II CORINTHIANS
Chapter 2
II C | BurCBCM | 2:1 | ထို့ကြောင့် ငါသည် သင်တို့ထံသို့ ဝမ်းနည်းခြင်းနှင့် နောက်တစ်ကြိမ်မလာရန် စိတ်ပိုင်းဖြတ်ခဲ့ ၏။- | |
II C | BurCBCM | 2:2 | အကြောင်းမူကား ငါသည် သင်တို့အား ဝမ်းနည်းနာကြည်းစေလျှင် ငါဝမ်းနည်းစေသောသူတို့မှလွဲ၍ ထိုအရပ်တွင် မည်သူသည် ငါ့ကိုဝမ်းမြောက်စေ မည်နည်း။- | |
II C | BurCBCM | 2:3 | ငါလာ သောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများက ငါ့ကို ဝမ်းနည်းစေမည်စိုး၍ ဤစာကို ငါရေးသားလိုက်ခြင်းဖြစ်၏။ အကြောင်းမူကား ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့အား လုံး၏ဝမ်းမြောက်ခြင်းဖြစ်ကြောင်း ငါအသေအချာယုံကြည်၏။- | |
II C | BurCBCM | 2:4 | ငါသည် အလွန်ဝမ်းနည်းပူဆွေးလျက် မျက်ရည်များစွာဖြင့် ဤစာကိုရေးလိုက်ခြင်းဖြစ်၏။ သို့သော် သင်တို့အား ဝမ်းနည်းစေ လို၍ မဟုတ်ဘဲ သင်တို့အား ငါ မည်မျှချစ်ကြောင်းကို သိစေလို၍သာ ရေးလိုက်ခြင်းဖြစ် ၏။ | |
II C | BurCBCM | 2:5 | အကယ်၍ တစ်စုံတစ်ယောက်သည် ငါ့ကို ဝမ်းနည်းစေခဲ့လျှင် ငါ့ကိုသာမက သင်တို့အားလုံးကိုလည်း တစ် နည်းတစ်ဖုံ အားဖြင့် ဝမ်းနည်းစေခဲ့လေပြီ။ ငါသည် ဤအကြောင်းကို အလွန်အကျွံမပြောလိုပေ။- | |
II C | BurCBCM | 2:7 | ထို့ကြောင့် သင်တို့သည် ယခုအခါတွင် သူ့ကိုခွင့်လွှတ်၍ အားပေးနှစ်သိမ့်သင့်၏။ ထိုသို့ မဟုတ်လျှင် သူသည် ကြီးစွာ သောဝမ်းနည်းခြင်းကို အလွန်အမင်းခံစားရလိမ့်မည်။- | |
II C | BurCBCM | 2:8 | သို့ဖြစ်၍ သင်တို့သည် သူ့အပေါ် မေတ္တာထားကြောင်းပြသကြရန် သင်တို့အား ငါတောင်းပန်ပါ၏။- ၉သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ စုံစမ်းသိရှိလို၍ ဤစာကို ငါရေးခြင်းဖြစ်၏။- | |
II C | BurCBCM | 2:10 | သင်တို့ခွင့် လွှတ်သောသူ မည်သူ့ကိုမဆို ငါသည်လည်း ခွင့်လွှတ်၏။ အကယ်၍ ငါသည် တစ်စုံတစ်ရာကို ခွင့်လွှတ်ခဲ့ပါလျှင် သင်တို့၏မျက်နှာကိုထောက်၍ ခရစ်တော်ရှေ့တော်၌ ထိုအရာကို ခွင့်လွှတ်ခဲ့ခြင်းဖြစ်၏။- | |
II C | BurCBCM | 2:11 | သို့မှသာလျှင် စာတန် သည် ငါတို့အပေါ် အသာစီးမရစေရန် ငါတို့တားဆီးနိုင် ပေလိမ့်မည်။ အကြောင်းမူကား ငါတို့သည် စာတန်၏ အကြံအစည်များကိုသိကြသောကြောင့်တည်း။ | |
II C | BurCBCM | 2:12 | ငါသည် ခရစ်တော်၏သတင်းကောင်းကို ဟောပြောသွန်သင်ရန် ထရောမြို့သို့ရောက်ရှိလာသောအခါ သခင်ဘုရား၌ ငါ့အတွက် အခွင့်အလမ်းပွင့်လျက်ရှိ၏။- | |
II C | BurCBCM | 2:13 | သို့သော် ငါ၏ညီ တိတုကို ထိုအရပ်၌ မတွေ့ရသဖြင့် ငါ၏ စိတ်သည် မငြိမ်မသက်ဖြစ်ရ၏။ ထို့ကြောင့် ငါသည် သူ တို့ကိုနှုတ်ဆက်ပြီးလျှင် မာစီဒိုးနိယပြည်သို့ ဆက်လက် ထွက်ခွာခဲ့၏။ | |
II C | BurCBCM | 2:14 | သို့သော် ခရစ်တော်၌ ငါတို့ကိုအောင်မြင်ခြင်းသို့ ဦးဆောင်လမ်းညွှန်တော်မူ၍ ငါတို့အားဖြင့် ကိုယ်တော့် သတင်းတော်၏ သင်းပျံ့သောရနံ့ကိုနေရာတိုင်းတွင် ပျံ့နှံ့ စေတော်မူသည့်ဘုရားသခင်အား ကျေးဇူးတော်ကို ချီး မွမ်းပါ၏။- | |
II C | BurCBCM | 2:15 | အကြောင်းမူကား ဘုရားသခင်အတွက်မူ ငါတို့သည် ကယ်တင်ခြင်းခံနေရသူတို့နှင့် ပျက်စီးဆုံးရှုံး ခြင်းသို့ရောက် နေသောသူတို့အကြားတွင် ခရစ်တော်၏ သင်းပျံ့သောနံ့သာဖြစ်ကြ၏။- | |
II C | BurCBCM | 2:16 | ပျက်စီးဆုံးပါးလုနီးသော သူတို့အတွက် ငါတို့သည် သေခြင်း၏အနံ့ကဲ့သို့လည်း ကောင်း၊ ကယ်တင်ခြင်းခံရသူတို့အတွက်မူ အသက်ပေး သောနံ့သာကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ မည်သူသည် ဤသို့သောအမှုအရာတို့ကို ဆောင်ရွက်နိုင်သနည်း။- | |