Site uses cookies to provide basic functionality.

OK
HEBREWS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 6
Hebr BurCBCM 6:1  ထို့ကြောင့် ခရစ်တော်အကြောင်းနှင့်ပတ်သက်သောအခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ပိုမိုရင့်ကျက်သော အကြောင်း အရာများကို ဆက်လက် လေ့လာကြပါစို့။ သေခြင်းနှင့်ဆိုင်သောအပြုအမူများ အတွက် နောင်တယူခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်း စသော အခြေခံအကြောင်းတရားတို့ကို ထပ်မံသင်ကြား ပေးရန် မသင့်တော့ပေ။-
Hebr BurCBCM 6:2  ဆေးကြောခြင်းမင်္ဂလာ၊ လက် တင်ခြင်းမင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် နောက်ဆုံးသော တရားစီရင်တော်မူ ခြင်းအကြောင်းတို့ ကိုလည်း ထပ်မံသွန်သင်ရန်မသင့်တော့ပေ။-
Hebr BurCBCM 6:3  ဘုရားသခင်ခွင့်ပြုတော်မူလျှင် ငါတို့ဤအရာကိုပြုလုပ်ကြစို့။-
Hebr BurCBCM 6:4  အကြောင်းမူကား ဉာဏ်အလင်းကိုရရှိခဲ့ကြပြီး ကျေးဇူးတော်ကိုမြည်းစမ်းရလျက် ဝိညာဉ်တော်မြတ်ကို ခံယူရရှိပြီးသော သူတို့အား နောင်တယူစေခြင်းငှာ ပြုလုပ်ပေးရန် မဖြစ်နိုင်ပေ။-
Hebr BurCBCM 6:5  သူတို့သည် နှုတ်တော်ထွက်စကား၏ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ နောင်ဘ၀နှင့်ဆိုင် သောတန်ခိုးများကိုလည်းကောင်း ကိုယ်တွေ့ခံစားခဲ့ရ သောသူများဖြစ်ကြ၏။-
Hebr BurCBCM 6:6  သူတို့သည် ထိုသို့ခံစားခဲ့ကြပြီးမှ ယုံကြည်ခြင်းကိုစွန့်ပယ်ပါလျှင် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် တစ်ဖန် လက်ဝါးကပ်တိုင်ပေါ်တင်၍ ကွပ်မျက်ကာ လူအများရှေ့တွင် ကဲ့ရဲ့ရှုတ်ချခြင်း ဖြစ်သောကြောင့် နောက်တစ်ဖန် သူတို့အား နောင်တရ စေရန်မည်သို့မျှမဖြစ်နိုင်ပေ။-
Hebr BurCBCM 6:7  အကြောင်းမူကား မြေသည် အကြိမ်ကြိမ်ရွာသွန်းသည့်မိုးရေကိုသောက်၍ စိုက်ပျိုးသူ တို့အတွက် အသုံးဝင်သော အသီးအနှံ များကို ဖြစ်ထွန်းစေလျှင် ထိုမြေသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာ ခံရ၏။-
Hebr BurCBCM 6:8  သို့သော် မြေသည် ဆူးပင်နှင့် ချုံပင်တို့ကိုသာ ဖြစ်ထွန်းစေလျှင် ထိုမြေသည် တန်ဖိုးလုံး၀မရှိတော့ဘဲ ဘုရားသခင်၏ ကျိန်စာ သင့်ကာ အဆုံး၌ မီးရှို့ဖျက်ဆီး ခြင်းကိုခံရလိမ့်မည်။
Hebr BurCBCM 6:9  ချစ်မိတ်ဆွေတို့၊ ဤသို့ငါတို့ပြောသော်လည်း သင်တို့၏အရေးနှင့်ပတ်သက်လျှင်မူ သင်တို့သည် ကယ်တင်ခြင်းဆိုင်ရာ ကောင်းမြတ်သောကျေးဇူးတော်များရရှိကြ မည်ကို ငါတို့သေချာစွာသိကြ၏။-
Hebr BurCBCM 6:10  အကြောင်းမူကား ဘုရားသခင်သည် တရားမျှတမှုမရှိသော အရှင်သခင် မဟုတ်။ သင်တို့သည် ကိုယ်တော်၏မျက်နှာတော်ကို ထောက်၍ သူတော်သူမြတ်များကို အစေခံရာတွင် လုပ်ဆောင်ခဲ့သောကောင်းမှုနှင့် ပြသခဲ့သောချစ်ခြင်းမေတ္တာ တို့ကို ကိုယ်တော်သည် လျစ်လျူရှုတော်မူမည်မဟုတ် ပေ။ ထိုအရာများကို ယခုတိုင် သင်တို့ပြုလုပ်လျက်ပင်ရှိ ၏။-
Hebr BurCBCM 6:11  သင်တို့အားလုံးသည် မိမိတို့၏မျှော်လင့်ချက်ပြည့် စုံပြီးမြောက်သည်အထိ ထိုကဲ့သို့သောစိတ်အားထက် သန်မှုမျိုးကိုပြနိုင်ရန် ငါတို့အလိုရှိကြ၏။-
Hebr BurCBCM 6:12  သို့မှသာ သင်တို့သည် ပေါ့ဆ၍ ပျင်းရိစွာမနေကြဘဲ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းတို့ဖြင့် ကတိတော်ကိုအမွေခံယူကြသော သူများအား အတုယူ၍ ကျင့်ကြံနေထိုင်ကြပေလိမ့်မည်။
Hebr BurCBCM 6:13  ဘုရားသခင်သည် အာဘရာဟံအား ကတိထား တော်မူသောအခါ၌ တိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီး မြတ်သောသူမရှိ သောကြောင့် မိမိကိုယ်ကိုပင်တိုင်တည်၍၊-
Hebr BurCBCM 6:14  ကျိန်ဆိုတော်မူသည်မှာ ငါသည် သင့်အား ဧကန်မုချ ကောင်းချီးပေး၍ သင်၏မျိုးနွယ်စဉ်ဆက်တို့ကိုလည်း တိုးပွားစေမည် ဟူ၍ဖြစ်၏။-
Hebr BurCBCM 6:15  ဤသို့ဖြင့် အာဘရာဟံသည် စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းခဲ့သောကြောင့် ကတိ တော်အတိုင်း ခံစားရရှိလေ၏။-
Hebr BurCBCM 6:16  လူတို့သည် မိမိတို့ထက် ကြီးမြတ်သူတစ်ဦးတစ်ယောက်ကို တိုင်တည်၍ ကျိန်ဆို လေ့ရှိကြပြီး ထိုကဲ့သို့ကျိန်ဆိုခြင်းသည် ၎င်းတို့၏အငြင်း ပွားမှုမှန်သမျှတွင် နောက်ဆုံးအတည်ပြုချက်ပင်ဖြစ်၏။-
Hebr BurCBCM 6:17  ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ကတိတော်ကို အမွေခံရသောသူတို့အား မိမိ၏အကြံအစည်တော်မှာ မပြောင်းလဲကြောင်း ကိုသိသာထင်ရှားစေခြင်းငှာ ကျိန်ဆိုခြင်းဖြင့် ကတိပြုတော်မူ၏။-
Hebr BurCBCM 6:18  ဤသို့ဖြင့် ပြန်လည်ရုပ်သိမ်း၍မရ နိုင်သောကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းများအားဖြင့် ဘုရားသခင်သည် မုသားပြောသူ မဖြစ်နိုင်ကြောင်းကို သိရှိနိုင်သောကြောင့် အထံတော်သို့ခိုလှုံကြသော ငါတို့ သည် ငါတို့အား ပေးသနားတော်မူသည့်မျှော်လင့်ခြင်းကို စွဲမြဲစွာခံယူရန် စိတ်အားတက်ကြွလာကြလေ၏။-
Hebr BurCBCM 6:19  ထိုမျှော်လင့်ချက်သည် ငါတို့၏ဘ၀အတွက် တည်ကြည်ခိုင်မာသော ဝိညာဉ်ကျောက်ဆူးအဖြစ် ဗိမာန်တော်ကန့်လန့်ကာကို ထိုးဖောက်ကာ သန့်ရှင်းရာဌာနတော်သို့ ဝင်လေ၏။-
Hebr BurCBCM 6:20  မေလ်ခိဇေဒက်၏အရိုက်အရာကိုဆက်ခံသော ထာ၀ရရဟန်းဖြစ်တော်မူသည့် ယေဇူးသည် ငါတို့၏ ကိုယ်စား ထိုနေရာသို့ ဦးစွာဝင်တော်မူခဲ့လေ၏။