I CORINTHIANS
Chapter 10
I Co | BurCBCM | 10:1 | ညီအစ်ကိုတို့၊ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်တွင်ရှိခဲ့ကြ၍ ပင်လယ်ကို ဖြတ်သန်းခဲ့ကြ၏။- | |
I Co | BurCBCM | 10:2 | သူတို့သည် မိုးတိမ်နှင့် ပင်လယ်ထဲ၌ မိုး ဇက်၏နောက်လိုက်များအဖြစ် ဆေးကြောခြင်းခံယူခဲ့ကြ၏။- | |
I Co | BurCBCM | 10:4 | ဝိညာဉ်ရေးဆိုင်ရာရေ တစ်မျိုးတည်းကို သောက်ခဲ့ကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့နှင့်အတူ လိုက်ပါ သော၊ ဝိညာဉ် ရေးဆိုင်ရာကျောက်ဆောင်မှရေကို သောက်သုံးခဲ့ကြ၏။ထိုကျောက်ဆောင်ကား ခရစ်တော်ပင်ဖြစ်သတည်း။- | |
I Co | BurCBCM | 10:5 | သို့သော်လည်း ဘုရားသခင်သည် ထိုသူအများစုကို နှစ် သက်တော်မမူချေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ တွင် အသက်ဆုံးရှုံးခဲ့ကြ၏။ | |
I Co | BurCBCM | 10:6 | ငါတို့သည် ထိုသူတို့ကဲ့သို့ မကောင်းမှုကိုစွဲလမ်း ခြင်းမရှိကြရန် ဤအရာများသည် ငါတို့အတွက် သတိပေး ချက်များ ဖြစ်၏။- | |
I Co | BurCBCM | 10:7 | လူတို့သည် ထိုင်၍ စားသောက်ကြပြီးနောက် ထ၍ ကခုန်ကြ၏ဟု ကျမ်းစာတော်မြတ်တွင် ရေးထားသည့်အတိုင်း သင်တို့ သည် ထိုသူအချို့တို့ကဲ့သို့ ရုပ်တုကိုးကွယ်သူများမဖြစ်ကြလေနှင့်။- | |
I Co | BurCBCM | 10:8 | ငါတို့သည် ထိုသူ များထဲမှ အချို့တို့ကဲ့သို့ ကာမဂုဏ်လိုက်စားခြင်းမပြုရပေ။ သူတို့တွင် လူနှစ်သောင်းသုံးထောင်မျှ တစ်ရက်အတွင်း သေခဲ့ကြ၏။- | |
I Co | BurCBCM | 10:9 | ထိုသူအချို့တို့ကဲ့သို့ ငါတို့သည် ထာ၀ရ ဘုရားသခင်အား စုံစမ်းခြင်းမပြုသင့်။ သူတို့သည် မြွေ ကိုက်ခံရ၍ သေခဲ့ကြလေပြီ။ ထိုသူအချို့တို့ကဲ့သို့ သင် တို့သည် ပြစ်တင်ညည်းတွားခြင်းမပြုကြနှင့်။- | |
I Co | BurCBCM | 10:11 | ယခုမူကား သတိပေးသည့် အနေဖြင့် ထိုသူတို့၌ ဤအရာများဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ ကပ်ကမ္ဘာကုန်ဆုံးခါနီးအချိန်၌ အသက်ရှင်နေကြရသူ များဖြစ်သော ငါတို့အား သတိပေးရန် ထိုအကြောင်းအရာ များကို ရေးထားခဲ့ခြင်းဖြစ်၏။- | |
I Co | BurCBCM | 10:13 | သင့်အပေါ်ကျရောက်လာသောစုံစမ်း နှောင့်ယှက်ခြင်းများသည် လူတစ်ဦးခံထမ်းနိုင်သည် ထက်မပိုပေ။ ဘုရားသခင်သည် သစ္စာရှိတော်မူသဖြင့် သင်တို့ခံနိုင်သည်ထက်ပိုသောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူလိမ့်မည်မဟုတ်။ သို့ရာတွင် သင်တို့အား တည်ကြည်မြဲမြံစေခြင်းငှာ စုံစမ်းနှောင့်ယှက်ခြင်းနှင့်အတူ ကိုယ်တော်သည် လွတ်မြောက်ရာလမ်းကို လည်း ပေးသနားတော်မူလိမ့်မည်။ | |
I Co | BurCBCM | 10:15 | သင်တို့အား အသိတရား ရှိသူများကဲ့သို့သတ်မှတ်၍ ငါပြောဆို၏။ ငါ၏စကားကို သင်တို့ကိုယ်တိုင်ဆင်ခြင်သုံး သပ် ကြလော့။- | |
I Co | BurCBCM | 10:16 | ကောင်း ချီးမင်္ဂလာပေးရန် ငါတို့ဆုတောင်းထားသောမင်္ဂလာခွက် ဖလားတော်ကိုသောက်ကြသောအခါ ငါတို့သည် ခရစ်တော်၏အသွေးတော်၌ တစ်လုံးတစ်၀တည်း ပါဝင်ခြင်းမဟုတ်လော။ ငါတို့သည် ပေါင်မုန့်ကိုဖဲ့၍ စားကြသော အခါ ခရစ်တော်၏ကိုယ်ခန္ဓာ၌ တစ်လုံးတစ်၀တည်းရှိကြသည်မဟုတ်လော။- | |
I Co | BurCBCM | 10:17 | ပေါင်မုန့်သည် တစ်လုံးတည်းဖြစ်သောကြောင့် အရေအတွက်အားဖြင့်များသောငါတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ် ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုပေါင်မုန့်တစ်လုံးတည်းကို ခွဲဝေသုံးဆောင်ကြ၏။- | |
I Co | BurCBCM | 10:18 | အစ္စရာအဲလ်လူမျိုးတို့၏ဓလေ့ထုံးစံကို ကြည့်ကြလော့။ သူတို့သည် ယဇ်ကောင်များကို စားကြ၍ ယဇ်ပူဇော်ခြင်းအမှုတွင် ပါဝင်ကြသည်မဟုတ်လော။- | |
I Co | BurCBCM | 10:19 | သို့ဖြစ်လျှင် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ သို့ဖြစ်၍ ရုပ်တုအား ပူဇော်သောအစားအစာ၊ သို့မဟုတ် ထိုရုပ်တုသည် အရေးပါသည်ဟု ငါဆိုလိုပါသလော။- | |
I Co | BurCBCM | 10:20 | ထိုသို့မဟုတ်။ ငါဆိုလိုသည်မှာ လူမျိုးခြားတို့ ပူဇော်သောယဇ်သည် နတ်ဆိုးများအား ပူဇော်သောယဇ် သာလျှင်ဖြစ်၍ ဘုရားသခင်အား ပူဇော်ခြင်းမဟုတ်။ ငါသည် သင်တို့ကို နတ်ဆိုးများနှင့် ပူးပေါင်းသူများမဖြစ်စေလိုပေ။- | |
I Co | BurCBCM | 10:21 | သင်တို့သည် သခင်ဘုရား၏ခွက်တော်နှင့် နတ် ဆိုးတို့၏ခွက်နှစ်ခုစလုံးကို မသောက်နိုင်။ သင်တို့သည် သခင်ဘုရား၏ စားပွဲတော်နှင့် နတ်ဆိုးတို့၏စားပွဲနှစ်ခု စလုံး၌ မပါဝင်နိုင်။- | |
I Co | BurCBCM | 10:22 | ငါတို့သည် သခင်ဘုရားအား သဝန် တိုစေမည်လော။ ငါတို့သည် သခင်ဘုရားထက် ပို၍ခွန် အားတန်ခိုးကြီးကြသလော။ | |
I Co | BurCBCM | 10:23 | ငါတို့သည် ခပ်သိမ်းသောအမှုတို့ကို ပြုလုပ်ပိုင်ခွင့်ရှိ၏။ သို့သော် အရာခပ်သိမ်းသည် အကျိုးပြုနိုင်သည်မဟုတ်။ ငါတို့သည် မည်သည့်အရာကိုမဆိုလုပ်ပိုင်ခွင့်ရှိသော်လည်း အရာခပ်သိမ်းသည် လူတို့ကို ကြီးပွားတိုး တက်စေသည်မဟုတ်။- | |
I Co | BurCBCM | 10:25 | သင်တို့သည် ဈေးတွင်ရောင်းသမျှသောအသားကို အသိစိတ် အတွင်း၌ မည်သို့မျှမတွေးတောဘဲ စားသုံးကြလော့။- | |
I Co | BurCBCM | 10:26 | အကြောင်းမူကား ဤကမ္ဘာမြေနှင့်ကမ္ဘာမြေပေါ်၌ ရှိသမျှအရာတို့သည် ထာ၀ရဘုရားသခင်နှင့်သက်ဆိုင်တော်မူ၏။- | |
I Co | BurCBCM | 10:27 | အကယ်၍ မယုံကြည်သူတစ်ဦးက သင့်ကိုညစာ စားရန် ဖိတ်ခေါ်လျှင် သင်ဆန္ဒရှိပါက သွားလော့။ သင့်ရှေ့ ၌တည်ခင်း ကျွေးမွေးသမျှကို အသိစိတ်အတွင်း၌ မည်သို့ မျှမတွေးတောဘဲ စားသုံးလော့။- | |
I Co | BurCBCM | 10:28 | သို့ရာတွင် တစ်စုံတစ် ယောက်က ဤအရာသည် ရုပ်တုအား ပူဇော်ထားသော ယဇ်ကောင်၏အသားဖြစ်သည်ဟုဆိုလျှင် ယင်းသို့ပြော ဆိုသူ၏သတိပေးချက်ကိုလည်းကောင်း၊ သူ၏အသိ စိတ်အတွင်းမှသိမြင်မှုကိုလည်းကောင်း ထောက်ရှုသော အားဖြင့် ထိုအသားကိုမစားနှင့်။- | |
I Co | BurCBCM | 10:29 | အသိစိတ်ဟု ငါဆိုရာ၌ သင်တို့၏အသိစိတ်ကိုမဆိုလိုဘဲ ပြောဆိုသူ၏အသိ စိတ်ကို ဆိုလိုခြင်းဖြစ်၏။ အကြောင်းမူကား ငါ၏လွတ်လပ်ခွင့်ကို အခြားသူတစ်ဦး၏အသိစိတ်က အဘယ်ကြောင့်ချုပ်ချယ်ရမည်နည်း။- | |
I Co | BurCBCM | 10:30 | အကယ်၍ ငါသည် မိမိစား သောက်သည့်အစားအစာအတွက် ဘုရားသခင်၏ကျေး ဇူးတော်ကိုချီးမွမ်းလျှင် ထိုသို့ကျေးဇူးတော်ချီးမွမ်းထား သောအစာကိုစားသည့်အတွက် အဘယ်ကြောင့် ငါ့ကို ဝေဖန်ရှုတ်ချရမည်နည်း။ | |
I Co | BurCBCM | 10:31 | ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အရာကိုမဆိုပြုလုပ်သည်ဖြစ်စေ၊ ထိုအရာ အားလုံးတို့ကို ဘုရားသခင်၏ဘုန်းဂုဏ်တော်အတွက် ပြုလုပ်ကြလော့။- | |
I Co | BurCBCM | 10:32 | ဂျူးလူမျိုးတို့အားလည်းကောင်း၊ ဂရိလူမျိုးတို့အားလည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်ကိုလည်းကောင်း ထိခိုက်စော်ကားစရာအကြောင်း မဖြစ်စေကြနှင့်။- | |