HEBREWS
Chapter 5
Hebr | BurCBCM | 5:1 | လူစုထဲမှ ရွေးကောက်ခြင်းခံရသော ရဟန်းချုပ် မှန်သမျှသည် လူတို့၏ကိုယ်စား ဘုရားသခင် အား ဆည်းကပ်ရန်လည်းကောင်း၊ ပူဇော်သကာများနှင့် အပြစ်ဖြေရာယဇ်များကို ဆက်သရန်လည်းကောင်း ခန့် အပ်ထားခြင်းခံရ၏။- | |
Hebr | BurCBCM | 5:2 | သူသည် မိမိကိုယ်တိုင်၌ပင် အားနည်းချက်အမျိုးမျိုးရှိသဖြင့် အသိပညာကင်းမဲ့သည့် ဆိုးသွမ်းသူတို့အား ကြင်နာစွာ ဆက်ဆံ နိုင်စွမ်းရှိလေ၏။- | |
Hebr | BurCBCM | 5:3 | ဤအကြောင်းကြောင့် သူသည် အပြစ်ဖြေရာယဇ်ကို မိမိ၏အပြစ်များအတွက်သာမက လူတို့၏အပြစ်များ အတွက်ပါ ပူဇော်ရ၏။- | |
Hebr | BurCBCM | 5:4 | မည်သူမျှ မိမိကိုယ်ကို ရဟန်းချုပ် အရာသို့ မချီးမြှင့်နိုင်ပေ။ အာရွန်ကဲ့သို့ပင် သူသည်လည်း ဘုရားသခင်၏ ရွေးချယ်ခန့်ထား ခြင်းကိုခံရ၏။ | |
Hebr | BurCBCM | 5:5 | ထိုနည်းတူ ခရစ်တော်သည် မိမိကိုယ်ကို ရဟန်းချုပ် အရာသို့ ဂုဏ်ပြုချီးမြှင့်သည်မဟုတ်။ ကျမ်းစာတော်မြတ်၌ သင်သည် ငါ့သားဖြစ်၏၊ ငါသည် ယနေ့ပင် သင့်ကိုဖွားမြင်စေတော်မူပြီဟုမိန့်မြွက်သောအရှင်သည် ခရစ်တော်ကို ရဟန်းချုပ်အရာသို့ ခန့်အပ် ထားတော်မူခြင်းဖြစ်၏။- | |
Hebr | BurCBCM | 5:6 | အခြားကျမ်းချက်တွင်လည်း ထိုအရှင်က သင်သည် မေလ်ခိဇေဒက်၏အရိုက်အရာကို ဆက်ခံသော ထာ၀ရ ရဟန်းဖြစ်သည်ဟု မိန့်တော်မူ၏။ | |
Hebr | BurCBCM | 5:7 | ယေဇူးသည် လူ့ဇာတိအဖြစ်၌ ရှိနေစဉ် မိမိအား သေခြင်းမှ ကယ်တင်နိုင်တော်မူသော ဘုရားသခင်ထံ သို့ကျယ်လောင်စွာ ဟစ်ကြွေးကာ မျက်ရည်ကျလျက် တောင်းလျှောက်အသနားခံတော်မူ၏။ ကိုယ်တော် သည် ဘုရားသခင်ကိုကြောက်ရွံ့နာခံသဖြင့် ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းသံကို နားညောင်း တော်မူ၏။- | |
Hebr | BurCBCM | 5:8 | ကိုယ်တော်သည် ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဒုက္ခဝေဒနာများကိုခံထမ်းခြင်းအားဖြင့် နာခံတတ်ရန် သင်ယူတော်မူခဲ့၏။- | |
Hebr | BurCBCM | 5:9 | ဤသို့ဖြင့် ကိုယ် တော်သည် စုံလင်ခြင်းသို့ရောက်သောအခါ မိမိကိုနာခံ သောသူအပေါင်းတို့အား ထာ၀ရကယ်တင်ခြင်းကို ပေး သောအရှင်ဖြစ်လာတော်မူ၏။- | |
Hebr | BurCBCM | 5:10 | ဘုရားသခင်သည် လည်း ကိုယ်တော့်အား မေလ်ခိဇေဒက်၏အရိုက်အရာကို ဆက်ခံသော ရဟန်းချုပ်အဖြစ် ခန့်အပ်ထား တော်မူ ၏။ | |
Hebr | BurCBCM | 5:11 | ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၌ပြော ဆိုစရာများစွာရှိ၏။ ယင်းတို့ကို ရှင်းပြရန်မလွယ်ပေ။ အ ကြောင်းမူကား သင်တို့သည် နားလည်ရန် နှေးကွေးသော ကြောင့်ဖြစ်၏။- | |
Hebr | BurCBCM | 5:12 | သင်တို့သည် ယခုအချိန်တွင် ဆရာအဖြစ်သို့ပင် ရောက်သင့်ပြီဖြစ်သော်လည်း ဘုရားသခင် ၏ဗျာဒိတ်တော်မှ အခြေခတ ရားတော်တို့ကို တစ်ဖန်သင် ယူကြရန် လိုအပ်နေသေး၏။ သင်တို့လိုအပ်နေသည်မှာ မာသောအစာမဟုတ်ဘဲ နို့ရည်သာဖြစ်၏။- | |
Hebr | BurCBCM | 5:13 | နို့ရည်ကို သောက်သုံးနေရသောသူမည်သည်ကား သူငယ်များ သာဖြစ်သဖြင့် ဖြောင့်မတ်ခြင်းတရားတော်အကြောင်းကို သိရှိနားလည်ခြင်းမရှိကြသေးချေ။- | |