I CORINTHIANS
Chapter 15
I Co | BurCBCM | 15:1 | ညီအစ်ကိုတို့၊ သင်တို့အား ငါဟောပြောခဲ့သည့် ဧဝံဂေလိသတင်းကောင်းမှာ မည်သည့်အရာကိုဆိုလိုကြောင်း ငါသည် သင်တို့အား သတိရစေလို၏။ သင်တို့သည် ထိုသတင်းကောင်းကို လက်ခံခဲ့ကြ၍ ၎င်းအားဖြင့် ဆက်လက်အသက်ရှင်ကြ၏။- | |
I Co | BurCBCM | 15:2 | သင်တို့သည် ငါဟောပြောခဲ့သော ထိုသတင်းကောင်းကို စွဲမြဲစွာယုံ ကြည်လက်ခံလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းခံကြရ လိမ့်မည်။ သို့မဟုတ်လျှင် သင်တို့၏ယုံကြည်ခြင်းမှာ အချည်းနှီးဖြစ်လိမ့်မည်။ | |
I Co | BurCBCM | 15:3 | အကြောင်းမူကား ငါသည် ငါခံယူရရှိသောအရာကို သင်တို့အား ပထမဦးစွာလက်ဆင့်ကမ်းပေးခဲ့၏။ ယင်းတို့မှာ ကျမ်းစာတော်မြတ်၌ရေးထားသည့်အတိုင်း ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူကြောင်း၊- | |
I Co | BurCBCM | 15:4 | ကိုယ်တော်သည် သင်္ဂြိုဟ်ခြင်းကိုခံ၍ ကျမ်းစာတော်မြတ်၌ ရေးထားသည့်အတိုင်း သုံးရက်မြောက် သောနေ့တွင် ရှင်ပြန် ထမြောက်တော်မူကြောင်း၊- | |
I Co | BurCBCM | 15:5 | ကိုယ်တော်သည် ပေတရုအား ထင်ရှားပြပြီးလျှင် နောက်ပိုင်း၌ တမန်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့အား ထင်ရှားပြတော် မူကြောင်း အစရှိသည့်အချက်များပင်ဖြစ်၏။- | |
I Co | BurCBCM | 15:6 | ထို့နောက် ကိုယ်တော်သည် ညီအစ်ကိုငါးရာကျော်တို့အား တစ်ပြိုင်တည်းထင်ရှားပြတော်မူ၏။ ထိုသူတို့အထဲမှ အချို့တို့သည် သေလွန်ကြပြီဖြစ်သော်လည်း အများစုမှာ ယနေ့တိုင်အောင် အသက်ရှင်လျက်ရှိသေး၏။- | |
I Co | BurCBCM | 15:7 | ထို့နောက် ကိုယ်တော်သည် ယာကုပ်အား ထင်ရှားပြတော်မူ၏။ ပြီးလျှင် တမန်တော်အားလုံးတို့ကိုလည်း ထင်ရှား ပြတော်မူ၏။- | |
I Co | BurCBCM | 15:8 | နောက်ဆုံးတွင် ကိုယ်တော်သည် လမစေ့ဘဲမွေးဖွားသောသူငယ်ကဲ့သို့ဖြစ်သည့် ငါ့ကိုလည်း ထင်ရှားပြတော်မူ၏။- | |
I Co | BurCBCM | 15:9 | အကြောင်းမူကား ငါသည် တမန်တော်တို့တွင် အနိမ့်ကျဆုံးဖြစ်၏။ ငါသည် ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းပန်း နှိပ်စက်ခဲ့သူဖြစ်သောကြောင့် တမန်တော်ဟုခေါ်ဆိုခြင်းကိုပင် မခံထိုက်ပေ။- | |
I Co | BurCBCM | 15:10 | သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ငါသည် ယခုအခြေအနေအတိုင်း တည်ရှိနေ၏။ ငါ့အား ဘုရားသခင် ပေးသနားတော်မူခဲ့သောကျေးဇူးတော်မှာ အကျိုးမဲ့ မဖြစ်ခဲ့သည့်အပြင် ငါသည် အခြားသောတမန်တော်တို့ ထက်ပို၍ကြိုးစား လုပ်ဆောင်ခဲ့၏။ သို့သော် ငါသည် ဤသို့လုပ်ဆောင်ခြင်းမဟုတ်ဘဲ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်၏ကျေးဇူးတော်က လုပ်ဆောင်ခြင်းသာဖြစ်၏။- | |
I Co | BurCBCM | 15:11 | သို့ဖြစ်၍ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ငါတို့အားလုံးသည် ဟောပြောခဲ့ကြ၍ သင်တို့သည်လည်း ယုံကြည်ခဲ့ကြ၏။ | |
I Co | BurCBCM | 15:12 | ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော် မူသည်ဟု ဟောပြောသည်မှာမှန်လျှင် သင်တို့အထဲမှ အချို့က သေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းမရှိဟု အဘယ်ကြောင့်ဆိုနိုင်ကြသနည်း။- | |
I Co | BurCBCM | 15:13 | သေခြင်းမှ ရှင်ပြန်ထမြောက် ခြင်းမရှိလျှင် ခရစ်တော်သည် ရှင်ပြန်ထမြောက်ခဲ့လိမ့်မည်မဟုတ်။- | |
I Co | BurCBCM | 15:14 | ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက် ခဲ့ခြင်းမရှိလျှင် ငါတို့၏ဟောပြောခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းနှီးပင်ဖြစ်လေ၏။- | |
I Co | BurCBCM | 15:15 | ထိုမျှမက ငါတို့သည် ဘုရားသခင်အား လွဲမှား စွာသရုပ်ဖော်နေ သကဲ့သို့ပင် ဖြစ်လေပြီ။ အကြောင်းမူ ကား ဘုရားသခင် သည် ခရစ်တော်ကို ရှင်ပြန်ထမြောက် စေခဲ့ပြီဟူ၍ ကိုယ်တော်အား ငါတို့သက်သေခံခဲ့ကြ သောကြောင့်ဖြစ်၏။ အကယ်၍ သေလွန်သူတို့၌ ရှင်ပြန်ထမြောက်ခြင်းမရှိသည်မှန်လျှင် ဘုရားသခင်သည်လည်း ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက် စေခဲ့ ခြင်းမရှိပေ။- | |
I Co | BurCBCM | 15:16 | အကြောင်းမူကား သေသူတို့၏ရှင်ပြန်ထ မြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ရှင်ပြန်ထ မြောက်ခဲ့ခြင်းမရှိပေ။- | |
I Co | BurCBCM | 15:17 | အကယ်၍ ခရစ်တော်သည် ရှင်ပြန်ထမြောက်ခဲ့ခြင်းမရှိလျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည် လည်း သင်တို့၏ အပြစ်များထဲတွင် ဆက်လက်တည်ရှိနေကြ၏။- | |
I Co | BurCBCM | 15:18 | သို့ဖြစ်လျှင် ခရစ်တော်၌ အိပ်ပျော်သွားကြသောသူတို့သည်လည်း ပျက်စီးဆုံးရှုံးခြင်းသို့ရောက်ကြလေပြီ။- | |
I Co | BurCBCM | 15:19 | ငါတို့သည် ဤဘ၀အတွက်သာ ခရစ်တော်ကိုမျှော်လင့်အားကိုးခဲ့ကြပါလျှင် ငါတို့သည် လူအပေါင်းတို့တွင် သနားဖွယ် အကောင်းဆုံးသောသူများဖြစ်ကြလေပြီ။ | |
I Co | BurCBCM | 15:20 | သို့သော် ခရစ်တော်သည် အမှန်ပင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသဖြင့် အိပ်ပျော်ခဲ့သောသူတို့တွင် အဦးဆုံးသီး သောအသီးဖြစ်၏။- | |
I Co | BurCBCM | 15:21 | အကြောင်းမူကား သေခြင်းတရားသည် လူတစ်ယောက်အားဖြင့် ဖြစ်ပေါ်လာ သကဲ့သို့ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း တရားသည်လည်း လူတစ်ယောက်အားဖြင့်ပင် ဖြစ်ပေါ်လာလေပြီ။- | |
I Co | BurCBCM | 15:22 | လူအပေါင်းတို့သည် အာဒံ၌ သေကြရသကဲ့သို့ ထိုသူ အားလုံးတို့သည် ခရစ်တော်၌ အသက်ရှင်ကြရလိမ့်မည်။- | |
I Co | BurCBCM | 15:23 | သို့သော် လူအသီးသီးတို့သည် မိမိတို့အလှည့်ကျ ရှင်ပြန်ထမြောက်ကြရမည်။ ခရစ်တော်သည် ပထမဦးစွာ ရှင်ပြန် ထမြောက်တော်မူ၏။ ထို့နောက် ကိုယ်တော်ကြွ လာတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်အဖွဲ့ ဝင်တို့သည် ရှင်ပြန် ထမြောက်ကြလိမ့်မည်။- | |
I Co | BurCBCM | 15:24 | ထို့နောက် ကမ္ဘာကုန်ဆုံးချိန်ရောက်လာပြီးလျှင် ကိုယ်တော်သည် ရှိသမျှသောမင်းများ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များ ကိုဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရား၏လက် တော်သို့ပေးအပ်တော်မူလိမ့်မည်။- | |
I Co | BurCBCM | 15:25 | အကြောင်းမူကား ကိုယ်တော်သည် ရန်သူအပေါင်းတို့အား မိမိ၏ခြေဖဝါး အောက်သို့ရောက်သည့်တိုင်အောင် အုပ်စိုးရလိမ့် မည်။- | |
I Co | BurCBCM | 15:27 | အကြောင်းမူကား ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ ချထားတော်မူလေပြီဟု ကျမ်းစာတော်မြတ်တွင်ရေးထားသောကြောင့်ဖြစ်၏။ အရာခပ်သိမ်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ ချထားတော်မူ၏ ဟုဆိုရာတွင် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်တွင်ချထားတော်မူသော အရှင်သည် ထိုအရာများထဲတွင် မပါဝင်ကြောင်း ထင်ရှား၏။- | |
I Co | BurCBCM | 15:28 | ခပ်သိမ်းသောအရာတို့အား သားတော်၏အုပ်စိုးမူ ကို ခံစေတော်မူသောအခါ သားတော်ကိုယ်တိုင်သည် မိမိ၏အုပ်စိုးမှု အောက်၌ အရာအားလုံးကိုချထားတော်မူ သောဘုရားသခင်၏အုပ်စိုးမှုကို ခံယူလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့အပေါ် အပြည့် အဝအုပ်စိုးတော်မူလိမ့်မည်။ | |
I Co | BurCBCM | 15:29 | ထိုသို့မဟုတ်လျှင် သေလွန်သောသူတို့ကိုယ်စား ဆေးကြောခြင်းခံယူကြသောလူတို့၏လုပ်ရပ်မှာ မည်သို့ အဓိပ္ပာယ်ရှိမည် နည်း။ သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် လူတို့သည် အဘယ်ကြောင့် သေသောသူတို့၏ကိုယ်စား ဆေးကြောခြင်းကိုခံယူကြသနည်း။- | |
I Co | BurCBCM | 15:31 | ညီအစ်ကိုတို့၊ ငါသည် နေ့တိုင်းသေရ၏။ ငါသည် ငါတို့၏သခင် ခရစ်တော်ယေဇူး၌ သင်တို့အတွက်ဂုဏ်ယူဝင့်ကြွား စိတ်ဖြင့် ဤကဲ့သို့ချေပပြောဆိုပါ၏။- | |
I Co | BurCBCM | 15:32 | အကယ်၍ ငါသည် ဧဖက်ဆုမြို့မှ တောရိုင်းတိရစ္ဆာန်တို့နှင့်တိုက်ခိုက်ခဲ့ပါလျှင် လူတို့ပြောစကားအရ ငါ့အတွက် အဘယ် အကျိုးရှိပါမည်နည်း။ သေလွန်သူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ဆိုရိုးစကားရှိသည့်အတိုင်း ငါတို့သည် စားသောက် ကြကုန်အံ့။ အကြောင်းမူကား မနက်ဖြန်တွင် ငါတို့သေ ကြလိမ့်မည်ဖြစ်သောကြောင့်တည်း။- | |
I Co | BurCBCM | 15:33 | သင်တို့သည် လှည့်ဖြားခြင်းမခံကြရစေနှင့်။ မကောင်းသောအပေါင်း အသင်းသည် ကောင်းမြတ်သောအကျင့်သိက္ခာကို ဖျက် ဆီးတတ်၏။- | |
I Co | BurCBCM | 15:34 | အမြင်မှန်ရကြလော့။ အပြစ်ဒုစရိုက်များ ကို မပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်ကိုမသိကြ။ ငါသည် သင်တို့ရှက်တတ်စေ ရန် ဤသို့ပြောဆိုခြင်းဖြစ်၏။ | |
I Co | BurCBCM | 15:35 | သို့သော် တစ်စုံတစ်ယောက်က သေလွန်သူတို့သည် မည်ကဲ့သို့ရှင်ပြန်ထမြောက်ကြပါသနည်း၊ သူတို့သည်မည်ကဲ့ သို့သောကိုယ်ခန္ဓာမျိုးဖြင့် ပြန်လာကြမည်နည်းဟု မေးမြန်းပေလိမ့်မည်။- | |
I Co | BurCBCM | 15:37 | သင်စိုက်ပျိုးသောအရာသည် နောင်တွင် ဖြစ်ပေါ်လာမည့်အပင်၏ကိုယ်ထည်မဟုတ်ဘဲ အစေ့တစ်စေ့မျှသာဖြစ်၏။ ယင်းသည် ဂျုံစေ့၊ သို့မဟုတ် အခြားသော မျိုးစေ့တစ်ခုခုဖြစ်နိုင်၏။- | |
I Co | BurCBCM | 15:38 | ဘုရားသခင်သည် မိမိ၏အလို တော်နှင့်အညီ ထိုမျိုးစေ့အား ကိုယ်ထည်ကိုပေးတော် မူ၏။ မျိုးစေ့အသီးသီးတို့အားလည်း ၎င်းတို့နှင့်သင့်လျော် သည့် ကိုယ်ထည်ကိုပေးတော်မူ၏။- | |
I Co | BurCBCM | 15:39 | အကြောင်းမူကား အားလုံးသောသက်ရှိသတ္တဝါတို့၏အသားသည် တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည် တစ်မျိုးဖြစ်၍ တိရစ္ဆာန်၏အသားသည် တစ်မျိုးဖြစ်၏။ ငှက်၏အသားသည် တစ် မျိုးဖြစ်၍ ငါး၏အသားသည်လည်း တစ်မျိုးဖြစ်လေ၏။- | |
I Co | BurCBCM | 15:40 | ကောင်းကင်၌ရှိသောအရာတို့၏ကိုယ်ထည်များနှင့် မြေကြီးပေါ်၌ရှိသောအရာတို့၏ကိုယ်ထည်များဟူ၍ လည်း ရှိကြ၏။ ကောင်းကင်၌ရှိသောကိုယ်ထည်များ၏ လှပတင့်တယ်ခြင်းသည် တစ်မျိုးဖြစ်၍ မြေကြီးပေါ် ၌ရှိ သောကိုယ်ထည်များ၏ လှပတင့်တယ်ခြင်းသည် တစ်မျိုးဖြစ်၏။- | |
I Co | BurCBCM | 15:41 | နေ၏ဂုဏ်ကျက်သရေသည်တစ်မျိုး၊ လ၏ဂုဏ်ကျက်သရေသည် တစ်မျိုး၊ ကြယ်များ၏ဂုဏ်ကျက် သရေသည် တစ်မျိုးဖြစ် ကြ၏။ အကြောင်းမူကား ကြယ်တစ်လုံးနှင့်တစ်လုံးတို့ပင်လျှင် ဂုဏ်ကျက်သရေချင်း မတူညီကြချေ။ | |
I Co | BurCBCM | 15:42 | သေလွန်သူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း ဤအတိုင်းပင်ဖြစ်၏။ စိုက်ပျိုးထားသောအရာသည် ဆွေးမြည့် ပျက်စီးတတ်၍ ရှင်သန်လာသောအရာသည် ဆွေးမြည့်ပျက်စီးခြင်းမရှိချေ။- | |
I Co | BurCBCM | 15:43 | ၎င်းကို ဂုဏ်သရေမဲ့စွာ စိုက်ပျိုးထားသော်လည်း ဘုန်းကျက်သရေနှင့် ရှင်သန်လာ၏။ ၎င်းကို အားနည်းသည့် အဖြစ်အခြေ အနေ၌ စိုက်ပျိုးထားသော်လည်း ဘုန်းတန်ခိုးနှင့်ရှင်သန်လာလေ၏။- | |
I Co | BurCBCM | 15:44 | ၎င်းကို ရုပ်ခန္ဓာဖြင့်စိုက်ပျိုးထားသော်လည်း ဝိညာဉ်ခန္ဓာနှင့်ရှင်ပြန်ထမြောက်လာ၏။ ကာယနှင့်ဆိုင် သောခန္ဓာကိုယ်ရှိ လျှင် ဝိညာဉ်နှင့်ဆိုင်သောခန္ဓာကိုယ်လည်းရှိ၏။- | |
I Co | BurCBCM | 15:45 | သို့ဖြစ်၍ ပထမဆုံးလူသားဖြစ်သော အာဒံသည် သက်ရှိသတ္တဝါဖြစ်လာ၏ဟု ကျမ်းစာတော်မြတ်တွင်ရေးထားခြင်းဖြစ်၏။ နောက်ဆုံးသောအာဒံသည်ကား အသက်ကိုပေးသောဝိညာဉ်တော်ဖြစ်၏။- | |
I Co | BurCBCM | 15:46 | သို့ရာ တွင် ဝိညာဉ်နှင့်ဆိုင်သောခန္ဓာသည် ပထမဦးစွာဖြစ်ပေါ် လာသည်မဟုတ်ပေ။ ရုပ်ခန္ဓာဖြစ်ပေါ် ပြီးမှသာ ဝိညာဉ်နှင့် ဆိုင်သောခန္ဓာဖြစ်ပေါ်လာ၏။- | |
I Co | BurCBCM | 15:47 | ပထမဆုံးလူသား အာဒံသည် မြေမှုန့်ဖြင့် ဖန်ဆင်းခြင်းခံရ၍ မြေကြီးမှလာသူဖြစ်၏။ ဒုတိယအာဒံသည်ကား ကောင်းကင်မှ ကြွလာသူဖြစ်၏။- | |
I Co | BurCBCM | 15:48 | မြေကြီးသားတို့သည် မြေမှုန့်မှဖန်ဆင်းခံရသော လူကဲ့သို့ဖြစ်လာကြ၏။ ကောင်းကင်သားတို့သည် ကောင်းကင်မှလာ သော လူကဲ့သို့ဖြစ်လာကြ၏။- | |
I Co | BurCBCM | 15:49 | ငါတို့သည် မြေမှုန့်မှ ဖန်ဆင်းခြင်းခံရသူ၏ပုံသဏ္ဌာန်ဖြင့် မွေးဖွားလာကြသကဲ့သို့ ကောင်းကင်မှလာသောလူသား၏ ပုံသဏ္ဌာန်ကိုလည်း ဆောင်ကြရမည်။- | |
I Co | BurCBCM | 15:50 | ညီအစ်ကိုတို့၊ သင်တို့အား ငါဆိုလိုသည်မှာ အသွေးနှင့်အသားတို့ဖြင့် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်ရာ။ သေကြေ ပျက်စီးတတ်သောအရာသည် မသေကြေမပျက်စီးတတ် သောအရာကို မဆက်ခံနိုင်ပေ။ | |
I Co | BurCBCM | 15:52 | ငါတို့အားလုံးသည် အိပ်ပျော်ကြမည်မဟုတ်။ သို့ရာတွင် နောက်ဆုံး တံပိုးခရာမှုတ်သောအခါ ငါတို့အားလုံးသည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အချိန်အတွင်း၌ ပြောင်းလဲကြရလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သော အခါ သေလွန်သူတို့သည် မသေကြေမပျက်စီးတတ် သောအဖြစ်သို့ ရှင်ပြန်ထမြောက်ကြ လိမ့်မည်။ ထိုအခါ ငါတို့သည်လည်း ပြောင်းလဲကြရလိမ့်မည်။- | |
I Co | BurCBCM | 15:53 | အကြောင်း မူကား ဤပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင် သောအရာကိုဆင်မြန်းရမည်။ သေကြေတတ်သောအ ရာသည် မသေကြေနိုင်သောအရာကိုဆင်မြန်းရမည်။- | |
I Co | BurCBCM | 15:54 | ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအရာ ကိုဆင်မြန်း၍ သေကြေတတ်သောအရာသည် မသေနိုင်သော အရာကိုဆင်မြန်းသောအခါ ကျမ်းစာတော်မြတ်၌ ရေးသားထားသောကျမ်းစကားသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ ကျမ်းစကားသည်ကား သေခြင်းသည် အောင်မြင်ခြင်း၌ ဝါးမျိုခြင်းကိုခံရလေပြီ။- | |
I Co | BurCBCM | 15:55 | အိုသေမင်း၊ သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။ အိုသေမင်း၊ သင်၏အဆိပ်ဆူးကား အဘယ်မှာနည်း ဟူ၍ဖြစ် ၏။- | |
I Co | BurCBCM | 15:56 | သေမင်း၏အဆိပ်ဆူးကား အပြစ်ဒုစရိုက်ပေတည်း။ အပြစ်ဒုစရိုက်၏တန်ခိုးကား ပညတ်တရားပေတည်း။- | |
I Co | BurCBCM | 15:57 | သို့ရာတွင် ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ငါတို့အား အောင်မြင်ခြင်းကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူး တော် ကိုချီးမွမ်းပါ၏။ | |