Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 1
I Co BurCBCM 1:1  ခရစ်တော်ယေဇူး၏တမန်တော်တစ်ပါးဖြစ်ရန် ဘုရားသခင်အလိုတော်ရှိ၍ ခေါ်တော်မူခြင်းခံခဲ့ ရသော ငါပေါလုနှင့် ငါတို့၏ညီ ဆော့စသေနက်တို့ထံမှ၊ -
I Co BurCBCM 1:2  ကောရိန့်မြို့ ရှိ ဘုရားသခင်၏အသင်းတော်မှစ၍ သူတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူသည့် ယေဇူးခရစ်တော်၏နာမ တော်ကို အရပ်ရပ်တို့၌ ခေါ်တကြလျက် အသနားခံကြ သူအပေါင်းတို့နှင့်အတူ ခရစ်တော်ယေဇူးအားဖြင့် သန့် ရှင်းစင်ကြယ်ခြင်းသို့ ရောက်၍ သူတော်သူမြတ်များအ ဖြစ်သို့ ခေါ်တော်မူခြင်းခံရကြသောသူ အပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
I Co BurCBCM 1:3  ငါတို့အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင် ၏ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်တော်မူပါစေ။
I Co BurCBCM 1:4  ခရစ်တော်ယေဇူး၌ သင်တို့အား ပေးသနားတော် မူသော ဘုရားသခင်၏ကျေးဇူးတော်အတွက် ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါ၏။-
I Co BurCBCM 1:5  ဤသို့ဖြင့် သင်တို့သည် ကိုယ်တော်၌ နှုတ်မှုစွမ်းရည်နှင့် အသိဉာဏ်စွမ်းရည်အပေါင်းတို့ဖြင့် ပြည့်စုံကြွယ်၀ကြ သည်ဖြစ်၍၊-
I Co BurCBCM 1:6  ခရစ်တော်အား သက်သေခံခြင်းအမှုသည် သင်တို့အလယ်တွင် အခိုင်အမာတည်ရှိလေပြီ။-
I Co BurCBCM 1:7  သို့ဖြစ် ၍ သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ထင် ရှားတော်မူခြင်းကို စောင့်မျှော်နေကြစဉ်တွင် သင်တို့၌ ဝိညာဉ်ရေးဆိုင်ရာကျေးဇူးတော်များလစ်ဟင်းသည်ဟူ၍ မရှိပေ။-
I Co BurCBCM 1:8  ငါတို့၏သခင် ယေဇူးခရစ်တော်၏နေ့ရက်တွင် သင်တို့သည် အပြစ်ကင်းစင်လျက်ရှိနေကြစေရန် ကိုယ် တော်သည် သင်တို့ကိုအဆုံးတိုင် ခွန်အားဖြည့်တင်းပေး တော်မူလိမ့်မည်။-
I Co BurCBCM 1:9  မိမိသားတော်တည်းဟူသော ငါတို့၏ သခင် ယေဇူးခရစ်တော်၏မိတ်သဟာယတော်တွင်ပါဝင် ကြရန် သင်တို့ကို ခေါ်တော်မူသောဘုရားသခင်သည် သစ္စာရှိတော်မူ၏။
I Co BurCBCM 1:10  ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် သဘောတူ ညီကြလျက် အချင်းချင်းကွဲပြားမှုမရှိဘဲ တူညီသောစိတ် ထား၊ တူညီသောဆုံးဖြတ်ချက်တို့ဖြင့် စည်းလုံးညီညွတ် မှုရှိကြစေရန် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော် ကိုအမှီပြုလျက် သင်တို့အား ငါတောင်းပန်ပါသည်။-
I Co BurCBCM 1:11  အ ကြောင်းမူကား ငါ၏ညီအစ်ကိုများဖြစ်ကြသော သင်တို့ သည် အချင်းချင်းခိုက်ရန်ဖြစ်ပွားကြကြောင်း ခလိုအေ၏ လူတို့ထံမှ ငါကြားသိရ၏။-
I Co BurCBCM 1:12  ငါဆိုလိုသည်ကား သင်တို့ အသီးသီးက ငါသည် ပေါလု၏တပည့်ဖြစ်၏၊ ငါသည် အာပိုလို၏တပည့်ဖြစ်၏၊ ငါသည် စေဖ၏တပည့်ဖြစ်၏၊ ငါသည် ခရစ်တော်၏တပည့်ဖြစ်၏ဟု ပြောဆိုနေကြ သည့်အကြောင်းပင်တည်း။-
I Co BurCBCM 1:13  ခရစ်တော်သည် အုပ်စုကွဲ ပြားနေသလော။ ပေါလုသည် သင်တို့အတွက် ကားတိုင် တင်ခြင်းခံခဲ့ရသလော။ သို့မဟုတ် သင်တို့သည် ပေါလု၏ နာမ၌ ဆေးကြောခြင်းခံခဲ့ကြရသလော။-
I Co BurCBCM 1:14  ငါသည် ခရစ္စပု နှင့် ဂါးယုမှလွဲ၍ သင်တို့တွင် မည်သူ့ကိုမျှဆေးကြော ခြင်းမပေးခဲ့သည့်အတွက် ဘုရားသခင်ကို ငါကျေးဇူးတင် ပါ၏။-
I Co BurCBCM 1:15  သို့မဟုတ်လျှင် တစ်ဦးတစ်ယောက်က သင်တို့ သည် ငါ၏နာမ၌ ဆေးကြောခြင်းခံခဲ့ရသည်ဟု ဆိုကောင်း ဆိုပေလိမ့်မည်။-
I Co BurCBCM 1:16  ငါသည် စတေဖာနာ့၏မိသားစုကိုလည်း ဆေးကြောခြင်းပေးခဲ့၏။ ထိုမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ငါသည် ဆေးကြောခြင်းပေးခဲ့ သည်ဟု မထင်ပေ။-
I Co BurCBCM 1:17  အကြောင်းမူကား ခရစ်တော်သည် ဆေးကြောခြင်းပေးရန် ငါ့ကိုစေလွှတ်ခြင်းမဟုတ်ဘဲ ဧဝံဂေလိသတင်းကောင်းကို ဟောပြောရန် စေလွှတ်တော်မူခြင်းဖြစ်၏။ ဟောပြောရာတွင်လည်း ဉာဏ်ပညာကြွယ်၀ သောစကားများဖြင့် ဟောပြောရန်မဟုတ်ပေ။ ထိုသို့ မဟုတ်ပါလျှင် ခရစ်တော်၏ကားတိုင်တော်သည် ဘုန်း တန်ခိုးကင်းမဲ့သကဲ့သို့ဖြစ်ပေလိမ့်မည်။
I Co BurCBCM 1:18  လက်ဝါးကပ်တိုင်၏တရားစကားသည် ပျက်စီး ခြင်းသို့ရောက်မည့်သူများအတွက် မိုက်မဲသောအရာဖြစ် သော်လည်း ကယ်တင်ခြင်းခံရကြသည့်ငါတို့အတွက်မူ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ပေတည်း။-
I Co BurCBCM 1:19  အကြောင်း မူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ ငါသည် ပညာရှိသူတို့၏ဉာဏ်ပညာကိုဖျက်ဆီး၍ အသိပညာ ရှင်တို့၏တတ်သိနားလည်ခြင်းကို အချည်းနှီးဖြစ်စေမည် ဟူ၍ဖြစ်၏။
I Co BurCBCM 1:20  ပညာရှိသောသူကား အဘယ်မှာနည်း။ ကျမ်းတတ် ဆရာကား အဘယ်မှာနည်း။ ဤခေတ်ကာလ၌ စကားစစ်ထိုးနိုင်သောသူကား အဘယ်မှာနည်း။ ဘုရားသခင်သည် မိုက်မဲခြင်းကို ဤလောက၏ဉာဏ်ပညာဖြစ်စေခဲ့ပြီ မဟုတ်လော။-
I Co BurCBCM 1:21  အကြောင်းမူကား ဤလောကသည် လူတို့၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိမမြင်နိုင်ကြောင်းကို ကိုယ်တော် သည် မိမိ၏ဉာဏ်ပညာဖြင့်သိရှိ သောကြောင့် ငါတို့ဟောပြောသည့်တရား၏မိုက်မဲခြင်းအားဖြင့် ယုံကြည်သူတို့ကို ကယ်တင် ရန် နှစ်သက်တော် မူလေသည်။-
I Co BurCBCM 1:22  အကြောင်းမူကား ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကို တောင်းဆိုကြ၍ ဂရိလူမျိုးတို့သည် ဉာဏ်ပညာကို တောင်းဆိုကြ၏။-
I Co BurCBCM 1:23  သို့ရာတွင် ငါတို့သည် လက်ဝါးကပ်တိုင်အတင်ခံရသောခရစ်တော်၏အ ကြောင်းကိုဟောပြောကြ၏။ ယင်းသည် ဂျူးလူမျိုး တို့အတွက် အတားအဆီးတစ်ခုဖြစ်၍ လူမျိုးခြားတို့အတွက်လည်း မိုက်မဲသောအရာတစ်ခုဖြစ်လေ၏။-
I Co BurCBCM 1:24  သို့သော် လည်း ခေါ်တော်မူခြင်းခံရကြသောဂျူးလူမျိုးတို့နှင့် ဂရိလူမျိုးတို့အတွက်မှာမူ ခရစ်တော်သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်တော်မူ၏။-
I Co BurCBCM 1:25  အကြောင်းမူကား ဘုရားသခင်၏မိုက်မဲခြင်းသည် လူသားတို့ဉာဏ်ပညာရှိခြင်းထက် ပို၍အမြော်အမြင်ရှိပြီး ဘုရားသခင် ၏ ခွန်အားနည်းခြင်းသည် လူတို့ ခွန်အားရှိသည်ထက် ပို၍ခွန်အားကြီးမားတော်မူ၏။
I Co BurCBCM 1:26  ညီအစ်ကိုတို့၊ သင်တို့၏ခေါ်တော်မူခြင်းကို ဆင်ခြင် သုံးသပ်ကြလော့။ သင်တို့တွင် လောကီစံနှုန်းအရ ပညာရှိသူ၊ ဩဇာ အာဏာရှိသူ၊ မျိုးရိုးဇာတိမြင့်မြတ်သူဟူ၍ များစွာမရှိကြချေ။-
I Co BurCBCM 1:27  သို့ရာတွင် ဘုရားသခင်သည် ပညာရှိသူတို့အရှက်ရစေရန် လောကတွင် ဉာဏ်ပညာမဲ့သူတို့ ကိုရွေးချယ်ခဲ့ပြီး ခွန်အားကြီး သူတို့အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူခဲ့၏။-
I Co BurCBCM 1:28  ဘုရားသခင်သည် လောကတွင် နိမ့်ကျသူများနှင့် ဝိုင်းပယ်ထားခြင်းခံ ရသူများကို ရွေးချယ်တော်မူသည့်အပြင် အရေးပါ သည့် အရာများကို အချည်းနှီးဖြစ်စေရန် အရေးမပါသည့်အရာ များကို ရွေးချယ်တော်မူခဲ့၏။-
I Co BurCBCM 1:29  ဤနည်းဖြင့် မည်သည့်လူ သားမျှ ဘုရားသခင်၏မျက်မှောက်တော်တွင် ကြွားဝါခြင်း မပြုနိုင်စေရန်ဖြစ်၏။-
I Co BurCBCM 1:30  ကိုယ်တော်သည် ယေဇူးခရစ်တော်အားဖြင့် အသက်ရှင်သော သင်တို့အသက်တာ၏ မူလဇာစ်မြစ်ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်ကို ငါတို့၏ဉာဏ်ပညာ၊ ငါတို့၏ဖြောင့်မတ်မှန်ကန်ခြင်း၊ သန့် ရှင်းစင်ကြယ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်စေ တော်မူခဲ့ လေပြီ။-
I Co BurCBCM 1:31  ထို့ကြောင့် ကျမ်းစာတော်မြတ်၌ ရေးထားသည့် အတိုင်း ကြွားဝါလိုသောသူသည် ထာ၀ရဘုရားသခင်၌သာလျှင် ကြွားဝါ ပါစေ။