SONG OF SOLOMON
Chapter 6
Song | BurJudso | 6:1 | မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ကြွတော်မူသ နည်း။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည် အကြောင်း၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ။ | |
Song | BurJudso | 6:2 | ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။ | |
Song | BurJudso | 6:3 | ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။ | |
Song | BurJudso | 6:4 | ငါချစ်သောနှမ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်၏။ | |
Song | BurJudso | 6:5 | သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။ | |
Song | BurJudso | 6:6 | သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့၊ အမွှာသာ ဘွားတတ်ကြ၏။ | |
Song | BurJudso | 6:9 | ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။ | |
Song | BurJudso | 6:10 | လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။ | |
Song | BurJudso | 6:11 | ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။ | |