HEBREWS
Chapter 4
Hebr | BurCBCM | 4:1 | ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကတိ ထားတော်မူသော သုခချမ်းသာသို့ဝင်ရန် ဖိတ်ခေါ်ခြင်းခံ ရစဉ်သင်တို့၌ အချို့ တို့သည် မဝင်ရခြင်းမရှိ စေရန် စိုးရိမ်ကြလော့။- | |
Hebr | BurCBCM | 4:2 | အကြောင်းမူကား ဝမ်းမြောက် စရာသတင်းကောင်းသည် ထိုသူတို့ထံသို့ရောက်လာ သကဲ့သို့ ငါတို့ထံသို့လည်း ရောက်လာခဲ့၏။ သို့သော် ထို သူတို့သည် ကြားရသောသတင်းစကားကို မယုံကြည် ကြသောကြောင့် သတင်းစကားသည် သူတို့အား အကျိုး မပြုချေ။- | |
Hebr | BurCBCM | 4:3 | ယုံကြည်ခဲ့ကြသောငါတို့မူကား ဘုရားသခင်၏သုခချမ်းသာသို့ဝင်ကြရ၏။ ကိုယ်တော်ကလည်း ငါသည် အမျက်တော် ထွက် လျက် ကျိန်ဆိုသည်ကား သူတို့သည် မည်သည့်အခါမျှ ငါ၏သုခချမ်းသာသို့ ဝင်ကြရလိမ့်မည်မဟုတ် ဟူ၍ဖြစ်သတည်း။ ကိုယ်တော်သည် ကမ္ဘာလောကကိုဖန်ဆင်းတော်မူစဉ်ကပင် မိမိ၏အမှု ကိစ္စများကိုလုပ်ဆောင်ပြီးဆုံးသွားသော်လည်း ဤသို့ မိန့်တော်မူခဲ့ခြင်းဖြစ်၏။- | |
Hebr | BurCBCM | 4:4 | အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ ကျမ်းစာတော်မြတ်၌ ရေးထားသည် ကား ဘုရားသခင်သည် သတ္တမနေ့တွင် မိမိ၏လုပ်ငန်း အရပ်ရပ်မှ အနားယူတော်မူ၏ဟူ၍ဖြစ်၏။- | |
Hebr | BurCBCM | 4:5 | တစ်ဖန် ထိုကျမ်းပိုဒ်၌ ကိုယ်တော်မိန့်တော်မူသည်ကား သူတို့သည် ငါ၏သုခချမ်းသာသို့ မည်သည့်အခါမျှဝင်ကြရလိမ့်မည် မဟုတ်ဟူ၍ဖြစ်သတည်း။- | |
Hebr | BurCBCM | 4:6 | ထို့ကြောင့် အချို့သောသူတို့သည် သုခချမ်းသာသို့ဝင်ရောက်နိုင်ကြလိမ့်မည်။ ဝမ်းမြောက်စရာသတင်းကောင်းကို ပထမဦးစွာ ကြားနာခဲ့ရ သောသူတို့မူကား မယုံကြည်ခဲ့ကြသောကြောင့် မဝင်နိုင်ကြချေ။- | |
Hebr | BurCBCM | 4:7 | တစ်ဖန် ဘုရားသခင်သည် ယနေ့ဟူသော နေ့ရက်တစ်ရက်ကို သတ်မှတ်ပေးတော်မူ၏။ ကျမ်းစာတော်မြတ်တွင် ဖော်ပြပြီးသည့်အတိုင်း ကိုယ်တော်သည် နှစ်ပေါင်းများစွာကြာသောအခါ ဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုရည်ညွန်း၍ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားရလျှင် စိတ်နှလုံးခိုင်မာခြင်း မရှိကြလေနှင့်ဟု မိန့်တော်မူခဲ့၏။ | |
Hebr | BurCBCM | 4:8 | အကယ်၍ ဂျိုဆွာသည် ထိုသူတို့ကို ငြိမ်ဝပ်စွာနားစေခဲ့လျှင် ဘုရားသခင်သည် အခြားနေ့ရက်တစ်ရက် အကြောင်းကို မိန့်မြွက်တော်မူမည်မဟုတ်။- | |
Hebr | BurCBCM | 4:9 | ထို့ကြောင့် ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်စွာနားနေရန် သတ္တမနေ့ကဲ့သို့ နေ့ရက်တစ်ရက်ရှိသေး၏။- | |
Hebr | BurCBCM | 4:10 | အဘယ် ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိ၏လုပ်ငန်းများမှ အနားယူတော်မူသည့်နည်းတူ ဘုရားသခင်၏သုခချမ်း သာသို့ ဝင်ကြသောသူတို့သည်လည်း မိမိတို့၏လုပ်ငန်းများမှ အနားယူကြရမည်ဖြစ်၏။ | |
Hebr | BurCBCM | 4:11 | ထို့ကြောင့် နာခံခြင်းမရှိသဖြင့် အဘယ်သူမျှ ဆုံးရှုံးခြင်းသို့မရောက်စေခြင်းငှာ ထိုသုခချမ်းသာသို့ဝင်ရောက်နိုင်ရန် ကြိုးစား အားထုတ်ကြပါစို့။- | |
Hebr | BurCBCM | 4:12 | အကြောင်းမူကား ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် အသက်ရှင် လှုပ်ရှားလျက်ရှိပြီး အသွားနှစ်ဖက်ရှိသောဓားတကာ တို့ထက် ပို၍ထက်မြက်လေ၏။ ၎င်းသည် ဝိညာဉ်နှင့် စိတ်နှလုံးကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ရိုးတွင်းခြင် ဆီကိုလည်းကောင်း ပိုင်းခြား၍ ထိုးဖောက်ပြီး စိတ်နှလုံး ၏အကြံအစည်နှင့် ရည်ရွယ်ချက်များကိုလည်း ဝေဖန်ချင့်ချိန်နိုင်၏။- | |
Hebr | BurCBCM | 4:13 | ကိုယ်တော်၏မျက်မှောက်တော်၌ ဝှက် ကွယ်လျက်ရှိသောအရာဟူ၍တစ်စုံတစ်ခုမျှမရှိဘဲ ခပ် သိမ်းသောအရာတို့သည် မျက်မှောက်တော်၌ ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံးသည် မိမိတို့ပြုလုပ်ခဲ့သမျှအရာ များကို ကိုယ်တော်အား အစီရင်ခံကြရ လိမ့်မည်။ | |
Hebr | BurCBCM | 4:14 | ယခုမူကား ငါတို့၌ ကြီးမြတ်သောရဟန်းချုပ်လည်းဖြစ်၊ ဘုရားသခင်၏သားတော်လည်းဖြစ်ပြီး ကောင်းကင်ဘုံသို့ ကြွဝင်ခဲ့သော ယေဇူးရှိတော်မူသောကြောင့် ငါတို့ ဝန်ခံခဲ့သောယုံကြည်ခြင်းကို စွဲမြဲစွာဆုပ်ကိုင်ထားကြစို့။- | |
Hebr | BurCBCM | 4:15 | အကြောင်းမူကား ငါတို့၏ရဟန်းချုပ်သည် ငါတို့၏ အားနည်းချက်များအပေါ် စာနာထောက်ထားခြင်းမရှိ သောသူမဟုတ်ပေ။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကို ခံခဲ့ရသောသူဖြစ်တော်မူ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ဒုစရိုက်နှင့် ကင်း လွတ်တော်မူ၏။- | |