Site uses cookies to provide basic functionality.

OK
HEBREWS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 11
Hebr BurCBCM 11:1  ယုံကြည်ခြင်းဆိုသည်မှာ မိမိတို့မျှော်လင့်ထားသည့်အရာနှင့်ပတ်သက်၍ အာမခံချက် ရရှိခြင်း နှင့် မမြင်နိုင်သော အရာတို့ အမှန်ပင် တည်ရှိကြောင်း အခိုင်အမာသိရှိခြင်းပင်ဖြစ်၏။-
Hebr BurCBCM 11:2  အကြောင်းမူကား ငါတို့၏ ဘိုးဘေးတို့သည် သူတို့၏ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သဘောကျထောက်ခံမူကို ရရှိခဲ့ကြ၏။-
Hebr BurCBCM 11:3  မမြင်နိုင်သည့်အရာထဲမှ မြင်နိုင်သည့်အရာဖြစ်ပေါ်လာစေရန် ဘုရားသခင်သည် အမိန့်တော်အားဖြင့် ဤလောကအား ဖန်ဆင်းတော်မူခဲ့ကြောင်းကို ငါတို့သည် ယုံကြည်ခြင်း အားဖြင့် သိနားလည်ကြ၏။
Hebr BurCBCM 11:4  ယုံကြည်ခြင်းအားဖြင့် အာဘေးလ်သည် ကိန္န ဆက်သသောပူဇော်ခြင်းထက် ပို၍လက်ခံဖွယ်ရာဖြစ် သောပူဇော်ခြင်းကို ဘုရားသခင်အား ဆက်ကပ်ခဲ့၏။ ထို ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် သူ့အား ဖြောင့်မတ်သူအဖြစ် အသိအမှတ် ပြုကြောင်းကို သူ၏ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူခြင်းဖြင့် သက်သေခံတော်မူခဲ့၏။ အာဘေးလ်မူကား သေလွန်ခဲ့ပြီးဖြစ် သော်လည်း သူ၏ယုံကြည်ခြင်းအားဖြင့် ယနေ့တိုင်ဟောပြောသက် သေခံလျက်ရှိနေသေး၏။-
Hebr BurCBCM 11:5  ဧနော့သည် ယုံကြည်ခြင်း ရှိသောကြောင့် သေခြင်းကိုမခံရဘဲ ကောင်းကင်သို့ယူ ဆောင်ခြင်းခံရ၏။ ဘုရားသခင်သည် သူ့ကိုယူဆောင် တော်မူသဖြင့် မည်သူမျှ သူ့ကိုရှာ၍ မတွေ့နိုင်ကြချေ။ သူသည် ယူဆောင်တော်မူခြင်းကိုမခံရမီ ဘုရားသခင် အား ကျေနပ်နှစ်သက်စေခဲ့သူဖြစ်ကြောင်း အသိအမှတ် ပြု ခြင်းခံခဲ့ရ၏။-
Hebr BurCBCM 11:6  ယုံကြည်ခြင်းမရှိလျှင် ကိုယ်တော်အား ကျေနပ်နှစ်သက်စေရန် မပြုလုပ်နိုင်ပေ။ အကြောင်းမူ ကား ဘုရားသခင်၏အထံတော်သို့ ချဉ်းကပ်သောသူဟူ သမျှသည် ကိုယ်တော်တည်ရှိတော်မူကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည် မိမိအား ရှာသောသူတို့အား အကျိုးကျေးဇူးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ကြရမည်။-
Hebr BurCBCM 11:7  နောဧသည် နောင်ကာလ၌ ဖြစ်လတ္တံ့သော မမြင်ရသေးသည့်အခြင်းအရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပေးချက်ကိုခံ ရပြီး ယုံကြည်ခြင်း အားဖြင့် ၎င်းကို အလေးထားကာ မိမိ၏မိသားစုကယ် တင်ခြင်းခံရရန် သင်္ဘောတစ်စင်းကို တည်ဆောက်လေ ၏။ သူ၏ယုံကြည်ခြင်းသည် ကမ္ဘာမြေအတွက် တရားစီရင်ခြင်းကဲ့သို့ဖြစ်ပြီး သူမူကား ယုံကြည်ခြင်းမှထွက်ပေါ် လာသောဖြောင့် မတ်ခြင်း ကျေးဇူးကို အမွေခံရသောသူ ဖြစ်လာလေ၏။
Hebr BurCBCM 11:8  အာဘရာဟံသည် မိမိအမွေခံရမည့်ပြည်သို့သွား ရန် ခေါ်တော်မူခြင်းခံရသောအခါ သူသည် မည်သည့် နေရာသို့ မိမိသွား နေသည်ကို မသိဘဲလျက်ပင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏စကားကိုနာခံ၍ ထွက်ခွာလာခဲ့၏။-
Hebr BurCBCM 11:9  ယုံကြည်ခြင်းအားဖြင့် သူသည် ကတိထား တော်မူရာပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ နေထိုင်ခဲ့လေ၏။ သူသည် မိမိနည်းတူ ကတိတော်ကိုခံစားရသော အီဇတ်၊ ယာကုပ်တို့နှင့်အတူ တဲထိုး၍ နေထိုင်ခဲ့လေ၏။-
Hebr BurCBCM 11:10  အကြောင်းမှာ သူသည် ဘုရားသခင် စီမံတည်ဆောက်ထားသည့် အုတ်မြစ်ချထားသောမြို့တော်ကိုမျှော်လင့် စောင့်စားလျက် နေခြင်းကြောင့်ဖြစ်၏။-
Hebr BurCBCM 11:11  ဆာရာကိုယ် တိုင်ပင် အရွယ်လွန်ပြီဖြစ်သော်လည်း ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကို ရရှိခဲ့၏။ အကြောင်းမူကား သူမအား ကတိထားတော်မူသောဘုရားသခင်မှာ သစ္စာတည်တော်မူသည်ကို သူမယုံကြည်သောကြောင့် ဖြစ်၏။-
Hebr BurCBCM 11:12  သို့ဖြစ်၍ သေသူကဲ့သို့ပင်ဖြစ်သော အာဘရာ ဟံထံမှဆင်းသက်လာသော သားစဉ်မြေးဆက်သည် ကား မြောက်မြားလှစွာသော ကောင်းကင်ရှိကြယ်များ ကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ မရေမတွက်နိုင် သောသဲပွင့်များကဲ့သို့လည်းကောင်း များပြားလှ ပေသည် တကား။
Hebr BurCBCM 11:13  ဤသူအပေါင်းတို့သည် ကတိထားတော်မူသော အရာကို မခံစားရမီ ဘုရားသခင်ကိုယုံကြည်လျက် သေဆုံးခဲ့ကြ၏။ သို့သော် သူတို့သည် ထိုအရာကို ကြိုတင်သိ မြင်၍ ရှေးအခါကပင် ဝမ်းသာစွာကြိုဆိုခဲ့ကြလေပြီ။ ထို့ပြင် သူတို့သည် ကမ္ဘာမြေပေါ်တွင် ဧည့်သည်သူစိမ်းများ ဖြစ်ကြသည်ကိုလည်း သိမှတ်ဝန်ခံခဲ့ကြ၏။-
Hebr BurCBCM 11:14  အကြောင်းမူကား ထိုကဲ့သို့သိမှတ်ဝန်ခံသောသူတို့က မိမိတို့သည် ကိုယ်ပိုင်တိုင်းပြည်တစ်ခုကိုရှာလျက်ရှိကြောင်း သိသာ ထင်ရှားစေကြ၏။-
Hebr BurCBCM 11:15  ထိုသူတို့သည် မိမိတို့ထွက်ခွာလာခဲ့ သောပြည်ကို တမ်းတကြသည်မှန်လျှင် ထိုပြည်သို့ပြန် ရန်သူတို့၌ အခွင့်အလမ်းရှိကြ၏။-
Hebr BurCBCM 11:16  သို့သော် အမှန်တကယ်တွင်မူ သူတို့သည် ပို၍ကောင်းသောပြည်ကို တမ်း တကြခြင်းဖြစ်၏။ ထိုပြည်ကား ကောင်းကင်ရွှေပြည် တော်ပင်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟုအခေါ်ခံရခြင်းကို ရှက်တော်မမူပေ။ အကြောင်းမူကား ကိုယ်တော် သည် သူတို့နေထိုင်ရန် မြို့တော်ကို တည်ဆောက်တော်မူခဲ့လေပြီ။
Hebr BurCBCM 11:17  အာဘရာဟံသည် ဘုရားသခင်၏စမ်းသပ်ခြင်း ကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် အီဇတ်ကိုပူဇော် လေ၏။ ကတိတော်များကို ရရှိထားသောသူသည် မိမိ၏ တစ်ဦးတည်းသောသားကို ပူဇော်ရန် အသင့်ရှိခဲ့၏။-
Hebr BurCBCM 11:18  အီဇတ်မှတစ်ဆင့် သင်၏အမျိုးအနွယ်ဆင်းသက်လိမ့် မည်ဟူသောဗျာဒိတ်တော်ကို သူရရှိခဲ့ခြင်းပင်ဖြစ်၏။-
Hebr BurCBCM 11:19  ဘုရားသခင်သည် သေသောသူတို့ကိုပင် ပြန်လည်၍ အသက် ရှင်စေနိုင်ကြောင်းကို သူယုံကြည်ခဲ့၏။ သို့ဖြစ်၍ သူသည် မိမိ၏သားကို ပြန်လည်ရရှိခဲ့၏။ ဤသည်ကား သေခြင်းမှ ပြန်ရှင်ခြင်း၏အမှတ်လက္ခဏာပင်တည်း။-
Hebr BurCBCM 11:20  အီဇတ်သည်လည်း ယုံကြည်ခြင်းအားဖြင့် ယာကုပ်နှင့် ဧဆာဦးတို့ကို နောင်ကာလနှင့်ဆိုင်သောကောင်းချီးများ ပေးခဲ့၏။-
Hebr BurCBCM 11:21  ယာကုပ်သည်လည်း သေလုနီးပါးအချိန်တွင် ယုံကြည်ခြင်းအားဖြင့် ဂျိုးဇက်၏သားနှစ်ယောက်တို့ကို ကောင်းချီးပေး၍ မိမိ၏တောင်ဝှေးပေါ် မှီလျက် ဘုရားသခင်အား ဦးချရှိခိုးလေ၏။-
Hebr BurCBCM 11:22  ဂျိုးဇက်သည် မိမိဘ၀၏ နောက်ဆုံးအချိန်သို့ရောက်သောအခါ အစ္စရာအဲလ် လူမျိုးတို့ အီဂျစ်ပြည်မှလွတ်မြောက်မည့် အကြောင်းကို ယုံကြည်ခြင်းအားဖြင့် ရညွှန်းပြောကြားကာ မိမိ၏ အရိုးများနှင့်ပတ်သက်၍ မည်သို့ပြုလုပ်ရမည်ကို မှာကြား ခဲ့လေ၏။
Hebr BurCBCM 11:23  မိုးဇက်ကိုဖွားမြင်ပြီးနောက် သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့် သူ့အား သုံးလတိုင်တိုင် ဝှက်ထားခဲ့ကြ၏။ အကြောင်းမူကား မိုးဇက်သည် အဆင်းလှသော သူငယ်ဖြစ်သည်ကို သူတို့မြင်လျှင် ဘုရင်၏အမိန့်တော် ကိုလွန်ဆန်ရန် ကြောက်ရွံ့ ခြင်းမရှိကြတော့ပေ။-
Hebr BurCBCM 11:24  မိုးဇက်သည် အရွယ်ရောက်လာသောအခါ မိမိအား ဖာရော ဘုရင့်သမီးတော်၏သားတော်ဟူ၍ ခေါ်ဝေါ်ခံရခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်ခဲ့၏။-
Hebr BurCBCM 11:25  သူသည် အပြစ် တရား၏မတည်မြဲသောစည်းစိမ်ကို ခံစားခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခကို ဝေမျှ ခံထမ်းရန် ရွေးချယ်ခဲ့လေ၏။-
Hebr BurCBCM 11:26  ခရစ်တော်အတွက် ကဲ့ရဲ့ရှုတ်ချခံရခြင်းမှာ အီဂျစ်ပြည်၏ဥစ္စာစည်းစိမ်တို့ထက် ပို၍တန်ဖိုးကြီးမားသည်ဟု သူထင်မြင်ယူဆ ခဲ့လေ၏။ အကြောင်းမူကား သူသည် ရရှိမည့်ဆုလာဘ်တော်ကို မျှော်ကိုးလျက်နေသောကြောင့်ဖြစ်၏။-
Hebr BurCBCM 11:27  သူသည် ဘုရင်၏အမျက်တော်သင့်မည်ကို ကြောက်ရွံ့ ခြင်းမရှိဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်မှထွက်ခွာခဲ့၏။ အဘယ် ကြောင့်ဆိုသော် သူသည် မမြင်နိုင်သောဘုရားသခင် အားမြင်တွေ့လျက်ရှိသကဲ့သို့ မိမိဦးတည်ချက်အတိုင်း စွဲမြဲစွာလုပ်ဆောင် ခဲ့လေ၏။-
Hebr BurCBCM 11:28  မိမိတို့၏သားဦးများအား သေခြင်း၏တမန်တော်က မသတ်စေခြင်းငှာ မိုးဇက် သည် ယုံကြည်ခြင်းအားဖြင့် ပါစကားပွဲတော်ကို စီမံကျင်း ပ၍ တံခါးတိုင်များကိုသွေးဖြင့် ပက်ဖျန်းစေခဲ့၏။
Hebr BurCBCM 11:29  ယုံကြည်ခြင်းအားဖြင့် အစ္စရာအဲလ်အမျိုးသားတို့သည် ပင်လယ်နီကို ခြောက်သွေ့သောကုန်းမြေသဖွယ် ဖြတ်ကျော်ခဲ့ကြ၏။ အီဂျစ်အမျိုးသားများကလည်း ထိုနည်းအတိုင်းပြုလုပ်ရန်ကြိုးစားကြသောအခါတွင်မူ သူ တို့သည် ရေနစ်သေဆုံးကြကုန်၏။-
Hebr BurCBCM 11:30  ယုံကြည်ခြင်းအားဖြင့် သူတို့သည် ဂျေရီခိုမြို့ပတ်လည်ကို ခုနစ်ရက်တိုင်တိုင် လှည့်ပတ်ချီတက်ကြပြီးနောက် မြို့ရိုးများကိုပြို ကျစေကြ၏။-
Hebr BurCBCM 11:31  ပြည့်တန်ဆာမ ရာဟပ်သည်လည်း အစ္စရာအဲလ် လူမျိုးသူလျှိုတို့အား ယုံကြည်ခြင်းဖြင့် ကြိုဆိုလက်ခံခဲ့သောကြောင့် မယုံကြည်သောသူတို့နှင့်အတူ အသတ်ခံ ရခြင်းမှ ကင်းလွတ်ခဲ့လေ၏။
Hebr BurCBCM 11:32  ငါသည် မည်သည့်အရာကို ဆက်လက်ဖော်ပြရန် လိုပါသေးသနည်း။ ဂိဒေအွန်၊ ဘာရ၊ ဆမ်စွန်၊ ဂျက်ဖသာ၊ ဒါဝိဒ်၊ ဆာမူအဲလ်နှင့် တကွ ပရောဖက်အပေါင်းတို့၏ အကြောင်းများကိုဖော်ပြရန်ကား အချိန်လုံလောက်မည် မဟုတ်။-
Hebr BurCBCM 11:33  ထိုသူတို့သည် ယုံကြည်ခြင်း အားဖြင့် အခြားသောတိုင်းနိုင်ငံများကို နှိမ်နင်းအောင်မြင်ကြခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ကတိထားတော်မူသောအရာများကို ခံစားရရှိခြင်း၊-
Hebr BurCBCM 11:34  ခြင်္သေ့တို့၏နှုတ်များကိုပိတ်ခြင်း၊ အလျှံ ညီးညီးတောက်လောက်သောမီးကို ငြိမ်းအေးစေခြင်း၊ ဓားဘေးမှကင်းလွတ်ခြင်း၊ အားနည်းရာမှ ခွန်အားပြည့်လာခြင်း၊ စစ်ပွဲ၌စွမ်းအားသတ္တိနှင့်ပြည့်စုံ၍ တိုင်းတစ်ပါး သားတို့၏တပ်များကို ဆုတ်ခွာထွက်ပြေး စေခြင်းစသည့် အမှုတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြ၏။-
Hebr BurCBCM 11:35  အချို့သောအမျိုး သမီးတို့သည်လည်း သေဆုံးသွားသောသူတို့ကို ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြန်လည်ရရှိကြ၏။ အချို့သော သူတို့သည် သာ၍မွန်မြတ်သောဘ၀အသက်တာသို့ တစ်ဖန်ရှင်ပြန်ထမြောက်ခြင်းငှာ လွတ်မြောက်ခြင်းကို လက်မခံဘဲ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြ၏။-
Hebr BurCBCM 11:36  အချို့သောသူ တို့သည် ကဲ့ရဲ့ရှုတ်ချခြင်းနှင့် တိုင်၌ချည်၍ ရိုက်နှက်ခြင်း တို့ကို ခံခဲ့ကြရ၏။ အချို့သောသူတို့မူကား သံကြိုးဖြင့် ခတ်၍ အကျဉ်းချထားခြင်းခံခဲ့ကြရ၏။-
Hebr BurCBCM 11:37  သူတို့သည် ကျောက်ခဲနှင့်ပေါက်သတ်ခြင်း၊ လွှဖြင့်နှစ်ပိုင်းပိုင်းဖြတ် ခြင်း၊ ဓားဖြင့် သတ်ခြင်းတို့ကို ခံခဲ့ကြရ၏။ သူတို့သည် ခိုကိုး ရာမဲ့ဖြစ်ကြ၍ နှိပ်စက်ခြင်း၊ မတရားအနိုင်အထက်ပြု ခြင်းတို့ကိုခံရကာ သိုးသားရေ၊ ဆိတ်သားရေတို့ကိုသာ ဝတ်ဆင်၍ လှည့်လည်သွားလာကြရ၏။-
Hebr BurCBCM 11:38  ဤကမ္ဘာ လောကသည် သူတို့နှင့် မထိုက်တန်သဖြင့် သူတို့သည် တောကန္တာရများနှင့် တောင်တန်းဒေသများသို့ လှည့်လည် သွားလာကြရပြီး လိုဏ်ဂူများနှင့် မြေတွင်းများတွင် နေထိုင်ကြရ၏။
Hebr BurCBCM 11:39  ဤသူအပေါင်းတို့သည် မိမိတို့၏ယုံကြည်ခြင်း ကြောင့် အသိအမှတ်ပြုခြင်းခံကြရသော်လည်း ကတိ ထားတော်မူသောအရာကို မခံစားခဲ့ရချေ။-
Hebr BurCBCM 11:40  အကြောင်း မူကား ထိုသူတို့သည် ငါတို့မပါဝင်ဘဲလျက် စုံလင်ခြင်း သို့မရောက်ရှိရန် ဘုရားသခင်သည် ငါတို့အတွက် ပို၍ ကောင်းမွန်သောအရာကို ကြိုတင်စီမံတော်မူခဲ့သော ကြောင့်ဖြစ်၏။