Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 3
I Co BurCBCM 3:1  ညီအစ်ကိုတို့၊ ငါသည် သင်တို့အားပြောဆိုရာတွင် ဝိညာဉ်နှင့်ဆိုင်ရာကို လိုက်နာကျင့်ကြံသူ များအား ပြောသကဲ့သို့ မပြော ဆိုနိုင်ဘဲ သွေးသားအလို အတိုင်းနေထိုင်သောလူများ၊ ခရစ်ယာန်အသက်တာ၌ နုနယ်သေးသောသူများအား ပြောသကဲ့သို့သာ ပြောဆိုနိုင်၏။-
I Co BurCBCM 3:2  သင်တို့သည် အစာကိုကြေအောင်စားရန် အဆင် သင့်မဖြစ်ခဲ့ကြသောကြောင့် ငါသည် သင်တို့အား နို့ရည် ကိုသာ တိုက်ကျွေး ခဲ့၏။ သို့တိုင်အောင် သင်တို့သည် အဆင်သင့်မဖြစ်ကြသေးပေ။-
I Co BurCBCM 3:3  အကြောင်းမူကား သင် တို့သည် သွေးသားအလိုအတိုင်း လိုက်နာကျင့်ကြံနေ ကြဆဲဖြစ်၏။ သင်တို့အချင်းချင်းမနာလို ဝန်တို၍ ခိုက်ရန်ဖြစ်ပွားနေကြသရွေ့ သင်တို့သည် သွေးသားအလို အတိုင်း ကျင့်ကြံနေကြပြီး သာမန်လူတို့ကဲ့သို့ပြုမူနေကြ သည်မဟုတ်ပါလော။-
I Co BurCBCM 3:4  အကြောင်းမူကား တစ်ဦးက ငါသည် ပေါလု၏တပည့်ဖြစ်သည်ဟုဆိုပြီး အခြားတစ်ဦး ကလည်း ငါသည် အာပိုလို၏ တပည့် ဖြစ်သည်ဟုဆိုလျှင် သင်တို့သည် သာမန်လူများကဲ့သို့ပင်မဟုတ်ပါလော။
I Co BurCBCM 3:5  သို့ဖြစ်လျှင် အာပိုလိုကား မည်သူဖြစ်သနည်း။ ပေါလုကား မည်သူဖြစ်သနည်း။ သူတို့သည်ကား သင်တို့ကို ယုံကြည်ခြင်း သို့ပို့ဆောင်ရန် ဘုရားသခင်က တစ်ဦးစီခန့် အပ်ထားသည့်အမှုတော်ဆောင်များသာဖြစ်ကြ၏။-
I Co BurCBCM 3:6  ငါသည် စိုက်ပျိုးခဲ့၏။ အာပိုလိုသည် ရေလောင်းခဲ့၏။ သို့ရာ တွင် ရှင်သန်ကြီးထွားစေသူမှာ ဘုရားသခင်ဖြစ်၏။-
I Co BurCBCM 3:7  သို့ဖြစ်၍ စိုက်ပျိုးသူနှင့် ရေလောင်းသူတို့သည် အရေးပါသည်မဟုတ်။ ရှင်သန်ကြီးထွားစေသည့် ဘုရားသခင်တစ်ပါး တည်းသာလျှင် အရေးပါတော်မူ၏။-
I Co BurCBCM 3:8  စိုက်ပျိုးသူ နှင့် ရေလောင်းသူတို့သည် အတူတူဖြစ်ကြပြီး တစ်ဦးစီသည် မိမိ၏လုပ်ဆောင်မှုအလျောက် အကျိုးခံစားရလိမ့် မည်။-
I Co BurCBCM 3:9  အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏အမှု တော်ဆောင်ဖက်များဖြစ်ကြ၍ သင်တို့သည်ကား ဘုရား သခင်၏လယ် ကွင်း၊ ဘုရားသခင်၏အဆောက်အဦများဖြစ်ကြ၏။
I Co BurCBCM 3:10  ငါ့အား ဘုရားသခင်ပေးသနားတော်မူသောကျေး ဇူးတော်နှင့်အညီ ငါသည် ကျွမ်းကျင်သောဗိသုကာပညာ ရှင်တစ်ဦးကဲ့သို့ အုတ်မြစ်ချခဲ့ပြီး အခြားတစ်ဦးက ယင်းအပေါ်တွင် ဆောက်လုပ်၏။ လူတိုင်းသည် ထိုအုတ်မြစ် ပေါ်တွင် မိမိမည်ကဲ့သို့ ဆောက် လုပ်သည်ကို သတိရှိပါစေ။-
I Co BurCBCM 3:11  အကြောင်းမူကား ချထားပြီးသောအုတ်မြစ်မှာ ခရစ်တော်ယေဇူးပင်ဖြစ်သောကြောင့် ထိုအုတ်မြစ်အပြင် အခြားအုတ်မြစ် ကို မည်သူမျှမချနိုင်ပေ။-
I Co BurCBCM 3:12  အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအုတ်မြစ်ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးအစရှိသည်တို့နှင့် ဆောက်လုပ်ပါလျှင်၊-
I Co BurCBCM 3:13  တစ်ဦးစီ၏လုပ် ဆောင်ချက်သည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား တရားစီရင်ရာနေ့ရက်သည် လူတို့၏ လုပ်ဆောင်ချက်ကို ဖော်ပြ၍ ၎င်းသည် မီးအားဖြင့် ထင်ရှားလာလိမ့် မည်။ မီးသည်လည်း တစ်ဦးစီသည် မည်သည့်အရာများ လုပ်ဆောင်ခဲ့ကြောင်းကို စမ်းသပ်စစ်ဆေးလိမ့်မည်။-
I Co BurCBCM 3:14  အကယ်၍ အုတ်မြစ်ပေါ်တွင် လူတစ်ဦးတည်ဆောက် ထားသောလုပ်ဆောင်ချက်သည် တည်တံ့လျှင် ထိုသူသည် ဆုလာဘ်ကိုရလိမ့်မည်။-
I Co BurCBCM 3:15  အကယ်၍ လူတစ်ဦး ၏လုပ်ဆောင်ချက်သည် မီးလောင်ကျွမ်းခဲ့ပါလျှင် ထိုသူသည် ယင်းကိုဆုံးရှုံးရလိမ့်မည်။ သူကိုယ်တိုင်မှာမူ ကယ်တင်ခြင်းခံရသော်လည်း မီးထဲမှလွတ်မြောက်လာသူကဲ့ သို့ပင်ဖြစ်လိမ့်မည်။
I Co BurCBCM 3:16  သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၍ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့၌ စံပယ်တော် မူသည်ကို သင်တို့မသိကြသလော။-
I Co BurCBCM 3:17  တစ်စုံတစ်ဦးသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် ထိုသူ့ကို ဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်းမွန်မြတ်၏။ ထိုဗိမာန်တော်သည်ကား သင်တို့ပင်ဖြစ်သတည်း။
I Co BurCBCM 3:18  မည်သူမျှ မိမိကိုယ်ကို မလှည့်စားစေနှင့်။ သင်တို့တွင် လောကစံနှုန်းဖြင့် မိမိကိုယ်ကို ဉာဏ်ပညာရှိသူဟု ထင်သောသူသည် အမှန်တကယ်ဉာဏ်ပညာရှိသူဖြစ် စေရန်အတွက် မိုက်မဲသူဖြစ်ပါစေ။-
I Co BurCBCM 3:19  အကြောင်းမူကား ဤ ကမ္ဘာလောက၏ဉာဏ်ပညာသည် ဘုရားသခင်အတွက် မိုက်မဲမှုသာဖြစ်၏။ ကျမ်းစာတော်မြတ်တွင် ကိုယ်တော်သည် ဉာဏ်ပညာရှိသူတို့အား သူတို့၏ပါးနပ်မှု၌ပင် ဖမ်းမိလေပြီဟူ၍လည်းကောင်း၊-
I Co BurCBCM 3:20  တစ်ဖန် ဉာဏ်ပညာရှိသူတို့ ၏အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာ၀ရဘုရားသခင်သိတော်မူသည် ဟူ၍ လည်းကောင်း ရေးသားထား၏။-
I Co BurCBCM 3:21  သို့ဖြစ်၍ မည်သူမျှလူတို့အကြောင်းကို မကြွားဝါစေနှင့်။ အကြောင်းမူကား ခပ်သိမ်းသောအရာ တို့သည် သင်တို့ပိုင်ဆိုင် သောအရာဖြစ်ကြ၏။-
I Co BurCBCM 3:22  ပေါလု ဖြစ်စေ၊ အာပိုလိုဖြစ်စေ၊ စေဖဖြစ်စေ၊ ကမ္ဘာလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ ပစ္စုပ္ပန်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ အားလုံးသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။-
I Co BurCBCM 3:23  သင်တို့ကို ခရစ် တော်ပိုင်ဆိုင်တော်မူ၍ ခရစ်တော်ကို ဘုရားသခင်ပိုင် ဆိုင်တော်မူ၏။