Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 5
I Co BurCBCM 5:1  သင်တို့အကြားတွင် လိင်ပိုင်းဆိုင်ရာကိုယ်ကျင့်တရားပျက်ပြားမှုရှိသည်ဟုငါကြားရ၏။ ထိုကဲ့ သို့အကျင့်ပျက်မှုမျိုးကို လူမျိုးခြားတို့အလယ်တွင်ပင် မတွေ့ရချေ။ အကြောင်းမူကား လူတစ်ဦးသည် မိမိဖခင်၏ မယားနှင့် ပေါင်းသင်းနေထိုင်လျက်ရှိ သည်ဟု ငါသိရ၏။-
I Co BurCBCM 5:2  ထိုသို့ဖြစ်လျက်နှင့် သင်တို့သည် မောက်မာထောင်လွှား ကြသေး၏။ အမှန်တကယ်တွင်မူ သင်တို့သည် ဝမ်းနည်း ပူဆွေးသင့် သည်မဟုတ်လော။ ဤအမူကိုကျူးလွန်သူ သည် သင်တို့ထဲမှ ဖယ်ရှားပစ်ခြင်းခံရပါစေ။
I Co BurCBCM 5:3  ငါသည် ခန္ဓာကိုယ်အားဖြင့် ဝေးကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်ရှိနေ၏။ ငါအမှန်တကယ် ရှိနေသကဲ့သို့ ပင် တရားစီရင်ချက်ကို၊-
I Co BurCBCM 5:4  ထိုကဲ့သို့သောအမှု အား ပြုမူသူအပေါ် ယေဇူးသခင်၏နာမတော်၌ ချမှတ်လိုက်လေပြီ။ သင်တို့စည်းဝေးကြသောအခါ ငါ၏စိတ် ဝိညာဉ်သည် ငါတို့သခင်ယေဇူး၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိနေပြီး၊-
I Co BurCBCM 5:5  သင်တို့သည် ထိုသူ့ကို သွေး သားခန္ဓာပျက်စီးစေရန် စာတန်နတ်ဆိုး၏လက်သို့အပ် ရမည်။ သို့မှသာလျှင် ယေဇူးသခင်၏ နေ့ရက်ကာလတွင် ထိုသူ၏ဝိညာဉ်သည် ကယ်တင်ခြင်းခံရပေလိမ့်မည်။
I Co BurCBCM 5:6  သင်တို့၏ကြွားဝါခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ တဆေးအနည်းငယ်သည် မုန့်ညက်တစ်ပြင် လုံးကိုဖောင်းကြွစေ ကြောင်း သင်တို့မသိကြသလော။-
I Co BurCBCM 5:7  တဆေးအဟောင်းကို စွန့်ပစ်ကြလော့။ သို့မှသာလျှင် သင်တို့သည် အမှန်စင်စစ် တဆေးမပါသောမုန့်ညက် အသစ်ဖြစ်ကြပေ လိမ့်မည်။ အကြောင်းမူကား ငါတို့၏ ပါစကားသိုးငယ်တော်ဖြစ်သောခရစ်တော်သည် ယဇ်ကောင်အဖြစ် ပူဇော်ခြင်းခံခဲ့ရ လေပြီ။-
I Co BurCBCM 5:8  ထို့ကြောင့် ယုတ်မာမှုနှင့် မကောင်းမှုတည်းဟူသော တဆေးဟောင်းဖြင့် မဟုတ်ဘဲ ရိုးသားဖြောင့်မတ်မှုနှင့် အမှန်တရား တည်း ဟူသောတဆေးမပါသည့်ပေါင်မုန့်ဖြင့် ပွဲတော်ကိုကျင်းပကြစို့။
I Co BurCBCM 5:9  ကိုယ်ကျင့်တရားပျက်ပြားသူတို့နှင့် မပေါင်းသင်း ကြရန် ငါ၏စာထဲတွင် သင်တို့အား ရေးသားမှာကြားခဲ့၏။-
I Co BurCBCM 5:10  ထိုသို့ဆိုရာတွင် ကမ္ဘာလောကအတွင်းရှိ လိင်ပိုင်းဆိုင်ရာအကျင့်စာရိတ္တပျက်ပြားသူများကို ဆိုလိုသည်မဟုတ်။ လောဘ ကြီးသူများ၊ သူခိုးဓားပြများ၊ ရုပ်တုကိုး ကွယ်သူများကို ဆိုလိုခြင်းလည်းမဟုတ်ပေ။ ထိုသို့ဆို လျှင် သင်တို့သည် ဤကမ္ဘာလောကကြီးထဲမှထွက်ခွာ သွားကြရန်သာ ရှိပေတော့မည်။-
I Co BurCBCM 5:11  အမှန်စင်စစ် သင်တို့အား ငါရေးခဲ့သည်မှာ မိမိကိုယ်ကို ခရစ်ယာန်ညီအစ်ကို ဟုအမည်ခံပြီး လိင်ပိုင်းဆိုင်ရာ အကျင့် စာရိတ္တပျက်ပြားမှု၊ လောဘကြီးမှုနှင့် ရုပ်တုကိုးကွယ်မှုတို့ဖြင့် ငြိစွန်းနေသူ၊ ပုတ်ခတ်ဝေဖန်တတ်သူ၊ သောက်စားမူးယစ်သူနှင့် သူခိုးဓားပြတို့နှင့် အပေါင်းအသင်းမလုပ်ရန်ကိုသာ ဆိုလိုခြင်းဖြစ်၏။ ထိုသို့သောသူနှင့် အတူတကွစားသောက်ခြင်းကိုပင် မပြုလေနှင့်။-
I Co BurCBCM 5:12  အကြောင်းမူကား ပြင်ပလူတို့ကို တရားစီရင်ခြင်းသည် ငါနှင့်မည်သို့သက်ဆိုင်သနည်း။ အသင်းတော်အတွင်း၌ရှိသော လူတို့ကိုသာ သင်တို့ တရားစီရင်ကြရမည်မဟုတ်လော။-
I Co BurCBCM 5:13  ဘုရားသခင်သည် ပြင်ပလူတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဆိုးညစ် ယုတ်မာသောသူကို သင်တို့အထဲမှနှင်ထုတ် ကြလော့။