HEBREWS
Chapter 1
Hebr | BurCBCM | 1:1 | လွန်လေပြီးသောကာလ၌ ဘုရားသခင်သည် ငါတို့၏ဘိုးဘေးတို့အား ပရောဖက်များမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့်ကြိမ်ဖန် များစွာဗျာဒိတ်ပေးတော်မူခဲ့၏။- | |
Hebr | BurCBCM | 1:2 | သို့ရာတွင် ဤနောက်ဆုံးသောခေတ်ကာလ၌ ဘုရားသခင်သည် ငါတို့ကို သားတော်အားဖြင့် ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်သည် ထိုသားတော်ကို အရာခပ်သိမ်းတို့၏အမွေခံအဖြစ် ခန့်ထား၍ သားတော်အားဖြင့် စကြ၀ဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။- | |
Hebr | BurCBCM | 1:3 | ထိုသားတော်သည် တန်ခိုးနှင့်ပြည့်သောမိမိ၏အမိန့်တော်ဖြင့် စကြ၀ဠာကို တည်တံ့စေလျက် ဘုရားသခင်၏ ဘုန်းဂုဏ် တော်ကို ထင်ဟပ်ပြီးလျှင် ဘုရားဇာတိပကတိအတိုင်း ပင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အပြစ်များအတွက် သန့်စင်ခြင်းအမှုကို ဆောင်ရွက်ပြီးနောက် ကောင်းကင်ဘုံ၌ရှိတော်မူသောအနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ လက်ယာတော်ဘက်၌ စံပယ်တော ်မူ၏။- | |
Hebr | BurCBCM | 1:4 | သားတော်သည် ကောင်းကင်တမန်တော်တို့၏ဘွဲ့နာမတို့ထက် ထူးမြတ်သောဘွဲ့နာမတော်ကိုခံရသဖြင့် ကောင်းကင် တမန်တော်တို့ထက် ကြီးမြတ်သောသူဖြစ်တော်မူ၏။ | |
Hebr | BurCBCM | 1:5 | အကြောင်းမူကား ဘုရားသခင်သည် မည်သည့် ကောင်းကင်တမန်တော်အား သင်သည် ငါ့သားဖြစ်၏၊ ယနေ့ပင် ငါသည် သင်၏အဖဖြစ်လာလေပြီဟူ၍လည်းကောင်း၊ သို့တည်းမဟုတ် ငါသည် သူ၏အဖဖြစ်လိမ့်မည်၊ သူသည်လည်း ငါ၏သားဖြစ်ရ လိမ့်မည်ဟူ၍လည်း ကောင်း မိန့်တော်မူခဲ့ဖူးသနည်း။ | |
Hebr | BurCBCM | 1:6 | တစ်ဖန်ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကအတွင်းသို့ ဆောင်ယူလာတော်မူသောအခါ ဘုရားသခင်၏ ကောင်းကင် တမန်တော်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးကိုးကွယ်ကြရမည်ဟု မိန့်တော်မူ၏။ | |
Hebr | BurCBCM | 1:7 | ကောင်းကင်တမန်တော်များနှင့်ပတ်သက်၍ ကိုယ်တော်က ဘုရားသခင်သည် ကောင်းကင်တမန်တော်များကို လေကဲ့သို့ ဖြစ်စေ ပြီးလျှင် မိမိ၏အမှုတော်ဆောင်များ ကို မီးလျှံများကဲ့သို့ဖြစ်စေတော်မူ၏ဟူ၍ မိန့်ဆိုထား၏။ | |
Hebr | BurCBCM | 1:8 | သားတော်ကိုမူကား ကိုယ်တော်က အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ထာ၀စဉ်တည်မြဲပါ၏။ တရားမျှတစွာစီရင် အုပ်ချုပ်သောနိုင်ငံမှာလည်း ကိုယ်တော်၏နိုင်ငံတော်ပင်ဖြစ်ပါ၏။- | |
Hebr | BurCBCM | 1:9 | ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှု ကိုမုန်းတီးတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရား ဖြစ်တော်မူသော ထာ၀ရဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက် ကိုယ်တော့်ကိုပို၍ချီးမြှောက် ပြီး ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက်ပေးတော်မူ၏ဟူ၍ မိန့် ဆိုထားလေ၏။ | |
Hebr | BurCBCM | 1:10 | ထို့နောက်တစ်ဖန် မိန့်ဆိုသည်ကား အိုသခင်၊ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အစဦးကပင် ဖန်ဆင်း ခဲ့ပြီး ကောင်းကင်သည် လည်း ကိုယ်တော်၏လက်ရာ တော်ဖြစ်တော်မူ၏။- | |
Hebr | BurCBCM | 1:11 | ထိုအရာအားလုံးတို့သည် ပျက်စီး ယိုယွင်းသွားကြမည်ဖြစ်သော်လည်း ကိုယ်တော်မူကား ဆက်လက်တည်ရှိတော်မူ၏။ ထိုအရာအားလုံးတို့သည် အဝတ်ကဲ့သို့ပင် ဟောင်းနွမ်းသွားကြလိမ့်မည်။- | |
Hebr | BurCBCM | 1:12 | ကိုယ်တော်သည် ထိုအရာတို့ကို ဝတ်ရုံတစ်ခုကဲ့သို့ ခေါက်သိမ်းတော်မူ၍ ယင်းတို့သည် ဝတ်ရုံကဲ့သို့ပင် ပြောင်းလဲ သွားကြ လိမ့်မည်။ သို့သော် ကိုယ်တော်မူကား ပြောင်းလဲခြင်းမရှိပေ။ ကိုယ်တော်၏အသက်တော်သည်လည်း မည်သည့်အခါမျှ ကုန်ဆုံးခြင်းရှိလိမ့်မည်မဟုတ်ဟူ၍ ဖြစ်သတည်း။ | |
Hebr | BurCBCM | 1:13 | ထို့ပြင် ဘုရားသခင်က သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာခုံအဖြစ် ငါမပြုလုပ်မီတိုင်အောင် ငါ၏လက် ယာဘက်တွင်ထိုင် နေလော့ဟူ၍ မည်သည့်ကောင်းကင် တမန်တော်ကို မိန့်တော်မူခဲ့ဖူးသနည်း။- | |