HEBREWS
Chapter 8
Hebr | BurCBCM | 8:1 | ယခု ငါတို့ပြောဆိုနေသောအကြောင်းအရာတို့၏ အဓိကအချက်မှာငါတို့တွင် ထိုကဲ့သို့သော ရဟန်းချုပ်မျိုးရှိနေပြီဆိုသည့် အချက်ပင်ဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ရှိတော်မူသောဘုန်းတော် ရှင်၏ပလ္လင်တော်လက်ယာဘက်တွင် စံပယ်နေ တော်မူ၏။- | |
Hebr | BurCBCM | 8:2 | ကိုယ်တော်သည် လူတို့တည်ဆောက်ထားခြင်း မဟုတ်ဘဲ ထာ၀ရဘုရားသခင်တည်ဆောက်ထားတော် မူသောစစ်မှန်သည့် တဲတော်နှင့် သန့်ရှင်းရာဌာနတွင် အမှုတော်ကို ဆောင်ရွက်သောသူဖြစ်တော်မူ၏။- | |
Hebr | BurCBCM | 8:3 | ရဟန်း ချုပ်မည်သည်ကား ဘုရားသခင်အား ပူဇော်ရာများနှင့် ယဇ်ကောင်တို့ကို ဆက်သပူဇော်ရန် ခန့်ထားခြင်းခံရသဖြင့် ဤရဟန်းသည်လည်း ပူဇော်ခြင်းငှာ တစ်စုံတစ်ခု ရှိရန် လိုအပ်၏။- | |
Hebr | BurCBCM | 8:4 | အကယ်၍ ကိုယ်တော်သည် ကမ္ဘာမြေ ပေါ်တွင်ရှိနေတော်မူလျှင် ရဟန်းဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားအရ ပူဇော် သကာများကို ဆက်သသည့်ရဟန်းများရှိသောကြောင့် ဖြစ်၏။- | |
Hebr | BurCBCM | 8:5 | သူတို့သည် ကောင်းကင်ဘုံ၌ရှိသော သန့်ရှင်းရာ ဌာနနှင့်တူသည့်ပုံရိပ်တွင် အမှုထမ်းကြရ၏။ အကြောင်း မူကား မိုးဇက်သည် ပဋိညာဉ်တဲတော်ကိုတည်ဆောက် မည်ပြုသောအခါ ဘုရားသခင်က တောင်ပေါ်တွင် သင့်အား ပြသခဲ့သည့်ပုံစံနှင့်အညီ အလုံးစုံ သောအရာတို့ကို ပြုလုပ်ဆောင်ရွက်ရန် သတိပြုလော့ဟု သူ့အား မိန့်မှာ တော်မူခဲ့၏။- | |
Hebr | BurCBCM | 8:6 | သို့သော် ခရစ်တော်ကြားဝင်အသနားခံ ပေးသောပဋိညာဉ်တရားတော်သည် ပိုမိုကောင်းမွန် လေ၏။ အကြောင်းမူကား ယင်းသည် ပို၍ကောင်းမွန် သောကတိတော်များအပေါ် အခြေခံသောကြောင့်ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်သည် ပဋိညာဉ်တရား တော် အဟောင်းထက် များစွာပို၍မြင့်မြတ်သောအမှုတော်ကို ရရှိလေ၏။- | |
Hebr | BurCBCM | 8:7 | အကယ်၍ ပထမပဋိညာဉ်တရားတော်၌ အပြစ်အနာ အဆာမရှိလျှင် ယင်းကို ဒုတိယပဋိညာဉ် တရားတော်ဖြင့် အစားထိုးရန် လိုအပ်မည်မဟုတ်ပေ။ | |
Hebr | BurCBCM | 8:8 | သို့သော် ထာ၀ရဘုရားသခင်သည် ပထမပဋိညာဉ် တရားတော်၌ အပြစ်အနာအဆာကိုမြင်မိသဖြင့် မိန့်တော်မူသည်ကား ငါသည် အစ္စရာအဲလ်လူမျိုးနှင့်လည်းကောင်း၊ ဂျုဒလူမျိုးတို့နှင့်လည်းကောင်း ပဋိညာဉ်အသစ် ကိုထူထောင်ရမည့်အချိန်ကာလ ကျရောက်လိမ့်မည်။- | |
Hebr | BurCBCM | 8:9 | ဤပဋိညာဉ်သည် သူတို့၏ဘိုးဘေးများအား အီဂျစ်ပြည်မှ ငါလက်ဆွဲ၍ ထုတ်ဆောင်လာစဉ်က သူတို့နှင့်ပြုလုပ်ခဲ့သည့် ပဋိညာဉ်နှင့်တူလိမ့်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ယခင်က ငါပေးခဲ့သော ပဋိညာဉ်တရားတော်ကို ဆက်လက် လိုက်နာခြင်းမရှိကြသဖြင့် ငါသည်လည်း သူတို့အား လျစ်လျူရှုထားခဲ့၏။- | |
Hebr | BurCBCM | 8:10 | နောင်ကာလ၌ အစ္စရာအဲလ်လူမျိုးတို့နှင့် ငါပြုလုပ်မည့်ပဋိညာဉ်တရား တော်သည်ကား ဤသို့ဖြစ်၏။ ထိုနေ့ရက်တို့၌ ငါသည် ငါ၏ပညတ်တော်တို့ကို သူတို့၏စိတ်ဝိညာဉ်ထဲသို့ ထည့်သွင်းပေးမည်။ သူတို့၏နှလုံးသားများအပေါ်တွင်လည်း ယင်းတို့ကို ရေးသားထားမည်။ ငါသည် သူတို့၏ဘုရား ဖြစ်၍ သူတို့သည်လည်း ငါ၏လူမျိုးစုဖြစ်ကြလိမ့်မည်။- | |
Hebr | BurCBCM | 8:11 | ထာ၀ရဘုရားသခင်ကိုသိရှိရန် ကြိုးစားကြလော့ဟူ၍ မည်သူကမျှ မိမိအမျိုးသားချင်းကိုလည်းကောင်း၊ မိမိ ညီအစ်ကို အားလည်းကောင်း ဆုံးမသွန်သင်ကြရလိမ့်မည်မဟုတ်။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် အငယ်ဆုံးသောသူမှစ၍ အကြီးမြတ်ဆုံးသောသူတိုင်အောင် ငါ့ကိုသိကြလိမ့်မည်။- | |
Hebr | BurCBCM | 8:12 | အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏အပြစ်များကို ဖြေလွှတ်၍ သူတို့၏ပြစ်မှား ကျူးလွန်မှုများကို မှတ်တော်မူမည် မဟုတ်သောကြောင့် ဖြစ်၏ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။ | |