III JOHN
Chapter 1
III | BurCBCM | 1:1 | သမ္မာတရား၌ ငါချစ်ခင်ရသော မိတ်ဆွေဂါးယု ထံသို့ သက်ကြီးဝါကြီးဖြစ်သူထံမှစာရေးလိုက် ပါ ၏။ | |
III | BurCBCM | 1:2 | ချစ်မိတ်ဆွေ၊ သင်၌ အစစအရာရာအဆင်ပြေစေရန်နှင့် သင်၏ဝိညာဉ်ရေးကောင်းမွန်သည့်အတိုင်း သင်၏ခန္ခာကိုယ် သည်လည်း ကျန်းမာစေရန် ငါဆုတောင်း ပါ၏။- | |
III | BurCBCM | 1:3 | အကြောင်းမူကား သင်သည် သမ္မာတရားတော်ကို အမှန်ပင်လိုက်နာကျင့်သုံးသည့်အတိုင်း သင်၏သမ္မာတရားကို ညီအစ်ကို အချို့တို့လာရောက်၍ သက်သေခံ ကြသောအခါ ငါသည် အလွန်ဝမ်းမြောက်ရသောကြောင့် ဖြစ်၏။- | |
III | BurCBCM | 1:4 | ငါ၏သားသမီးများသည် သမ္မာတရားကို လိုက် နာကျင့်သုံးကြကြောင်းကို ငါကြားရစဉ် ဝမ်းမြောက်ရသည်ထက်ပိုသော ဝမ်းမြောက်ခြင်းဟူ၍ ငါ၌မရှိချေ။ | |
III | BurCBCM | 1:5 | ချစ်မိတ်ဆွေ၊ သင်သည် ညီအစ်ကိုများကိုလည်း ကောင်း၊ အထူးသဖြင့် ဧည့်သည်အာဂန္တုများကိုလည်း ကောင်း ဧည့်ဝတ်ပြု သောအခါ သစ္စာရှိသောအမှုကို သင် ဆောင်ရွက်ခြင်းဖြစ်၏။- | |
III | BurCBCM | 1:6 | ထိုသူတို့သည် သင်၏ချစ်ခြင်း မေတ္တာကို အသင်းတော်ရှေ့၌ သက်သေခံကြလေပြီ။ သူတို့အား ဘုရားသခင်နှစ် သက်တော် မူသည့်အတိုင်း ခရီးဆက်နိုင်ရန် သင်ကူညီပေးပါလော့။- | |
III | BurCBCM | 1:7 | အကြောင်းမူကား သူတို့သည် ကိုယ်တော်၏နာမတော်အတွက် ခရီးထွက် ခဲ့ကြပြီး လူမျိုးခြားတို့ထံမှ မည်သည့်အလှူကိုမျှ လက်မခံ ခဲ့ကြပေ။- | |
III | BurCBCM | 1:8 | သို့ဖြစ်၍ ငါတို့သည် သမ္မာတရားတော်၌ လုပ် ဖော်ကိုင်ဖက်များဖြစ်ကြရန် ထိုကဲ့သို့သောသူတို့ကို ကူ ညီပံ့ပိုးသင့်၏။ | |
III | BurCBCM | 1:9 | ငါသည် အသင်းတော်ထံသို့ စာရေးလိုက်လေပြီ။ သို့သော် မိမိကိုယ်ကို ပထမနေရာ၌ ထားရန်နှစ်သက် သော ဒီအိုးတြေဖက် သည် ငါတို့ကိုအသိအမှတ်မပြုချေ။- | |
III | BurCBCM | 1:10 | သို့ဖြစ်၍ ငါလာသောအခါ သူပြုလုပ်သမျှကို ထုတ် ဖော်ပြောဆိုမည်။ သူသည် မဟုတ်မမှန်သောစကားများဖြင့် ငါတို့ကို စွပ်စွဲပြောဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲ သူသည် ညီအစ်ကိုတို့ကို လက်ခံကြိုဆိုရန် ကိုယ်တိုင် ငြင်းဆန်ပြီး ထိုသူတို့အား လက်ခံကြိုဆိုလိုသောသူများ ကိုလည်း တားမြစ်ကာ အသင်းတော်မှ နှင်ထုတ်လေ၏။ | |
III | BurCBCM | 1:11 | ချစ်မိတ်ဆွေ၊ မကောင်းမှုကို အတုမယူဘဲ ကောင်း သောအရာကို အတုယူပါလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့်သက်ဆိုင်၏။ မကောင်း သောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိ မမြင်သေးသောသူဖြစ်၏။ | |
III | BurCBCM | 1:12 | ဒေမေတြီဦးသည် လူတိုင်း၏ချီးမွမ်းပြောဆိုခြင်း ကိုခံရ၏။ သမ္မာတရားတော်ကပင် သူ့ကို သက်သေခံ၏။ ငါသည်လည်း သူ့ကို သက်သေခံပါ၏။ ငါ၏သက်သေခံ ချက်သည် မှန်ကန်ကြောင်း သင်သိ၏။ | |
III | BurCBCM | 1:13 | ငါသည် သင့်ထံသို့ ရေးစရာများစွာရှိသော်လည်းမှင်တံနှင့် မှင်ကိုအသုံးပြု၍ရေးရန်ငါအလိုမရှိ။- | |
III | BurCBCM | 1:14 | ငါသည် သင့်ကိုမကြာမီတွေ့ဆုံ၍ သင်နှင့်မျက်နှာချင်းဆိုင်လျက် အတူစကားပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ပါ၏။ | |