HEBREWS
Chapter 3
Hebr | BurCBCM | 3:1 | သို့ဖြစ်၍ ကောင်းကင်မှခေါ်တော်မူခြင်းကျေးဇူးကိုခံစားကြရသည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ယေဇူး၏အကြောင်းကို အောက်မေ့ဆင်ခြင်ကြလော့။ ထိုအရှင်သည် ငါတို့ဖွင့်ဟဝန်ခံလျက်ရှိကြသော တမန်တော်နှင့် ရဟန်းချုပ်ပင်ဖြစ်တော်မူ၏။- | |
Hebr | BurCBCM | 3:2 | မိုးဇက်သည် ဘုရားသခင်၏အိမ်တော်၌ သစ္စာရှိသကဲ့သို့ ကိုယ်တော်သည်လည်း မိမိအား ရွေးကောက်တော်မူသောအရှင် အပေါ် ၌ သစ္စာရှိတော်မူ၏။- | |
Hebr | BurCBCM | 3:3 | သို့ရာတွင် အိမ်ကိုဆောက်လုပ်သောသူသည် အိမ်ထက်ပို၍ဂုဏ်ပြုခြင်းကို ခံထိုက်သကဲ့သို့ ယေဇူးသည်လည်း မိုးဇက်ထက် ပို၍ပင် ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံထိုက်တော်မူ၏။- | |
Hebr | BurCBCM | 3:4 | အိမ်တိုင်း၌ ၎င်းကို ဆောက်လုပ်သောသူရှိသည် မှန်သော်လည်း အရာခပ် သိမ်းတို့ကို တည်ဆောက်သောသူမှာမူ ဘုရားသခင်ဖြစ် တော်မူ၏။- | |
Hebr | BurCBCM | 3:5 | မိုးဇက်သည် နောင်ကာလတွင် ဖော်ပြလတ္တံ့သော ဗျာဒိတ်တော်ဟူသမျှကို သက်သေခံခြင်းငှာ ဘုရားသခင်၏အိမ်တော်၌ အစေခံအဖြစ် သစ္စာရှိခဲ့လေ၏။- | |
Hebr | BurCBCM | 3:6 | ခရစ်တော်မူကား ဘုရားသခင်၏အိမ်တော်ကို စိုးပိုင် သောသားတော်အနေဖြင့် သစ္စာရှိတော်မူခြင်းဖြစ်၏။ ငါတို့သည် ငါတို့၏ ယုံကြည်စိတ်ချခြင်းနှင့် ငါတို့ဂုဏ်ယူသည့်မျှော်လင့်ခြင်းတို့ကို အဆုံးတိုင်အောင် တည်ကြည် စွာစွဲကိုင်ထားလျှင် ငါတို့သည်လည်း ကိုယ်တော်၏အိမ် တော်ပင်ဖြစ်သတည်း။ | |
Hebr | BurCBCM | 3:7 | ထို့ကြောင့် ဝိညာဉ်တော်မြတ်က မိန့်တော်မူသည်ကား ယနေ့တွင် သင်တို့သည် ကိုယ်တော်၏အသံကို ကြားကြလျှင်၊- | |
Hebr | BurCBCM | 3:8 | တောကန္တာရအတွင်း စုံစမ်းသောနေ့၌ ငါ့ကိုပုန်ကန်ကြသောသူများကဲ့သို့ စိတ်နှလုံးခိုင်မာခြင်း မရှိကြလေနှင့်။- | |
Hebr | BurCBCM | 3:9 | သင်တို့၏ဘိုးဘေးများသည် တော ကန္တာရ၌ ငါ၏ဆောင်ရွက်ချက်တို့ကို အနှစ်လေးဆယ် ပတ်လုံး တွေ့ မြင်ခဲ့ကြသော်လည်း ငါ့ကို စုံစမ်းခဲ့ကြ၏။- | |
Hebr | BurCBCM | 3:10 | ထို့ကြောင့် ငါသည် ထိုလူမျိုးဆက်အပေါ် အမျက်ထွက် သဖြင့် မိန့်ဆိုခဲ့သည်မှာ သူတို့၏စိတ်နှလုံးသည် အစဉ် လမ်းလွဲကြ၍ သူတို့သည် ငါ၏လမ်းတော်တို့ကို မသိကြချေ။- | |
Hebr | BurCBCM | 3:11 | ထို့ကြောင့် သူတို့သည် ငါ၏သုခချမ်းသာသို့ မည်သည့်အခါမျှဝင်ကြရလိမ့်မည်မဟုတ်ဟု အမျက်တော်ဖြင့် ငါကျိန်ဆိုတော် မူခဲ့၏။ | |
Hebr | BurCBCM | 3:12 | ညီအစ်ကိုတို့၊ အသက်ရှင်တော်မူသောဘုရား သခင်၏အထံတော်မှ စွန့်ခွာသွားသည့်တိုင်အောင် ဆိုးမိုက်၍ ယုံကြည်ခြင်းကင်းမဲ့ သောစိတ်နှလုံးမျိုး သင်တို့ထဲ၌ မည်သူတစ်ဦးတစ်ယောက်တွင်မျှ မရှိစေခြင်းငှာ သတိပြုကြလော့။- | |
Hebr | BurCBCM | 3:13 | သင်တို့သည် အပြစ်ဒုစရိုက်၏လှည့်စားမှုကြောင့် စိတ်နှလုံးမခိုင်မာကြစေရန် ယနေ့ဟူသောအချိန် တည်ရှိသရွေ့ နေ့စဉ် နေ့တိုင်းအချင်းချင်း တစ်ဦးကိုတစ်ဦး တိုက်တွန်းနှိုးဆော်ကြလော့။- | |
Hebr | BurCBCM | 3:14 | အကြောင်းမူကား ငါတို့သည် အစပျိုးခဲ့သော ယုံကြည်ခြင်းစိတ်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားမှသာလျှင် ခရစ်တော်၌ အတူတကွမျှဝေခံစားနိုင်ကြပေလိမ့်မည်။- | |
Hebr | BurCBCM | 3:15 | ကျမ်းစာတော်မြတ် ၌လည်း ယနေ့တွင် သင်တို့သည် ဘုရားသခင်၏အသံ တော်ကိုကြားရလျှင် ကိုယ်တော်အား သင်တို့၏ဘိုး ဘေးများပုန်ကန်ခဲ့စဉ်ကကဲ့သို့ စိတ်နှလုံးခိုင်မာခြင်းမရှိ ကြလေနှင့်ဟူ၍ ဆိုထား၏။- | |
Hebr | BurCBCM | 3:16 | ဘုရားသခင်၏အသံတော် ကိုကြားရပြီးနောက် ပုန်ကန်သောသူများကား မည်သူတို့နည်း။ ထိုသူတို့သည်ကား မိုးဇက်၏ ဦးဆောင်မှုဖြင့် အီဂျစ်ပြည်မှ ထွက်ခွာလာကြသောသူအပေါင်းတို့ပင် မဟုတ်လော။- | |
Hebr | BurCBCM | 3:17 | ထို့အတူ ကိုယ်တော်သည် နှစ်ပေါင်း လေးဆယ်ပတ်လုံး မည်သူတို့အပေါ် အမျက်ထွက်ခဲ့ရသနည်း။ အပြစ်ကျူးလွန်သဖြင့် တောကန္တာရ၌ လဲကျ သေဆုံးသွားကြသောသူများပင်မဟုတ်လော။- | |
Hebr | BurCBCM | 3:18 | ထို့နောက် ကိုယ်တော်က သင်တို့သည် ငါ၏သုခချမ်းသာသို့ မဝင်ရဟူ၍ မည်သူတို့ကို ကျိန်ဆိုခဲ့သနည်း။ နာခံခြင်းမရှိ သောသူများပင်ဖြစ်ကြသည်မဟုတ်လော။- | |