Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 13
I Co BurCBCM 13:1  ငါသည် လူတို့၏ဘာသာစကားများနှင့် ကောင်းကင်တမန်တော်တို့၏ဘာသာစကားများကို ပြောဆိုနိုင်သော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် ဆူညံသောမောင်းသံကဲ့သို့လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏။-
I Co BurCBCM 13:2  ငါသည် ပရောဖက်ဉာဏ်ကိုရ၍ နက်နဲသောအရာရှိသမျှနှင့် အတတ်ပညာရှိသမျှတို့ကို နားလည်တတ်ကျွမ်းပြီး တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းမျိုးရှိသော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် ငါသည် အချည်းနှီးသက်သက်ဖြစ်၏။-
I Co BurCBCM 13:3  ငါ၌ရှိသမျှဥစ္စာ တို့ကိုပေးကမ်းစွန့်ကြဲ၍ ငါ၏ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်နှံပူဇော်သော်လည်း ချစ်ခြင်းမေတ္တာ မရှိလျှင် ငါ ၌ အကျိုးမခံစားရ။
I Co BurCBCM 13:4  ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်း လည်း မရှိ။-
I Co BurCBCM 13:5  ၎င်း၌ မာန်မာနမရှိသကဲ့သို့ ရိုင်း ပျမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာ တတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်း မထားတတ်။-
I Co BurCBCM 13:6  ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ဝမ်းမြောက်တတ်၏။-
I Co BurCBCM 13:7  ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထမ်းနိုင်၏၊ အရာအားလုံးကို ယုံကြည်၏၊ အရာအားလုံးကိုမျှော်လင့်၏။ အရာအားလုံးကို လည်း ကြံ့ကြံ့ခံနိုင်၏။
I Co BurCBCM 13:8  ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ ပရောဖက်တို့၏ ဟောထားချက်များသည် ပျောက်ကွယ်သွားကြလိမ့်မည်။ ဘာသာစကား အမျိုးမျိုးတို့ကိုပြောနိုင်သောလျှာ တို့သည်လည်း တိတ်ဆိတ်သွားကြလိမ့်မည်။-
I Co BurCBCM 13:9  အဘယ်ကြောင့်ဆိုသော် ငါတို့၏အသိပညာနှင့် ဗျာဒိတ်တော်အားဖြင့် ဟောပြောနိုင်သော ငါတို့၏အစွမ်းတို့သည် မပြည့်စုံ ပေ။-
I Co BurCBCM 13:10  သို့သော် စုံလင်သောအရာရောက်ရှိလာ သောအခါတွင် မစုံလင်သောအရာသည် ကွယ်ပျောက်လိမ့်မည်။-
I Co BurCBCM 13:11  ငါသည် ကလေးသူငယ်ဘ၀က ကလေးသူ ငယ်ကဲ့သို့ပြောဆို၍ ကလေးသူငယ်ကဲ့သို့ထင်မြင်ပြီး ကလေးသူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်၏။ ကြီးပြင်းလာ သောအခါ၌မူကား ငါသည် ကလေးဆန်သောအလေ့ အထများကို စွန့်လွှတ်ခဲ့၏။-
I Co BurCBCM 13:12  အကြောင်းမူကား ငါတို့သည် ယခုအချိန်၌ ကြည့်မှန်ပေါ်တွင် မထင်မရှားတွေ့ မြင်ကြရ၏။ ထိုအချိန်အခါ၌မူကား မျက်ဝါးထင်ထင်တွေ့ မြင်ကြရလိမ့်မည်။ ငါသည် ယခုအခါ၌ စုံလင်စွာမသိပေ။ ထိုအချိန်အခါ၌မူကား ဘုရားသခင်သည် ငါ့ကိုစုံလင်စွာ သိ မြင်တော်မူသကဲ့သို့ ငါသည် စုံလင်စွာသိမြင်လိမ့်မည်။-
I Co BurCBCM 13:13  သို့ဖြစ်၍ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူ သော ပါရမီသုံးပါးတို့သည် တည်လျက်ရှိပြီး ဤသုံးပါး တို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။