Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 13
II C BurCBCM 13:1  ယခုအကြိမ်သည် သင်တို့ထံသို့ ငါတတိယ အကြိမ်လာခြင်းဖြစ်၏။ စွပ်စွဲချက်မှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ထွက်ဆိုချက် အားဖြင့် အတည်ပြုရမည်။-
II C BurCBCM 13:2  နောက်တစ်ကြိမ် ငါလာလျှင် သင်တို့အား ညှာတာလိမ့်မည်မဟုတ်ဟု သင်တို့ထံသို့ ငါဒုတိယအကြိမ်လာခဲ့စဉ်က အပြစ်ကျူးလွန်ထားသော သူများနှင့် အခြားသူအားလုံးတို့ကို သတိပေးခဲ့သည့် အတိုင်း ယခုလည်း ငါအဝေး၌ရှိစဉ် ထိုသူတို့အား သတိ ပေးလိုက်ပါ၏။-
II C BurCBCM 13:3  အကြောင်းမူကား ခရစ်တော်သည် ငါ့အားဖြင့် မိန့်ဆိုတော်မူကြောင်းကို သက်သေပြရန် သင်တို့ဆန္ဒရှိကြ၏။ ကိုယ်တော်သည် သင်တို့နှင့်ဆက်ဆံရာတွင် ပျော့ညံ့ခြင်းမရှိသည်သာမက သင်တို့အလယ်၌လည်း ခွန်အားတန်ခိုးနှင့်ပြည့်စုံ တော်မူ၏။-
II C BurCBCM 13:4  အကြောင်း မူကား ကိုယ်တော်သည် ခွန်အားနည်းသည့်အဖြစ်အခြေ အနေ၌ လက်ဝါးကပ်တိုင်တွင် အသတ်ခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်လျက် ရှိတော်မူ၏။ ငါတို့သည် ကိုယ်တော့်နည်းတူ ခွန်အားနည်း ကြသော်လည်း သင်တို့နှင့်ဆက်ဆံရာတွင် ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင် ကြလိမ့်မည်။
II C BurCBCM 13:5  သင်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲသူ များဟုတ်၊ မဟုတ် မိမိတို့ကိုယ်ကို ဆန်းစစ်ကြပါလော့။ သင်တို့ကိုယ်သင် တို့စမ်းသပ်ကြပါလော့။ ယေဇူးခရစ် တော်သည် သင်တို့၌ ကိန်းအောင်းတော်မူကြောင်းကို သင်တို့မသိနားမလည်ကြပါသလော။ သို့ဖြစ်လျှင် သင်တို့သည် စမ်းသပ်ခံရာ၌ အမှန်ပင်ရှုံးနိမ့်ခဲ့ခြင်းသာဖြစ်ရမည်။-
II C BurCBCM 13:6  ငါတို့သည် ရှုံးနိမ့်ခဲ့ခြင်းမရှိသည်ကို သင်တို့တွေ့ ရှိကြလိမ့်မည်ဟု ငါမျှော်လင့်ပါ၏။-
II C BurCBCM 13:7  သင်တို့သည် အမှား မလုပ်မိကြစေရန် ဘုရားသခင်ထံ ငါတို့ဆုတောင်းပါ၏။ ဤသို့ဆိုရာတွင် ငါတို့သည် စစ်ဆေးခံခြင်းကို ရင်ဆိုင်ပြီး ဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်ဘဲ ငါတို့ရှုံးနိမ့်ဟန်ရှိ လျှင်ပင် သင်တို့သည်ကား ကောင်းသောအမှုကိုသာ ပြု လုပ်ကြစေရန်ပင်ဖြစ်၏။-
II C BurCBCM 13:8  အကြောင်းမူကား ငါတို့သည် သမ္မာတရားကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မဆောင်ရွက်နိုင်ပေ။ ငါတို့သည် သမ္မာတရား အတွက်သာ လုပ်ဆောင်ကြ၏။-
II C BurCBCM 13:9  ငါတို့သည် အားနည်းကြသော်လည်း သင်တို့၌ ခွန်အားပြည့်နေကြပါက ငါတို့ဝမ်းမြောက်ကြ ၏။ ငါတို့၏ဆုတောင်း ပတ္ထနာသည် သင်တို့၏တိုးတက် ရာတိုးတက်ကြောင်းအတွက်ဖြစ်၏။-
II C BurCBCM 13:10  သင်တို့ထံသို့ ငါလာသောအခါ ငါ့အား သခင်ဘုရားပေးထားတော်မူသည့် ဩဇာအာဏာကို ပြင်းထန်စွာမသုံးရစေရန် ငါသည် သင်တို့နှင့် ဝေးကွာလျက်ရှိစဉ် ဤစာကိုရေးလိုက်ခြင်းဖြစ်၏။ သခင်ဘုရားသည် ငါ့အား ထိုဩဇာအာဏာကို ပေးတော် မူခြင်းမှာ သင်တို့ကို ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ ပြုစုပျိုးထောင်ရန်အတွက် ဖြစ်၏။
II C BurCBCM 13:11  ညီအစ်ကိုတို့၊ နောက်ဆုံး၌ သင်တို့ကို ငါနှုတ်ဆက် လိုက်ပါ၏။ သင်တို့၏လမ်းစဉ်များကို ပြုပြင်ကြပါလော့။ ငါ၏တောင်းဆို ချက်ကိုအလေးထားပါလော့။ သင်တို့ အချင်းချင်းညီညွတ်မှုရှိလျက် ငြိမ်းချမ်းစွာနေထိုင်ကြပါလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည်လည်း သင်တို့နှင့်အတူရှိတော်မူလိမ့် မည်။-
II C BurCBCM 13:12  တစ်ဦးနှင့် တစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ် ဆက်ကြလော့။- သန့်ရှင်းသူအားလုံးတို့က သင်တို့အား နှုတ်ဆက်လိုက်ပါ၏။
II C BurCBCM 13:13  ယေဇူးခရစ်တော်သခင်၏ကျေးဇူးတော်၊ ဘုရားသခင်၏မေတ္တာတော်နှင့် ဝိညာဉ်တော်မြတ်၏မိတ်သဟာယဖွဲ့ ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေ သော်။