I TIMOTHY
Chapter 3
I Ti | BurCBCM | 3:1 | တစ်စုံတစ်ယောက်သည် သာသနာ၏အကြီးအမှူး အရိုက်အရာအတွက် ရည်ရွယ်ချက်ကြီးမားစွာထားရှိလျှင် သူသည် မွန်မြတ်သော တာဝန်တစ်ခုကို လိုလားခြင်းဖြစ်သည် ဟူသောစကားမှာမှန်ပေ၏။- | |
I Ti | BurCBCM | 3:2 | သာသနာအကြီးအမှူးသည် အပြစ်တင်စရာမရှိသူ၊ ဇနီးတစ်ဦးတည်း၏ ခင်ပွန်းဖြစ်သူ၊ မျှတစွာကျင့်ကြံသူ၊ ပညာသတိရှိသူ၊ ဣန္ဒြေသိက္ခာရှိသောသူ၊ ဧည့်ဝတ်ကျေပွန်သူနှင့် ကောင်းစွာသင်ကြားပေးတတ်သော သူဖြစ်ရမည်။- | |
I Ti | BurCBCM | 3:3 | သူသည် သောက်စားမူးယစ်တတ်သောသူ၊ ကြမ်းတမ်းရက်စက်သူ၊ ခိုက်ရန်ဖြစ်ပွားတတ်သောသူ၊ ငွေကြေးတပ်မက်သူ အစရှိသောလူမျိုးမဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူဖြစ်ရမည်။- | |
I Ti | BurCBCM | 3:4 | သူသည် မိမိ၏မိသားစုကို ကောင်းစွာအုပ်ချုပ်သူဖြစ်၍ မိမိ၏သားသမီးများကိုလည်း အရာရာ၌ ကျိုးနွံနာခံစေ၍ ရိုသေလေးစားတတ်သော သူများဖြစ်ရန် ထိန်းသိမ်းနိုင်ရမည်။- | |
I Ti | BurCBCM | 3:5 | အကြောင်းမူကား လူတစ်ဦးသည် မိမိ၏မိသားစုကို ထိန်းသိမ်းအုပ်ချုပ်နိုင်စွမ်းမရှိပါလျှင် သူသည် ဘုရားသခင်၏ အသင်းတော်ကို မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မည်နည်း။- | |
I Ti | BurCBCM | 3:6 | ဤသူသည် မကြာသေးမီက ဘာသာဝင်လာသူ မဖြစ်စေရ။ သို့မဟုတ်လျှင် ထိုသူသည် မာနထောင်လွှားခြင်းဖြင့် ဘဝင်မြင့်ပြီး နတ်ဆိုးကဲ့သို့ အပြစ်ဒဏ်စီရင်ခြင်းခံရမည်ကို စိုးရိမ်ရ၏။- | |
I Ti | BurCBCM | 3:7 | ထိုမျှမက သူသည် အသင်းတော်ပြင်ပမှလူများ၏ ရိုသေလေးစားခြင်းကို ခံရသူလည်းဖြစ်ရမည်။ ထိုသို့မဟုတ်လျှင် သူသည် ကဲ့ရဲ့ ပြစ်တင်ခံရ၍ နတ်ဆိုး၏ကျော့ကွင်းသို့ ကျရောက်နိုင်၏။ | |
I Ti | BurCBCM | 3:8 | ထိုနည်းတူပင် သိက္ခာရအမှုတော်ဆောင်တို့သည်လည်း တည်ကြည်လေးနက်သူများဖြစ်ကြရမည်။ သူတို့သည် လျှာနှစ်ခွဖြင့် ပြောဆိုသူများ၊ စပျစ်ရည်သောက်ကြူးသူများနှင့် အကျိုးအမြတ်ရရန် လောဘကြီးသူများ မဖြစ်စေရ။- | |
I Ti | BurCBCM | 3:10 | သူတို့သည် ပထမဦးစွာ စမ်းသပ်စစ်ဆေးခြင်းကို ခံယူကြပါစေ။ ဤသို့ဖြင့် သူတို့သည် အပြစ်တင်စရာမရှိကြောင်း မိမိတို့ကိုယ်ကိုသက်သေပြနိုင်လျှင် သူတို့ကို သိက္ခာရအမှုတော်ဆောင်များအဖြစ် အမှုထမ်းစေလော့။- | |
I Ti | BurCBCM | 3:11 | ထိုနည်းတူ အမျိုးသမီးတို့သည်လည်း တည်ကြည်လေးနက်သောသူများ ဖြစ်ကြရမည်။ သူတို့သည် သူတစ်ပါး အသရေပျက်အောင် ပြောဆိုသူများမဟုတ်ဘဲ မျှတစွာပြုကျင့်သူများဖြစ်ကြ၍ အရာရာတို့၌ သစ္စာရှိသူများဖြစ်ကြရမည်။- | |
I Ti | BurCBCM | 3:12 | သိက္ခာရအမှုတော်ဆောင်တို့သည် ဇနီးတစ်ဦးတည်း၏ ခင်ပွန်းဖြစ်ကြရမည်။ သူတို့သည် မိမိတို့၏သားသမီးများနှင့် မိသားစုတို့ကို ကောင်းစွာထိန်းသိမ်းအုပ်ချုပ်သူများဖြစ်ကြပါစေ။- | |
I Ti | BurCBCM | 3:13 | သိက္ခာရအမှုတော်ဆောင်အဖြစ် ကောင်းစွာအစေခံသောသူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဂုဏ်သိက္ခာရှိစေမည့်အပြင် ခရစ်တော်ယေဇူး၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍လည်း အခွင့်အာဏာဖြင့်ဟောပြောနိုင်ကြလိမ့်မည်။ | |
I Ti | BurCBCM | 3:14 | ငါသည် သင့်ထံသို့ မကြာမီလာရောက်နိုင်မည်ဟု မျှော်လင့်ပါ၏။ သို့သော် ဤသွန်သင်ချက်များကို သင့်ထံသို့ ရေးရသော အကြောင်းရင်းမှာ၊- | |
I Ti | BurCBCM | 3:15 | အကယ်၍ ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာခဲ့ပါလျှင် ဘုရားသခင်၏ အိမ်ထောင်စုအတွင်း၌ လူတစ်ဦးသည် မည်ကဲ့သို့နေထိုင်ကျင့်ကြံရမည့်အကြောင်းကို သင်သိစေရန်ဖြစ်၏။ ဘုရားသခင်၏အိမ်ထောင်စုသည်ကား အသက်ရှင်သော ဘုရားသခင်၏အသင်းတော်နှင့် သမ္မာတရား၏မဏ္ဍိုင်နှင့် ကျောထောက်နောက်ခံဖြစ်သတည်း။- | |
I Ti | BurCBCM | 3:16 | ငါတို့ ဘာသာတရား၏ နက်နဲရာအချက်သည် အမှန်စင်စစ်ကြီးမြတ်လှကြောင်းကို ငါတို့ယုံကြည်ဝန်ခံပါ၏။ ကိုယ်တော့်ကို လူအဖြစ်၌ ထင်ရှားစေပြီးလျှင် ကိုယ်တော်သည် ဖြောင့်မတ်ကြောင်းကို ဝိညာဉ်တော်က သက်သေထူတော်မူ၏။ ကောင်းကင်တမန်တော်တို့သည် ကိုယ်တော့်ကို ဖူးမြင်ကြရ၏။ သတင်းတော်ကို လူမျိုးအပေါင်းတို့အလယ်တွင် ကြေညာ ဟောပြောကြ၍ ကမ္ဘာအနှံ့ယုံ ကြည်ခဲ့ကြသည်။ ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် အထက်သို့ဆောင်ယူခြင်းခံရတော်မူပြီ။ | |