I TIMOTHY
Chapter 1
I Ti | BurCBCM | 1:1 | ငါတို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေဇူးနှင့် ငါတို့၏ကယ်တင်ရှင်ဖြစ်သော ဘုရားသခင်၏ အမိန့်တော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်အဖြစ် ရွေးကောက်ခြင်းခံရသော ငါပေါလုသည်၊- | |
I Ti | BurCBCM | 1:2 | ယုံကြည်ခြင်း၌ ငါ၏သားအစစ်အမှန်ဖြစ်သော တီမောသီဦးထံသို့ စာရေးလိုက်ပါ၏။ အဖခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ခရစ်တော်ယေဇူးထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်းသာယာခြင်းကို ခံစားရပါစေသော်။ | |
I Ti | BurCBCM | 1:3 | ငါသည် မာစီဒိုးနိယပြည်သို့သွားစဉ် သင့်ကိုတိုက်တွန်းခဲ့သည့်အတိုင်း သင်သည် ဧဖက်ဆုမြို့တွင် ဆက်လက်နေထိုင်၍ အချို့သောပုဂ္ဂိုလ်များအား ကွဲပြားသောအယူဝါဒများကို မသွန်သင်ကြစေရန်နှင့်၊- | |
I Ti | BurCBCM | 1:4 | ယုံကြည်ခြင်း၌ အခြေခံသော ဘုရားသခင်၏အစီအမံများကို သွန်သင်ခြင်းမရှိဘဲ အငြင်းပွားမှုများကို တိုးပွားစေသည့်ဒဏ္ဍာရီ ပုံပြင်များနှင့် အဆုံးမသတ်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို အာရုံမစိုက်ကြစေရန် သတိပေးရမည်ဖြစ်၏။- | |
I Ti | BurCBCM | 1:5 | ဤကဲ့သို့ ငါတို့လမ်းညွှန်မှုပေးရသည့် အကြောင်းရင်းသည်ကား စင်ကြယ်သောနှလုံးသား၊ ကောင်းမြတ်သော အတွင်းစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းတို့မှ ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာ ရှိကြစေရန်ဖြစ်၏။- | |
I Ti | BurCBCM | 1:6 | အချို့သောသူတို့သည် ဤအချက်များမှ လွဲချော်သွားပြီးလျှင် အကျိုးမဲ့သော ဆွေးနွေးငြင်းခုံကြသည့်အဖြစ်သို့ ရောက်ခဲ့ကြ၏။- | |
I Ti | BurCBCM | 1:7 | ဤသူတို့သည် မိမိတို့ပြောဆိုနေသော အရာများကိုလည်းကောင်း၊ မိမိတို့အခိုင်အမာ စွဲကိုင်သင်ကြားနေသည့် အရာတို့ကိုလည်းကောင်း နားမလည်ဘဲ ပညတ်တရားကို သင်ကြားပေးသည့်ဆရာများ ဖြစ်လိုကြ၏။ | |
I Ti | BurCBCM | 1:8 | မှန်ကန်စွာလိုက်နာကျင့်သုံးပါလျှင် ပညတ်တရားသည် ကောင်းမြတ်ကြောင်း ငါတို့အားလုံးသိကြ၏။- | |
I Ti | BurCBCM | 1:9 | ငါတို့နားလည်ကြသည်ကား ပညတ်တရားကို ဖြောင့်မတ်သောသူတို့အတွက် ချမှတ်ထားခြင်းမဟုတ်ဘဲ တရားမဲ့သူ၊ နာခံခြင်းမရှိသူ၊ ဘုရားတရားမရှိသူ၊ အပြစ်ရှိ သူ၊ ဆိုးညစ်မိုက်မဲသူ၊ ဘုရားသခင်ကို ထိခိုက်စော်ကားသူ၊ ဖခင်တို့ကိုသတ်သူများ၊ မိခင်တို့ကိုသတ်သူများ၊ လူ့အသက်ကိုသတ်သူများ၊- | |
I Ti | BurCBCM | 1:10 | ကာမဂုဏ်အမှု၌ ကိုယ်ကျင့်တရားပျက်ပြားသူများ၊ လိင်တူချင်း ဆက်ဆံသူများ၊ ပြန်ပေးဆွဲသူများ၊ လိမ်လည်သူများ၊ မုသားသက်သေခံသူများနှင့် စစ်မှန်သောအယူဝါဒကို ဆန့်ကျင်သောအရာ ဟူသမျှတို့အတွက် ချမှတ်ထားခြင်းသာဖြစ်၏။- | |
I Ti | BurCBCM | 1:11 | ဤသွန်သင်ချက်သည် မွန်မြတ်တော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားတော် အတိုင်းဖြစ်၏။ ထိုတရားတော်ကို ဟောကြားရန် ငါ့အား တာဝန်အပ်နှင်းထားခဲ့ခြင်းဖြစ်၏။ | |
I Ti | BurCBCM | 1:12 | ဤအမှုအရာအတွက် ငါ့အား ခွန်အားပေးတော်မူသော ငါတို့၏သခင် ယေဇူးခရစ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါ့အား မိမိ၏အမှုတော်ကိုဆောင်ရွက်ရန် ခန့်အပ်ထားခြင်းဖြင့် ငါသည် သစ္စာရှိသူ ဖြစ်ကြောင်း သတ်မှတ်တော်မူလေပြီ။- | |
I Ti | BurCBCM | 1:13 | ငါသည် ယခင်က ကိုယ်တော့်ကို ထိခိုက်ပြောဆိုခဲ့၍ ညှဉ်းပန်းနှိပ်စက်ကာ မထီမဲ့မြင်ပြုခဲ့သော်လည်း ကိုယ်တော်သည် ငါ့ကို ဤသို့သတ်မှတ်ခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေ ငါသည် သနားကရုဏာတော်ကို ခံစားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ယုံကြည်ခြင်းကင်းမဲ့လျက် မသိနားမလည်ဘဲ ထိုကဲ့သို့ပြုမူခဲ့ခြင်း ဖြစ်သောကြောင့်တည်း။- | |
I Ti | BurCBCM | 1:14 | ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည် ခရစ်တော်ယေဇူး၌ရှိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်အတူ ငါ့အတွက်ပြည့်လျှံခဲ့လေပြီ။- | |
I Ti | BurCBCM | 1:15 | ခရစ်တော်ယေဇူးသည် အပြစ်ရှိသောသူတို့ကိုကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာတော်မူခဲ့သည်ဟူသော စကားသည် မှန်ကန်၍ အပြည့်အဝလက်ခံထိုက်ပေ၏။ အကြောင်းမူကား ငါသည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးပင်ဖြစ်၏။- | |
I Ti | BurCBCM | 1:16 | သို့သော် ထာ၀ရအသက်ကိုရရှိရန်အလို့ငှာ ကိုယ်တော်၌ ယုံကြည်လာမည့်သူတို့အတွက် စံနမူနာဖြစ်စေရန် ယေဇူး ခရစ်တော်သည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးဖြစ်သောငါ့၌ ပြည့်စုံသောသည်းခံခြင်းကို ပြသတော်မူလိုသောကြောင့် ငါသည် သနားကရုဏာတော်ကို ခံစားရခြင်းဖြစ်၏။- | |
I Ti | BurCBCM | 1:17 | ခေတ်ကာလအပေါင်းတို့၏ဘုရင်၊ ပျက်စီးပြောင်းလဲခြင်းနှင့်ကင်းသော၊ မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိတော်မူပါစေသော်။ အာမင်။ | |
I Ti | BurCBCM | 1:18 | ငါ့သား တီမောသီဦး၊ သင့်ကိုရည်ညွှန်း၍ ပရောဖက်တို့ ဟောကြားထားခဲ့သည့် စကားနှင့်အညီ သင်သည် ဤစကားများ အားဖြင့် လှုံ့ဆော်ခြင်းကိုခံရလျက် ကောင်းသောစစ်ပွဲကို တိုက်ခိုက်နိုင်စေရန် ဤတာဝန်ကို သင့်အား ယုံကြည်စိတ်ချစွာ ငါအပ်နှင်းလိုက်၏။- | |
I Ti | BurCBCM | 1:19 | ယုံကြည်ခြင်းနှင့် မှန်ကန်သောအသိတရားတို့ကို စွဲမြဲစွာစောင့်ထိန်းလော့။ အချို့သောလူတို့သည် အသိတရားကို ငြင်းပယ်ခြင်းအားဖြင့် မိမိတို့၏ယုံကြည်ခြင်းကို ဆုံးရှုံးခဲ့ကြလေပြီ။- | |