Site uses cookies to provide basic functionality.

OK
DEUTERONOMY
Prev Up Next
Chapter 20
Deut BurJudso 20:1  သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။
Deut BurJudso 20:2  စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း၍၊
Deut BurJudso 20:3  အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့် ခြင်း မရှိကြနှင့်။
Deut BurJudso 20:4  အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည်။
Deut BurJudso 20:5  ဗိုလ်တို့ကလည်း၊ အိမ်သစ်ကို ဆောက်၍ ဘုရား သခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြား သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
Deut BurJudso 20:6  စပျစ်ဥယျာဉ်ကို စိုက်၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
Deut BurJudso 20:7  မိန်းမနှင့်လက်ထပ်၍ မသိမ်းရသေးသောသူရှိ လျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
Deut BurJudso 20:8  တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
Deut BurJudso 20:9  ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။
Deut BurJudso 20:10  သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
Deut BurJudso 20:11  ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူအပေါင်းတို့ သည် သင့်အား အခွန်ပေး၍ သင့်အမှုကို ထမ်းရကြမည်။
Deut BurJudso 20:12  သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက် လျှင်၊ ထိုမြို့ကို ဝိုင်းထား၍၊
Deut BurJudso 20:13  သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည်။
Deut BurJudso 20:14  မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့ သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင်၏ရန်သူလက်မှ ရသော ဥစ္စာကို စားရမည်။
Deut BurJudso 20:15  ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။
Deut BurJudso 20:16  သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
Deut BurJudso 20:17  ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိ လူတို့သည် မိမိတို့ဘုရားများ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင်၍၊
Deut BurJudso 20:18  သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင်၏ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည်။
Deut BurJudso 20:19  သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ် ရ။ မြေ၌ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်းထားရာ အမှုကို ဆောင်၍ အပင်ကို မလှဲရ။
Deut BurJudso 20:20  သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။