌ သူ့အားမိမိ၏သနားကရုဏာတော်ကို ပေးတော်မူပါစေသော်။ သူသည် ဧဖက်ဆုမြို့တွင် ငါ့အား မည်မျှပြုစုအစေခံ ခဲ့သည်ကို သင်ကောင်းစွာသိ၏။