Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 2
I Co BurCBCM 2:1  ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့ရောက်လာခဲ့စဉ်က ဘုရားသခင်၏နက်နဲရာကို အလွန်ပင် ပြောင်မြောက်သော စကားများ နှင့် ဉာဏ်ပညာတို့ဖြင့် ကြေညာဟောပြောလျက်လာခဲ့သည်မဟုတ်ပေ။-
I Co BurCBCM 2:2  အကြောင်းမူကား ငါသည် သင်တို့နှင့်ရှိစဉ်တွင် ယေဇူးခရစ်တော်နှင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်တင်ခံရခြင်း အကြောင်း မှ တစ်ပါး အခြားမည်သည့်အရာကိုမျှ သိရှိရန် မလိုဟု ဆုံးဖြတ်ထားခဲ့၏။-
I Co BurCBCM 2:3  ငါသည် အားနည်းလျက် ကြောက်ရွံ့တုန်လှုပ်ခြင်းကြီးစွာဖြင့် သင်တို့နှင့်အတူရှိနေခဲ့၏။-
I Co BurCBCM 2:4  ငါ၏ဩဝါဒနှင့် တရားစကားတို့သည် ဉာဏ်ပညာ နှင့်ကြွယ်၀သောစကားများမဟုတ်သော်လည်း ဝိညာဉ်တော်နှင့်တန်ခိုး တော်တို့ကို ဖော်ပြခဲ့၏။-
I Co BurCBCM 2:5  သို့မှသာ သင်တို့၏ယုံကြည်ခြင်းသည် လူတို့၏ဉာဏ်ပညာအပေါ်၌ မတည်ဘဲ ဘုရားသခင်၏တန်ခိုးတော်အပေါ် ၌သာ တည် နေမည်ဖြစ်၏။
I Co BurCBCM 2:6  သို့ပင်သော်လည်း ငါတို့သည် ရင့်ကျက်သောသူ တို့အလယ်၌ ဉာဏ်ပညာကို ပြောဆိုကြ၏။ အမှန်စင်စစ် ထိုဉာဏ်ပညာ သည် ဤခေတ်ကာလနှင့်သော်လည်းကောင်း၊ မလွဲမသွေပျောက်ကွယ်သွားကြရမည့် ဤခေတ်ကာလမှ အုပ်ချုပ်သူများနှင့် သော်လည်းကောင်း မသက်ဆိုင်ပေ။-
I Co BurCBCM 2:7  သို့သော် ငါတို့၏ဘုန်းကျက်သရေအတွက် ဤခေတ်ကာလများမတည်ရှိမီကပင် ဘုရားသခင်စီရင်ထားတော်မူသော ကိုယ်တော်၏လျှို့ဝှက်ဖုံး ကွယ်လျက်ရှိသည့်ဉာဏ်ပညာကို ငါတို့သွန်သင်ပြောဆို ကြ၏။-
I Co BurCBCM 2:8  ဤခေတ်ကာလ၌ အုပ်ချုပ်သူများတွင် တစ်ဦးတစ်ယောက်မျှ ဤအရာကို နားမလည်ခဲ့ပေ။ အကြောင်းမူကား သူတို့သည် နားလည်ခဲ့ကြပါလျှင် ဘုန်းဂုဏ်တော်ရှင်ကို လက်ဝါးကပ်တိုင်တင်ခဲ့ကြမည်မဟုတ်ပေ။-
I Co BurCBCM 2:9  ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား မည်သည့် မျက်စိနှင့်မျှမမြင်စဖူး၊ နားဖြင့်လည်း မကြားစဖူး၊ လူသား ၏စိတ်နှလုံးဖြင့်လည်း မတွေးမိခဲ့ဖူးသည့်အမှုအရာကို ဘုရားသခင်သည် မိမိအား ချစ်သောသူတို့အတွက် ပြင်ဆင်ထားတော်မူ ၏ဟူ၍ဖြစ်သတည်း။
I Co BurCBCM 2:10  ဘုရားသခင်သည် ဤအမှုအရာများကို ဝိညာဉ် တော်အားဖြင့် ငါတို့အား ဖော်ပြတော်မူပြီ။ အကြောင်းမူကား ဝိညာဉ်တော် သည် ခပ်သိမ်းသောအရာတို့ကိုသာမက ဘုရားသခင်၏နက်နဲသောအရာများသို့တိုင်အောင် စူးစမ်းရှာဖွေတော်မူ၏။-
I Co BurCBCM 2:11  လူတစ်ဦး၏ကြံစည်တွေးတော ချက်များကို ထိုသူ၏အတွင်းရှိ စိတ်ဝိညာဉ်မှတစ်ပါးမည် သူသိနိုင်သနည်း။ ထိုနည်းတူ ဘုရားသခင်၏အကြံအစည်တော်များကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်မှတစ်ပါး မည်သူမျှနားမလည်နိုင်ပေ။-
I Co BurCBCM 2:12  ယခု ငါတို့သည် ကမ္ဘာလောကနှင့်သက်ဆိုင်သောစိတ်ဝိညာဉ်ကို ခံယူခဲ့ ကြသည်မဟုတ်ဘဲ ဘုရားသခင်ထံတော်မှလာသော ဝိညာဉ်တော်ကို ခံယူခဲ့ရခြင်းဖြစ်၏။ ဤသို့ဖြင့် ငါတို့အား ဘုရားသခင်ပေးတော်မူသောကျေးဇူးတော်များကို ငါတို့ နားလည်နိုင်ကြပေလိမ့်မည်။-
I Co BurCBCM 2:13  ငါတို့သည် ဤအကြောင်း အရာများကို လူတို့၏ဉာဏ်ပညာက သင်ကြားပေးသော စကားများဖြင့်မဟုတ်ဘဲ ဝိညာဉ်တော် က သင်ကြားပေးသောစကားများဖြင့် သွန်သင်ပြောဆိုကြ၍ ဝိညာဉ်တော် ကိုရရှိကြသောသူတို့အား ဝိညာဉ်နှင့်ဆိုင်ရာ အမှန် တရား များကို အဓိပ္ပာယ်ဖွင့်ဆိုပေးကြ၏။
I Co BurCBCM 2:14  ဝိညာဉ်နှင့်ဆိုင်သောအရာကို မလိုက်နာသောသူသည် ဝိညာဉ်တော်၏ကျေးဇူးတော်များကို မခံယူနိုင်ပေ။ အကြောင်းမူကား ထိုကျေးဇူးတော်များသည် သူ့အတွက် မိုက်မဲသောအရာများဖြစ်သောကြောင့်တည်း။ ထိုကျေး ဇူးတော်များကို ဝိညာဉ်သဘော ဖြင့်သာ ခွဲခြားနားလည် နိုင်သောကြောင့် သူသည် ဤအရာများကိုနားမလည်နိုင် ပေ။-
I Co BurCBCM 2:15  ဝိညာဉ်နှင့်ဆိုင်ရာကို လိုက်နာကျင့်ကြံသူတို့သည် အရာခပ်သိမ်းကို စီရင်ဆုံးဖြတ်ပြီး သူကိုယ်တိုင်မှာမူ မည် သူ၏စီရင် ဆုံးဖြတ်မှုကိုမျှ မခံရပေ။-
I Co BurCBCM 2:16  ကျမ်းစာလာသည်ကား မည်သူသည် ထာ၀ရဘုရားသခင်၏စိတ်သဘော ကိုသိသည်ဖြစ်၍ ကိုယ်တော့်ကို သွန်သင်နိုင်ပါ သနည်း ဟူ၍ဖြစ်၏။ သို့သော် ငါတို့၌ ခရစ်တော်၏စိတ်သဘော ရှိ၏။