I TIMOTHY
Chapter 6
I Ti | BurCBCM | 6:1 | ကျွန်ဘ၀၌ရောက်နေသောသူတို့သည် မိမိတို့၏သခင်များကို ရိုသေလေးစားထိုက်သူများဟု မှတ်ယူပါစေ။ သို့မှသာ မည်သူကမျှ ဘုရားသခင်၏နာမတော်နှင့် သွန်သင်ချက်တို့ကို ထိခိုက်ပြောဆိုမည်မဟုတ်ပေ။- | |
I Ti | BurCBCM | 6:2 | သူတို့၌ ယုံကြည်သူသခင်များ ရှိပါကလည်း ၎င်းတို့မှာ မိမိတို့၏ညီအစ်ကိုများဖြစ်သည် ဟူသောအကြောင်းပြချက်ဖြင့် ၎င်းတို့ကို မလေးမစားမပြုရ။ အမှန်စင်စစ် မိမိတို့၏အစေခံခြင်းကို ခံနေရသောသူတို့သည် ယုံကြည်သူများနှင့် ချစ်ခင်ရသူများ ဖြစ်သောကြောင့် ပို၍ပင်ကောင်းမွန်စွာ အစေခံကြရမည်။ ဤတာဝန်ဝတ္တရားများကို သွန်သင်၍ လိုက်နာကြစေရန် နှိုးဆော်လော့။ | |
I Ti | BurCBCM | 6:3 | တစ်စုံတစ်ယောက်သည် ကွဲပြားသောအယူဝါဒကိုသွန်သင်၍ ငါတို့၏ သခင်ယေဇူးခရစ်တော်၏ မှန်ကန်သော သွန်သင်ချက်ကိုသော်လည်းကောင်း၊ စစ်မှန်သောဘာသာတရားနှင့် ကိုက်ညီသောသွန်သင်ချက်ကိုသော်လည်းကောင်း လက်မခံလျှင်၊- | |
I Ti | BurCBCM | 6:4 | ထိုသူသည် မောက်မာထောင်လွှား၍ မည်သည့်အရာကိုမျှ မသိနားမလည်သောသူသာဖြစ်၏။ ထိုသူသည် အငြင်းပွားဖွယ်မေးခွန်းများနှင့် စကားအသုံးအနှုန်းများအပေါ် ငြင်းခုံခြင်း၌သာ စိတ်ဝင်စားခြင်းဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် မနာလိုဝန်တိုခြင်း၊ စိတ်သဘောကွဲလွဲခြင်း၊ သူတစ်ပါး၏အသရေကိုဖျက်ခြင်း၊ မကောင်းသောသံသယစိတ်ဝင်ခြင်းစသည် တို့ကိုဖြစ်ပေါ်စေလျက်၊- | |
I Ti | BurCBCM | 6:5 | စိတ်ဓာတ်ပျက်ပြား၍ သမ္မာတရားကင်းမဲ့သော သူတို့အချင်းချင်း ကြာမြင့်စွာငြင်းခုံစေပြီးလျှင် ထိုသူတို့က ဘုရားတရားဆိုသည်မှာ အကျိုးအမြတ်ရနိုင်သော လမ်းစဖြစ်သည်ဟု ထင်မြင်နိုင်လေ၏။- | |
I Ti | BurCBCM | 6:6 | ရောင့်ရဲတင်းတိမ်ခြင်းရှိပါက ဘုရားတရားကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ကြီးစွာသောအကျိုးကျေးဇူးကို ရရှိနိုင်၏။- | |
I Ti | BurCBCM | 6:7 | အကြောင်းမူကား ငါတို့သည် ကမ္ဘာလောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်လာခဲ့ခြင်း မရှိသကဲ့သို့ မည်သည့်အရာကိုမျှလည်း ကမ္ဘာလောကထဲမှ ယူဆောင်သွားနိုင်ကြမည်မဟုတ်ပေ။- | |
I Ti | BurCBCM | 6:9 | ချမ်းသာကြွယ်၀လိုသော သူတို့မူကား နှောင့်ယှက်ခြင်းသို့ ကျရောက်ခြင်း၊ ထောင်ချောက်မိခြင်း၊ လူတို့ကို ပျက်စီးခြင်းသို့ ရောက်စေသော စွဲလမ်းတပ်မက်မှုများ နောက်သို့လိုက်ပါတတ်ခြင်းဖြင့် ကျရှုံးတတ်ကြ၏။ ထိုစွဲလမ်းမှုများသည် မိုက်မဲ၍ လူကိုထိခိုက်စေလေ၏။- | |
I Ti | BurCBCM | 6:10 | အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုမှန်သမျှ၏ အရင်းအမြစ်ဖြစ်သောကြောင့်တည်း။ ဤတပ်မက်ခြင်းကြောင့် အချို့သောသူတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲခဲ့ကြပြီးလျှင် မိမိတို့၏စိတ်နှလုံးများကို စိတ်ပူဆွေးခြင်း များဖြင့် ထိုးဖောက်နာကျင်စေကြလေပြီ။ | |
I Ti | BurCBCM | 6:11 | အိုဘုရားသခင်၏လူ၊ သင်မူကား ဤအရာအားလုံးတို့ကို ရှောင်ကြဉ်ပါလော့။ ဖြောင့်မတ်မှန်ကန်ခြင်း၊ ဘုရားတရား ကြည်ညိုခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာရှိခြင်း၊ တည်ကြည်ခိုင်မာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းစသည်တို့ကို ရည်မှန်း၍ ကျင့်ကြံပါလော့။- | |
I Ti | BurCBCM | 6:12 | ယုံကြည်ခြင်းအတွက် ကောင်းသောတိုက်ပွဲကိုဆင်နွှဲ၍ ထာ၀ရအသက်ကို ရယူလော့။ သင့်အား ထိုအသက်တာသို့ ခေါ်တော်မူသည်ဖြစ်၍ ယင်းအတွက်ပင် သင်သည် သက်သေများစွာတို့၏ ရှေ့မှောက်၌ သင်၏ယုံကြည်ခြင်းကို ဝန်ခံခဲ့ခြင်းဖြစ်၏။- | |
I Ti | BurCBCM | 6:13 | ခပ်သိမ်းသောအရာတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်၏ ရှေ့မျက်မှောက်နှင့် ပုံစီဦးပီလာတုမင်းရှေ့၌ မိမိကိုယ်မိမိ သက်သေခံရာတွင် ကောင်းစွာဝန်ခံပြောဆိုခဲ့သော ခရစ်တော်ယေဇူး၏ရှေ့မျက်မှောက်၌၊- | |
I Ti | BurCBCM | 6:14 | သင့်အား ငါမိန့်မှာသည်ကား ငါတို့၏သခင် ယေဇူးခရစ်တော် ထင်ရှားပေါ်ထွန်းလာသည့်တိုင်အောင် ပညတ်တော်များကို အမည်းစက်မထင်စေဘဲ အပြစ်တင်ခြင်းမှကင်းလွတ်အောင် စောင့်ထိန်းလော့။- | |
I Ti | BurCBCM | 6:15 | ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဖြစ်၍ မင်္ဂလာရှိတော်မူသည့် တစ်ပါးတည်းသော အရှင်သခင်သည် သင့်လျော်သော အချိန်၌ ခရစ်တော်ကို ထင်ရှားပေါ်ထွန်းစေလိမ့်မည်။- | |
I Ti | BurCBCM | 6:16 | ထိုအရှင်သခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းပြီး လူတို့မချဉ်းကပ်နိုင်သော အလင်းတော်၌ စံပယ်တော်မူလေ၏။ ထိုအရှင်အား မည်သူမျှမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ကြပေ။ ကိုယ်တော်၌ ဘုန်းဂုဏ်တော်နှင့် ထာ၀ရစိုးစံခြင်း ရှိတော်မူပါစေသော်။ အာမင်။ | |
I Ti | BurCBCM | 6:17 | ဤကမ္ဘာလောက၌ ဥစ္စာဓနကြွယ်၀ချမ်းသာသော သူတို့နှင့်ပတ်သက်၍ဆိုရလျှင် သူတို့အား မောက်မာခြင်းမရှိစေရန်နှင့် မတည်မြဲသော ဥစ္စာကြွယ်၀မှုတို့အပေါ်တွင် မျှော်လင့်အားကိုးခြင်းမရှိဘဲ ငါတို့ခံစားအသုံးပြုနိုင်ရန် အရာခပ်သိမ်းတို့ကို ကြွယ်၀စွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌သာ မျှော်လင့်ကိုးစားကြရန် သင်မိန့်မှာပါလော့။- | |
I Ti | BurCBCM | 6:18 | သူတို့သည် ကောင်းမှုကိုပြုကြ၍ ကောင်းသောအပြုအမူတို့ဖြင့် ပြည့်၀နေကြရမည်။ သူတို့၌ သဒ္ဓါရက်ရောသောစိတ်ရှိ၍ ဝေမျှပေးလိုသောဆန္ဒရှိရမည်။- | |
I Ti | BurCBCM | 6:19 | ဤသို့ဖြင့် သူတို့သည် အနာဂတ်အတွက် ကောင်းသောအုတ်မြစ်ကို ချနိုင်ကြပြီးလျှင် စစ်မှန်သည့် တစ်ခုတည်းသော ဘ၀အသက်တာကို ရယူပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။ | |
I Ti | BurCBCM | 6:20 | အို တီမောသီဦး၊ သင့်အား အပ်နှင်းထားသမျှကို ထိန်းသိမ်းစောင့်ရှောက်ပါလော့။ ဘုရားတရားမဲ့သော စကားများ ပြောဆိုခြင်းနှင့် အသိတရားဟု မှားယွင်းစွာ ခေါ်ဝေါ်သမုတ်ကြသော ဆန့်ကျင်ဘက်သဘောတရားများကို ရှောင်ကြဉ်ပါလော့။- | |