HEBREWS
Chapter 2
Hebr | BurCBCM | 2:1 | ထို့ကြောင့် ငါတို့သည် တရားလမ်းမှသွေဖည် မသွားစေရန် ငါတို့ကြားနာခဲ့ရသည့်အရာများကို ပို၍သတိရှိစွာ မှတ်သားထား ကြရမည်။- | |
Hebr | BurCBCM | 2:2 | အကယ်၍ ကောင်းကင်တမန်တော်တို့ကြေညာမြွက်ဆိုခဲ့သော သတင်းစကားသည် မှန်ကန်သောတရားဖြစ်ပြီး တရားတော်ကို ပြစ်မှားကျူးလွန်ခြင်းနှင့် နာခံခြင်းကင်းမဲ့သော အမှုရှိသမျှတို့သည် ထိုက်သင့်သောအပြစ်ဒဏ်ကို ခံကြရလျှင်၊- | |
Hebr | BurCBCM | 2:3 | ငါတို့သည် ဤမျှကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုထားပါက အပြစ်ဒဏ်မခံရဘဲ နေရလိမ့်မည် မဟုတ်ပေ။ ဤတရားတော်ကို သခင်ဘုရားကိုယ်တော်တိုင် ပထမဦးစွာဟောကြားတော်မူခဲ့၍ ကိုယ်တော်၏ တရားစကားကို ကြားနာခဲ့ကြသော သူတို့က ငါတို့အား ထိုတရားတော်မှန်ကန်ကြောင်းကိုသက်သေခံခဲ့ကြ၏။- | |
Hebr | BurCBCM | 2:4 | ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများ၊ အံ့ဩ ဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးလက္ခဏာအမျိုးမျိုး တို့ကိုပြသခြင်း အားဖြင့်လည်းကောင်း၊ မိမိ၏အလိုတော် အတိုင်းဝေငှပေးသနားတော်မူသော ဝိညာဉ်တော်ဘုရား၏ကျေးဇူးတော်အားဖြင့် လည်းကောင်း ထိုသူတို့၏ ဟောပြောချက်များကို သက်သေခံတော်မူ၏။ | |
Hebr | BurCBCM | 2:5 | ဘုရားသခင်သည် ငါတို့ပြောဆိုနေသော နောင်အခါတွင်ရောက်ရှိလာမည့်ကမ္ဘာကို ကောင်းကင်တမန် တော်တို့၏ လက်အောက် သို့ လွှဲအပ်မထားခဲ့ပေ။- | |
Hebr | BurCBCM | 2:6 | ကျမ်းစာတော်မြတ်တစ်နေရာ၌ သက်သေခံသည်ကား လူသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို အောက်မေ့ တော်မူရပါသနည်း။ သာမန်လူသားသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့အား အရေးပေးတော်မူရပါသနည်း။- | |
Hebr | BurCBCM | 2:7 | ကိုယ်တော်သည် သူ့အား ကောင်းကင်တမန်တော်တို့ထက် ခေတ္တမျှသာ နိမ့်ကျစေပြီးလျှင် ဘုန်းဂုဏ်တော်ဖြင့် သရဖ ူဆောင်းစေတော်မူ၏။- | |
Hebr | BurCBCM | 2:8 | ကိုယ်တော်သည် သူ့အား ခပ်သိမ်းသော အရာတို့အပေါ် အုပ်စိုးရသောအခွင့်ကိုလည်း ပေးတော် မူ၏ဟူ၍ဖြစ်သတည်း။ ကိုယ်တော်သည် သူ့အား ခပ်သိမ်းသောအရာတို့ကို အုပ်စိုးစေတော်မူရာ၌ သူ၏အုပ်စိုး ခြင်းမခံရသည့်အရာတစ်စုံတစ်ခုမျှ မရှိစေ ခဲ့ပေ။ ယခု အချိန်တွင်မူ ခပ်သိမ်းသောအရာတို့သည် သူ၏အုပ်စိုးမှု အောက်၌ ရှိသည်ကို ငါတို့မမြင်ကြရသေးပေ။- | |
Hebr | BurCBCM | 2:9 | သို့သော် ကောင်းကင်တမန်တော်တို့ထက် ခေတ္တမျှနိမ့်ချခြင်းခံရသော ယေဇူးသည် အသေခံတော်မူသောကြောင့် ဘုန်းဂုဏ်တော် နှင့်ပြည့်၀လျက်ရှိသည်ကို ငါတို့မြင်ကြ၏။ ဤသို့ဖြင့် ကိုယ်တော်၏အသေခံတော်မူခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်၏။ | |
Hebr | BurCBCM | 2:10 | အကြောင်းမူကား ခပ်သိမ်းသောအရာတို့တည်ရှိ ခြင်း၏အကြောင်းရင်းဖြစ်တော်မူသောဘုရားသခင် သည် မိမိ၏သားသမီး တို့ကို ဘုန်းတော်ဝင်စားစေရန် ခေါ်ဆောင်တော်မူရာတွင် ၎င်းတို့၏ကယ်တင်ခြင်းကို ရှေ့ဆောင်လမ်းပြတော်မူသောသူအား ဒုက္ခဆင်းရဲခံ ထမ်းစေခြင်းအားဖြင့် စုံလင်ခြင်းသို့ ရောက်စေသည်မှာ သင့်လျော်ပေ၏။- | |
Hebr | BurCBCM | 2:11 | သန့်စင်ပေးတော်မူသောသူနှင့် သန့်စင်ခြင်းခံရသောသူတို့သည် တစ်ခုတည်းသောမူလ ဇာတိမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ညီအစ်ကိုဟူ၍ခေါ်ခြင်းငှာ ရှက်ရွံ့ ခြင်းမရှိပေ။- | |
Hebr | BurCBCM | 2:12 | ကျမ်း စာတော်မြတ်၌ဆိုထားသည်ကား အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်၏ညီအစ်ကိုများအား ဟောပြော၍ ယုံကြည်သူလူတို့၏အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီးမွမ်းဧကျူးပါမည်ဟူ၍ဖြစ်၏။- | |
Hebr | BurCBCM | 2:13 | တစ်ဖန် ဆက်လက်၍ ငါသည် ဘုရားသခင်ကို ယုံကြည် ကိုးစားမည်။ ငါမှစ၍ ငါ့အား ဘုရားသခင်ပေးသနားတော်မူသော သားသမီးတို့သည် ဤနေရာ၌ရောက်ရှိကြလေ ပြီဟူ၍လည်း ရေးသားထားလျက်ရှိ၏။ | |
Hebr | BurCBCM | 2:14 | ထိုသားသမီးတို့သည် တစ်ခုတည်းသောသွေး သားသဘာ၀ကို မျှဝေခံယူသူများဖြစ်ကြသောကြောင့် ကိုယ်တော်သည်လည်း ထိုသွေးသားဇာတိကိုပင် ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တော်သည် အသေခံတော်မူခြင်းဖြင့် သေခြင်း၏အာဏာကို ပိုင်စိုးသောနတ်ဆိုးကို သုတ်သင်ပြီးနောက်၊- | |
Hebr | BurCBCM | 2:15 | သေခြင်းတရားကို ကြောက်ရွံ့ ၍ တစ်သက်ပတ်လုံးကျွန်ခံနေရသောသူတို့အား လွတ်မြောက်စေတော်မူလိမ့်မည်။- | |
Hebr | BurCBCM | 2:16 | အမှန်စင်စစ် ကိုယ်တော် သည် ကောင်းကင်တမန်တော်တို့အား ကူညီမစရန် မဟုတ်ဘဲ အာဘရာဟံ၏ သားစဉ်မြေးဆက် တို့အား ကူညီမစရန် ကြွလာတော်မူခြင်းဖြစ်၏။- | |
Hebr | BurCBCM | 2:17 | ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အပြစ်ဖြေ လွှတ်ခြင်းပေးရန် ဘုရားသခင်၏အမှုတော်၌ ကရုဏာ၊ သစ္စာနှင့်ပြည့်စုံတော်မူသော ရဟန်းချုပ်ဖြစ်အံ့သောငှာ အရာရာ၌ မိမိ၏ညီအစ်ကိုများနှင့် တူညီရခြင်းဖြစ်၏။- | |