Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 6
I Co BurCBCM 6:1  သင်တို့တွင် တစ်ဦးတစ်ယောက်သည် မိမိ၏ညီအစ်ကိုအပေါ် မကျေနပ်ချက်ရှိလျှင် သန့်ရှင်းသူ များထံသို့မသွားဘဲ တရားမဲ့သူတို့၏စီရင်ချက်ကို ခံယူဝံ့ပါသလော။-
I Co BurCBCM 6:2  သန့်ရှင်းသူတို့သည် ကမ္ဘာလောကအား တရားစီရင်မည်ကို သင်တို့မသိကြ သလော။ ကမ္ဘာလောကသည် သင်တို့၏တရား စီရင်ခြင်းကို ခံရမည်ဖြစ်ပါလျှင် သင်တို့သည် သေးငယ်သောအမှုများကိုစီရင်ရန် အရည်အချင်းမရှိကြသလော။-
I Co BurCBCM 6:3  ငါတို့သည် ကောင်းကင်တမန် တော်များအား တရားစီရင်ရမည်ကို သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ဤဘ၀နှင့်သက်ဆိုင် သည့်အမှုအရာ များကို ငါတို့ပို၍ဆောင်ရွက်နိုင်ကြရမည်မဟုတ်လော။-
I Co BurCBCM 6:4  သို့ဖြစ်၍ သင်တို့၌ ထိုကဲ့သို့သောအမှုအခင်း များရှိလျှင် အသင်းတော်၏လေးစားခြင်းကိုမခံရသောသူတို့၏ရှေ့ မှောက်တွင် အဘယ်ကြောင့်တင်ပြကြသနည်း။-
I Co BurCBCM 6:5  ဤသို့ ငါဆိုရခြင်းမှာ သင်တို့ကိုယ်သင်တို့ရှက်တတ်စေရန်ဖြစ်၏။ သင်တို့တွင် ညီအစ်ကိုအချင်းချင်းအကြား တရားစီ ရင်ဆုံးဖြတ်ပေးနိုင်လောက်သည့်ဉာဏ်ပညာရှိသူတစ်ဦး မျှ မရှိဟူ၍ ဖြစ်နိုင်ပါသလော။-
I Co BurCBCM 6:6  ညီအစ်ကိုများအချင်းချင်း တရားစွဲ၍ လူမျိုးခြားတို့ထံတင်ပြကြရပါသလော။
I Co BurCBCM 6:7  အချင်းချင်းတရားစွဲဆိုမှုသည် သင်တို့အတွက် ရှုံးနိမ့်ခြင်းပင်ဖြစ်သည်။ တရားစွဲဆိုမည့်အစား မတရားပြုခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းခံရသည်က ပို၍ကောင်းသည်မဟုတ်ပါလော။-
I Co BurCBCM 6:8  သို့ရာတွင် သင်တို့ကိုယ်တိုင် မတရားပြုကြ၍ လိမ်လည်လှည့်ဖြားကြပြီး မိမိတို့၏ညီ အစ်ကိုများကိုပင် ထိုကဲ့သို့ဆက်ဆံ ကြ၏။
I Co BurCBCM 6:9  မကောင်းမှုကိုပြုသောသူသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရလိမ့်မည်မဟုတ်ကြောင်းကို သင်တို့ မသိကြသလော။ သင်တို့ကိုယ်သင်တို့မလှည့်စားကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုးကွယ်သူများ၊ သူ့သားမယားကိုပြစ်မှားသူများ၊ လိင်တူဆက်ဆံသူများ၊-
I Co BurCBCM 6:10  သူခိုးများ၊ လောဘကြီးသူများ၊ သောက်စားမူးယစ် သူများ၊ အသရေဖျက်သူများ၊ တိုက်ခိုက်လုယက်သူများတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရလိမ့်မည် မဟုတ်ပေ။-
I Co BurCBCM 6:11  သင်တို့တွင် အချို့တို့သည် ထိုကဲ့သို့ဖြစ်ခဲ့ကြ၏။ သို့ရာတွင် သင်တို့သည် ဆေးကြောခြင်းခံခဲ့ရပြီး သန့်ရှင်းမွန်မြတ်သည့် အဖြစ်သို့ရောက်ခဲ့ကြလေပြီ။ သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်ခဲ့ကြလေပြီ။
I Co BurCBCM 6:12  ငါသည် အားလုံးသောအရာတို့ကို ပြုလုပ်ပိုင်ခွင့်ရှိ သော်လည်း အားလုံးသောအရာတို့သည် ကောင်းကျိုးပြု သောအရာများမဟုတ်ပေ။ ငါသည် အားလုံးသောအရာ တို့ကိုပြုလုပ်ပိုင်ခွင့်ရှိသော်လည်း မည်သည့်အရာကိုမျှ ငါ့အားလွှမ်းမိုးစေ လိမ့်မည်မဟုတ်။-
I Co BurCBCM 6:13  အစားအစာသည် ဝမ်းဗိုက်အတွက်ဖြစ်၍ ဝမ်းဗိုက်သည်လည်း အစားအစာ အတွက်ဖြစ်ပြီး ဘုရားသခင်သည် ထိုအရာနှစ်ခုစလုံးကို ဖျက်ဆီးလိမ့်မည်။ ကိုယ်ခန္ဓာသည် ကာမဂုဏ်လိုက်စား ခြင်းအတွက်မဟုတ်ပေ။ ၎င်းသည် သခင်ဘုရားအတွက် သာဖြစ်ပြီး သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက် ဖြစ်၏။-
I Co BurCBCM 6:14  ဘုရားသခင်သည် သခင်ဘုရားကို ရှင်ပြန်ထ မြောက်စေခဲ့ပြီး မိမိတန်ခိုးတော်အားဖြင့် ငါတို့ကိုလည်း ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။
I Co BurCBCM 6:15  သင်တို့၏ခန္ဓာကိုယ်များသည် ခရစ်တော်၏ခန္ဓာ ကိုယ်အစိတ်အပိုင်းများဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်လျက်နှင့် ငါသည် ခရစ်တော်၏ခန္ဓာကိုယ် အစိတ်အပိုင်းများကိုယူ၍ ပြည့်တန်ဆာတစ်ဦး၏ခန္ဓာ ကိုယ်အစိတ်အပိုင်းများ အဖြစ်ပြုလုပ်ရမည်လော။ မည်သည့်အခါမျှမဖြစ်စေရ။-
I Co BurCBCM 6:16  ပြည့်တန်ဆာတစ်ဦးနှင့် ပေါင်းစပ်သောသူသည် သူမနှင့်တစ်သားတစ်ကိုယ်တည်းဖြစ် သွားကြောင်းသင်တို့မသိကြသလော။ အကြောင်းမူကား ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်ရ လိမ့်မည်ဟု ဆိုထား၏။-
I Co BurCBCM 6:17  သခင်ဘုရားနှင့်ပေါင်းစပ်သူမူကား ကိုယ်တော်နှင့် စိတ်တစ်လုံးတစ်၀တည်းဖြစ်၏။-
I Co BurCBCM 6:18  ကာမဂုဏ်လိုက်စားခြင်းကိုရှောင်ကြဉ်လော့။ လူတစ်ဦး ကျူးလွန်သည့် အခြားအပြစ်များသည် ကိုယ်ခန္ဓာ၏ပြင်ပ တွင်သာဖြစ်၏။ သို့သော် ကာမဂုဏ်လိုက်စားသူသည် မိမိ၏ကိုယ်ခန္ဓာကိုထိခိုက်၍ အပြစ်ကျူးလွန်၏။-
I Co BurCBCM 6:19  သင်တို့ ၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ခံယူရရှိထား သော၊ သင်တို့အတွင်း၌ ရှိတော်မူသည့် ဝိညာဉ်တော် မြတ်၏ဗိမာန်တော်ဖြစ်ကြောင်းကို သင်တို့မသိကြသ လော။ သင်တို့ကိုယ်ကို သင်တို့မပိုင်ဆိုင်ကြ။-
I Co BurCBCM 6:20  သင်တို့ ကို အဖိုးအခပေး၍ ဝယ်ယူထားခြင်းဖြစ်၏။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ် တော်ကိုထင်ရှားစေကြလော့။