Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 3
II C BurCBCM 3:1  ဤသို့ဆိုရာ၌ ငါတို့သည် မိမိတို့ကိုယ်ကို စတင်၍ ချီးမွမ်းနေကြသလော။ အချို့သောသူတို့ကဲ့သို့ ငါတို့သည် သင်တို့ ထံသို့လာရန် ထောက်ခံစာလိုအပ်သလော၊ သို့မဟုတ် သင်တို့ထံမှ ထောက်ခံစာကို လိုအပ် ပါသလော။-
II C BurCBCM 3:2  သင်တို့ကိုယ်တိုင်ပင်လျှင် ငါတို့၏ထောက်ခံ စာများဖြစ်၍ ထိုစာကို လူတိုင်းဖတ်ရှုသိရှိရန် သင်တို့၏ နှလုံးသားများအပေါ် ၌ ရေးသားထားလျက်ရှိ၏။-
II C BurCBCM 3:3  သင်တို့သည် ခရစ်တော်ထံမှစာဖြစ်၍ ငါတို့အားဖြင့် ပေးပို့ခြင်းခံ ရကြောင်းမှာ ထင်ရှားလျက်ရှိ၏။ ဤစာကို မှင်ဖြင့်မရေးဘဲ အသက်ရှင်သောဘုရားသခင်၏ဝိညာဉ်တော်ဖြင့် ရေးသားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်တွင် ရေးသည်မဟုတ်ဘဲ လူတို့၏ နှလုံးသားများပေါ်တွင် ရေးထားခြင်းဖြစ်၏။
II C BurCBCM 3:4  ဤသည်ကား ခရစ်တော်အားဖြင့် ဘုရားသခင် အပေါ်ထားရှိသော ငါတို့၏ယုံကြည်စိတ်ချမှုပင်ဖြစ်၏။-
II C BurCBCM 3:5  တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာရသည်ဟု ပြောဆိုနိုင်ရန် ငါတို့ကိုယ်တိုင်မစွမ်းဆောင်နိုင်ကြပေ။ ငါတို့၏ အစွမ်းသတ္တိ သည် ဘုရားသခင်ထံတော်မှ လာခြင်းဖြစ်၏။-
II C BurCBCM 3:6  ငါတို့သည် ပဋိညာဉ်တရားသစ်၏အမှုတော်ဆောင် များဖြစ်ရန် ကိုယ်တော်သည် ငါတို့အား အစွမ်းသတ္တိကို ပေးတော်မူ၏။ ထိုပဋိညာဉ်တရားသစ်သည် ရေးသား ထားသည့်ပညတ်တရားမဟုတ်ဘဲ ဝိညာဉ်တော်၌တည် သောပညတ်တရားဖြစ်၏။ အကြောင်းမူကား ရေးထား သောပညတ်တရားသည် အသက်ကိုသတ်၍ ဝိညာဉ် တော်သည်ကား အသက်ကို ပေးလေ၏။
II C BurCBCM 3:7  မှေးမှိန်လာသည့်အခြေအနေ၌ပင် တောက်ပနေသေးသော မိုးဇက်၏မျက်နှာမှအလင်းကြောင့် အစ္စရာအဲလ်လူမျိုးတို့သည် သူ၏မျက်နှာကို မကြည့်နိုင်သည့် တိုင်အောင် ကျောက်ပြားပေါ်တွင် အက္ခရာရေးထွင်းထား သော သေခြင်း၏စီရင်ချက်သည် ဘုန်းဂုဏ်တော်နှင့် ခန့်ညားထည်ဝါခဲ့ပါလျှင်၊-
II C BurCBCM 3:8  ဝိညာဉ်တော်၏စီရင်ချက်သည် ပိုမိုကြီးမားသောဘုန်းဂုဏ်တော်နှင့် ထည်ဝါလိမ့်မည် မဟုတ်လော။-
II C BurCBCM 3:9  အကြောင်းမူကား အပြစ်ဒဏ်စီရင် ချက်သည် ဘုန်းကျက်သရေနှင့်ပြည်စုံခဲ့လျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောစီရင်ချက် သည် များစွာသာလွန်သော ဘုန်းကျက်သရေနှင့်ပြည့်စုံရပေလိမ့်မည်။-
II C BurCBCM 3:10  အမှန်စင်စစ် ယခင်က ခန့်ညားထည်ဝါခဲ့သောဘုန်းကျက်သရေသည် ၎င်းထက်သာလွန်သောဘုန်းကျက်သရေကြောင့် လုံး၀ ကွယ်ပျောက်သွားရလေပြီ။-
II C BurCBCM 3:11  သို့ဖြစ်၍ ခေတ္တမျှသာတည် သောအရာ၌ ဘုန်းကျက်သရေရှိခဲ့ပါလျှင် ထာ၀ရတည် သည့်အရာ၌ ပို၍ဘုန်းကျက်သရေ ရှိပေလိမ့်မည်။
II C BurCBCM 3:12  ငါတို့၌ ဤကဲ့သို့မျှော်လင့်ချက်ရှိသောကြောင့် ငါ တို့သည် ရဲဝံ့စွာ ဟောပြောကြ၏။-
II C BurCBCM 3:13  မိမိ၏တောက်ပသော ဘုန်းရောင် မှေးမှိန် ပျောက်ကွယ်သွားသည့်အဖြစ်ကို အစ္စရာအဲလ်လူမျိုးတို့မတွေ့ မြင်ရစေရန် မျက်နှာကို ပုဝါ ဖြင့်ဖုံးအုပ်ထားခဲ့သော မိုးဇက်ကဲ့သို့ ငါတို့သည် မဟုတ်ကြ။-
II C BurCBCM 3:14  သို့သော် သူတို့၏စိတ်နှလုံးသည် ခိုင်မာလျက်ရှိ၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကို သူတို့ဖတ်သည့် အခါတိုင်း သူတို့၏စိတ်နှလုံးသည် ထိုပုဝါဖြင့် ဖုံးအုပ်လျက်ပင်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာလျှင် ထိုပုဝါကို ဖယ်ရှားနိုင်၏။-
II C BurCBCM 3:15  မှန်ပေ၏။ ယနေ့တိုင်အောင်ပင်လျှင် မိုးဇက်၏ပညတ် တရားကျမ်းကို သူတို့ဖတ်ကြသောအခါ သူတို့၏စိတ် နှလုံးသည် ပုဝါဖြင့်ဖုံးလျက်ပင်ရှိသေး၏။-
II C BurCBCM 3:16  သို့ရာတွင် လူ တစ်ဦးသည် သခင်ဘုရားထံသို့ ပြောင်းလဲလာသောအခါ ထိုပုဝါသည် ဖယ်ရှားခြင်းခံရလေ၏။-
II C BurCBCM 3:17  သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်တော်မူ၏။ သခင်ဘုရား၏ဝိညာဉ်တော် ရှိရာအရပ်၌ လွတ်မြောက်ခြင်းရှိ၏။-
II C BurCBCM 3:18  သို့ဖြစ်၍ ငါတို့အားလုံးသည် မျက်နှာကိုဖုံးအုပ်မထားဘဲ သခင်ဘုရား၏ ဘုန်းတော်ကို မှန်ကဲ့သို့ထပ်ဟပ်ပြလျက် ကိုယ်တော်၏ ပုံသဏ္ဌာန်အတိုင်း ဘုန်းဂုဏ်တော်တစ်ဆင့်မှတစ်ဆင့် သို့တိုးတက်ပြောင်းလဲလာကြ၏။ အကြောင်းမူကား ဤ ပြောင်းလဲခြင်းသည် ဝိညာဉ်တော်တည်းဟူသော သခင် ဘုရားထံတော်မှ လာသောကြောင့်တည်း။