HEBREWS
Chapter 10
Hebr | BurCBCM | 10:1 | ပညတ်တရားတွင် နောင်ဖြစ်လာမည့် ကောင်းသောအရာတို့၏ပုံရိပ်မျှသာပါရှိပြီး ၎င်းတို့၏ စစ်မှန်သောရုပ်လွှာများ မပါဝင်သော ကြောင့် နှစ်စဉ်ပူဇော်လေ့ရှိသည့် တူညီသောယဇ်ပူဇော်ခြင်းများအားဖြင့် အထံတော်သို့ ချဉ်းကပ်ကြသောသူတို့အား စုံလင်ခြင်းကို မည်သို့မျှမပေးစွမ်းနိုင်ခဲ့ချေ။- | |
Hebr | BurCBCM | 10:2 | သူတို့သည် စုံလင်ခြင်းသို့ရောက်ခဲ့ပါလျှင် ယဇ်ပူဇော်ခြင်းများကိုပြုလုပ်ကြတော့ မည်မဟုတ်ပေ။ ဝတ်ပြုသူတို့သည် တစ်ကြိမ်တည်းနှင့် အပြီးအပိုင်စင်ကြယ်ခြင်းသို့ရောက်ကြပါလျှင် သူတို့၌ အပြစ်ရှိသည်ဟု ထင်မှတ်ကြတော့မည်မဟုတ်။- | |
Hebr | BurCBCM | 10:4 | အဘယ်ကြောင့်ဆိုသော် နွားနှင့် ဆိတ်တို့၏သွေးသည် အပြစ်ဒုစရိုက်များကို ဖယ် ရှင်းပေးရန် မဖြစ်နိုင်ချေ။ | |
Hebr | BurCBCM | 10:5 | ထို့ကြောင့် ခရစ်တော်သည် လောကသို့ကြွလာ တော်မူသောအခါ မိန့်ဆိုသည်ကား ကိုယ်တော်သည် ယဇ်ကောင်နှင့် ယဇ်ပူဇော်သကာတို့ကို အလိုတော်မရှိ သောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင် ထားတော်မူလေပြီ။- | |
Hebr | BurCBCM | 10:7 | သို့ဖြစ်၍ အကျွန်ုပ် ဆိုသည်ကား ကျမ်းစာတော်မြတ် တွင် အကျွန်ုပ်၏ အကြောင်းကို ရေးသားထားသည်နှင့်အညီ အိုဘုရား သခင်၊ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ် ရောက်ရှိလာ ပါပြီဟူ၍ဖြစ်၏။- | |
Hebr | BurCBCM | 10:8 | ခရစ်တော်က ကိုယ်တော်သည် မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိ သောယဇ်များနှင့် ပူဇော်သကာများတို့ကို အလိုတော် လည်းမရှိ၊ နှစ်သက်တော်မူခြင်းလည်းမရှိဟုဆိုရာတွင် ပညတ်တရားအတိုင်းပူဇော်ရသောအရာများကို ရည်ညွန်းလျက် မိန့်ဆိုခြင်းဖြစ်၏။- | |
Hebr | BurCBCM | 10:9 | ထို့နောက် ခရစ်တော်က အကျွန်ုပ်သည် ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက် ရန် ရောက်ရှိလာပါပြီဟု ဆိုထားလေ၏။ ဤသို့ဖြင့် ဘုရား သခင်သည် ခရစ်တော်၏ပူဇော်ခြင်းကိုတည်စေခြင်းငှာ ယခင်က ယဇ်ပူဇော်ခြင်းကို ဖျက်သိမ်းတော်မူ၏။- | |
Hebr | BurCBCM | 10:10 | ထိုအခါ ဘုရားသခင်၏အလိုတော်နှင့်အညီ ယေဇူးခရစ်တော်၏ခန္ဓာကိုယ်ကို တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပူဇော်ခြင်း အားဖြင့် ငါတို့သည် သန့်ရှင်းစင်ကြယ်လာကြ လေ၏။ | |
Hebr | BurCBCM | 10:11 | ရဟန်းတိုင်းသည် နေ့စဉ်နေ့တိုင်း ရပ်၍ မိမိ၏ဝတ်ပြု ခြင်းဝတ္တရားများကို ဆောင်ရွက်လျက် မည်သည့်အခါမျှ အပြစ်ဖြေလွှတ်နိုင်စွမ်းမရှိသောယဇ်ကို ထပ်ခါတလဲလဲပူဇော်ကြ၏။- | |
Hebr | BurCBCM | 10:12 | သို့ရာတွင် ခရစ်တော်သည် ကာလ အဆက်ဆက်အတွက် အပြစ်ဖြေလွှတ်ပေးရန် တစ်ခု တည်းသောယဇ်ကို ပူဇော်ပြီးသော အခါ ဘုရားသခင် ၏လက်ယာတော်ဘက်၌ ထိုင်ပြီးလျှင်၊- | |
Hebr | BurCBCM | 10:13 | ဘုရားသခင် သည် မိမိရန်သူတို့ကို မိမိ၏ခြေဖဝါးအောက်သို့ချထား တော်မူသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။- | |
Hebr | BurCBCM | 10:14 | အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်းသာ ပူဇော်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်လာကြသော သူတို့အား ထာ၀ရစုံလင်ခြင်းကျေးဇူးတော်ကို ရရှိစေတော်မူ၏။- | |
Hebr | BurCBCM | 10:16 | နောင်လာမည့်နေ့ရက်တို့၌ သူတို့နှင့်ငါပြုလုပ်မည့် ပဋိညာဉ်တရားတော်ဟူမူကား ငါသည် သူတို့၏နှလုံးသားထဲသို့ ငါ၏ ပညတ်တော်တို့ကို ထည့်သွင်းပေး၍ သူတို့၏အတွင်းစိတ်၌ ၎င်းတို့ကို ရေးသားထားမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။- | |
Hebr | BurCBCM | 10:17 | ထို့နောက် ကိုယ်တော်က ငါသည် သူတို့၏အပြစ်များနှင့် မကောင်းမှုဒုစရိုက်များကို သိမှတ်ထားတော့မည်မဟုတ် ဟုမိန့်တော်မူလေ၏။- | |
Hebr | BurCBCM | 10:18 | အပြစ်များဖြေလွှတ်ခြင်းခံရလျှင် အပြစ်များအတွက် အပြစ်ဖြေရာယဇ်ပူဇော်ခြင်းများကို မလိုအပ်တော့ပေ။ | |
Hebr | BurCBCM | 10:19 | ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေဇူး၏အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနသို့ ဝင်ရောက် နိုင်ကြောင်းကို အခိုင်အမာယုံကြည်ကြ၏။- | |
Hebr | BurCBCM | 10:20 | ထိုအသွေး တော်သည်ကား ကိုယ်တော်သည် မိမိ၏ခန္ဓာကိုယ် တည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် ဖွင့်လှစ် ထားသော အသက်ရှင်ခြင်းနည်းလမ်းသစ်ပေတည်း။- | |
Hebr | BurCBCM | 10:21 | ထို့ပြင် ငါတို့တွင် ဘုရားသခင်၏အိမ်တော်ကို အုပ်ချုပ်တော်မူသောရဟန်းချုပ်တစ်ပါးလည်းရှိသည် ဖြစ်၍၊- | |
Hebr | BurCBCM | 10:22 | ငါတို့၏စိတ်နှလုံးကို မကောင်းသောစိတ်သန္တာန် မှကင်းစင်စေပြီး ငါတို့၏ခန္ဓာကိုယ်များကိုလည်း သန့်ရှင်းသောရေနှင့် ဆေးကြောလျက် ယုံကြည်ခြင်းဖြင့် ပြည့်နေသည့်စိတ်ရင်းဖြင့် အထံတော်သို့ ချဉ်းကပ်ကြကုန်စို့။- | |
Hebr | BurCBCM | 10:23 | ငါတို့သည် မိမိတို့ဝန်ခံသော မျှော်လင့်ခြင်းမှ သွေဖည် ခြင်းမရှိဘဲလျက် ၎င်းကို အခိုင်အမာစွဲကိုင်ထားကြကုန်စို့။ အကြောင်း မူကား ကတိထားတော်မူသောအရှင် သည် သစ္စာရှိတော်မူသောကြောင့်တည်း။- | |
Hebr | BurCBCM | 10:24 | ထိုမှတစ်ပါး ငါတို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက်ချစ် ခင်ရန်နှင့် ကောင်းကျိုးပြုကြရန် မည်သို့တိုက်တွန်းနှိုး ဆော်ရမည်ကို ထောက်ရှုဆင်ခြင်ကြစို့။- | |
Hebr | BurCBCM | 10:25 | သင်တို့အထဲမှ အချို့သောသူတို့ပြုလုပ်လေ့ရှိသကဲ့သို့ စုဝေးဝတ်ပြုခြင်း အမှုများကို မစွန့်လွှတ်ကြနှင့်။ ထိုနေ့ရက်ရောက် လုနီးပြီ ဖြစ်၍ သင်တို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် အားပေးကြလော့။ | |
Hebr | BurCBCM | 10:26 | အကယ်၍ ငါတို့သည် သမ္မာတရားကိုခံယူရရှိပြီးမှ မိမိအလိုဆန္ဒအလျောက် အပြစ်ကျူးလွန်ပါလျှင် ပူဇော် ရန်အပြစ်ဖြေရာ ယဇ်ရှိတော့မည်မဟုတ်ဘဲ၊- | |
Hebr | BurCBCM | 10:27 | အပြစ်ဒဏ် စီရင်ခြင်းခံရမည့်အကြောင်းကိုလည်းကောင်း၊ ဘုရား သခင်ကိုဆန့်ကျင်သောသူတို့ အား လောင်ကျွမ်းစေမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့စိုးရိမ်စိတ် ဖြင့် စောင့်မျှော်နေကြရန်သာ ရှိတော့သည်။- | |
Hebr | BurCBCM | 10:28 | မိုးဇက်၏ ပညတ်တရားကို ချိုးဖောက်သူမှန်သမျှသည် အသိသက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရလျှင် သနားညှာတာမှုမရရှိဘဲ သေရ၏။- | |
Hebr | BurCBCM | 10:29 | ထိုသို့ဆိုလျှင် ဘုရားသခင်၏သားတော်ကို ရှုတ်ချပြီး မိမိအား သန့်စင်စေသောပဋိညာဉ်တရား၏ သွေးကိုညစ်ညူးစေလျက် ကျေးဇူးတော်ကိုပေးတော် မူသည့် ဝိညာဉ်တော်အား ထိခိုက်စော်ကားသောသူ သည် မည်မျှလောက်ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်ပါသနည်း။- | |
Hebr | BurCBCM | 10:30 | အကြောင်းမူကား လက်စားချေခြင်း သည် ငါပြုလုပ်ရမည့်အမှုဖြစ်၍ ငါသည် လက်စားချေမည် ဟူ၍လည်းကောင်း၊ တစ်ဖန် ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးစုအား တရားစီရင်တော်မူမည်ဟူ၍လည်းကောင်း မိန့်တော်မူသောသူသည် မည်သူ ဖြစ်သည်ကို ငါတို့သိကြ၏။- | |
Hebr | BurCBCM | 10:31 | အသက်ရှင်တော်မူသောဘုရားသခင် ၏လက်တော်သို့ကျရောက်ရခြင်းသည် ကြောက်မက် ဖွယ်ကောင်းလှပေသည်။ | |
Hebr | BurCBCM | 10:32 | သို့သော်လည်း လွန်ခဲ့သည့်အချိန်ကာလများကို သတိရကြလော့။ သင်တို့သည် အလင်းကျေးဇူးတော် ကိုခံကြရပြီးသည့်နောက် ကြမ်းတမ်းသောဒုက္ခဝေဒနာ အမျိုးမျိုးကို ခံထမ်းခဲ့ကြရ၏။- | |
Hebr | BurCBCM | 10:33 | တစ်ခါတစ်ရံ သင်တို့သည် စော်ကားခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို လူအများရှေ့ တွင် ခံကြရ၍ တစ်ခါတစ်ရံတွင်မူ ဖိစီးနှိပ်စက်ခံရသောသူ တို့၏ဒုက္ခဆင်းရဲတွင် သင်တို့မျှဝေခံစားခဲ့ကြ၏။- | |
Hebr | BurCBCM | 10:34 | သင်တို့ သည် အကျဉ်းကျနေသောသူတို့အပေါ် ကြင်နာသနား စိတ်ရှိကြသည်သာမက သင်တို့ပိုင်ဆိုင်သောပစ္စည်းများ အား အတင်းအဓမ္မသိမ်းယူခြင်းကိုလည်း ဝမ်းမြောက်သောစိတ်နှင့်လက်ခံကြ၏။ အကြောင်းမူကား သင်တို့၌ ထိုအရာများထက်ပို၍ ကောင်းမွန်ပြီး တည်မြဲသည့်အရာ ရှိကြောင်းကို သင်တို့သိကြသောကြောင့်ပင်ဖြစ်၏။- | |
Hebr | BurCBCM | 10:35 | ထို့ကြောင့် ကြီးမြတ်သောဆုလာဘ်ကိုရရှိစေနိုင်မည့် သင်တို့၏ယုံကြည်ခြင်းကို မစွန့်လွှတ်ကြနှင့်။- | |
Hebr | BurCBCM | 10:36 | သင်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာဆောင်ရွက်နိုင် ရန်နှင့် ကတိထားတော်မူသောအရာများကို ခံစားနိုင်ရန် ဇွဲလုံ့လရှိကြရမည်။- | |
Hebr | BurCBCM | 10:37 | အကြောင်းမူကား ကြွလာတော်မူ မည့်အရှင်သည် မကြာမီတွင်ပင် ရောက်ရှိလာတော်မူ လိမ့်မည်။ ကိုယ်တော်သည် နှောင့်နှေး ကြန့်ကြာတော်မူ လိမ့်မည်မဟုတ်။- | |
Hebr | BurCBCM | 10:38 | ငါ၏ဖြောင့်မတ်သောသူမူကား ယုံကြည်ခြင်းဖြင့် အသက်ရှင်လိမ့်မည်။ ထိုသူသည် တွန့်ဆုတ်ခြင်းရှိလျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည်မဟုတ်ဟု ဘုရားသခင်မိန့်တော်မူ၏။- | |