II CORINTHIANS
Chapter 5
II C | BurCBCM | 5:1 | ငါတို့နေထိုင်ကြသော ကမ္ဘာပေါ်မှနေအိမ်ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူတို့၏လက်ဖြင့် ဆောက်လုပ်မထားသော ထာ၀ရတည်မည့်နေအိမ်တစ်လုံးကို ဘုရားသခင်ထံတော်မှ ရရှိမည်ဖြစ်ကြောင်း ငါတို့သိကြ၏။- | |
II C | BurCBCM | 5:2 | ငါတို့သည် ဤလောကအိမ်တွင် နေထိုင်ကြစဉ် အမှန်ပင် ညည်းတွားလျက် ငါတို့၏ကောင်းကင်အိမ်၌ နေထိုင်ရန် တောင့်တနေကြ၏။- | |
II C | BurCBCM | 5:3 | ဤသို့ဖြင့် ကောင်းကင်အိမ်ကိုရရှိသောအခါ ငါတို့သည် အကောင်အထည် မဲ့ဖြစ်ကြလိမ့်မည်မဟုတ်။- | |
II C | BurCBCM | 5:4 | အကြောင်းမူကား ဤမြေပေါ် ရှိအိမ်တွင်နေရစဉ် ငါတို့သည် စိုးရိမ်သောကဖြင့် ညည်း တွားကြ၏။ ဤသို့ညည်းတွားရခြင်းမှာ ဤခန္ဓာကိုယ်ကို ဖယ်ရှားပစ်လို၍မဟုတ်ဘဲ ပိုမိုလွှမ်းခြုံထားလို၍ဖြစ်၏။ သို့မှသာ သေကြေပျက်စီးတတ်သောအရာကို ရှင်သန် သောအသက်တာဖြင့် လွှမ်းခြုံပေးနိုင်မည်ဖြစ်၏။- | |
II C | BurCBCM | 5:5 | ဤအမှုအရာအတွက် ငါတို့ကို ပြင်ဆင်ပေးခဲ့သောအရှင် ကား ဘုရားသခင်ပေတည်း။ ကိုယ်တော်သည် ဝိညာဉ် တော်ကို အာမခံချက်အဖြစ် ငါတို့အား ပေးတော်မူခဲ့၏။ | |
II C | BurCBCM | 5:6 | သို့ဖြစ်၍ ငါတို့သည် အစဉ်အမြဲရဲရင့်တည်ကြည်၍ ငါတို့သည် ဤကိုယ်ခန္ဓာနေအိမ်၌ နေသမျှကာလပတ် လုံး သခင်ဘုရား နှင့်ဝေးကွာလျက်ရှိကြောင်းသိကြ၏။- | |
II C | BurCBCM | 5:7 | အကြောင်းမူကား ငါတို့သည် အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေကြ၏။- | |
II C | BurCBCM | 5:8 | ငါတို့သည် ရဲရင့်တည်ကြည်သောစိတ်ရှိကြ၍ ဤကိုယ်ခန္ဓာ ကိုစွန့်ခွာပြီးလျှင် သခင်ဘုရားနှင့်အတူ အိမ်တော်တွင်နေ ထိုင်ရန် ပို၍လိုလားကြ၏။- | |
II C | BurCBCM | 5:9 | သို့ဖြစ်၍ ငါတို့သည် ဤနေ အိမ်၌ ရှိသည်ဖြစ်စေ၊ အဝေး၌ရှိသည်ဖြစ်စေ သခင်ဘုရား အားကျေနပ်နှစ်သက်စေရန်သာ ရည်ရွယ်ပြုလုပ်ကြ ၏။- | |
II C | BurCBCM | 5:10 | အကြောင်းမူကား ငါတို့တစ်ဦးစီသည် ကိုယ်ခန္ဓာ၌ ရှိစဉ်ပြုကျင့်ခဲ့သည့်အတိုင်း အကောင်းနှင့် အဆိုးကို ခံစားနိုင်ကြရန် ငါတို့အားလုံးသည် ခရစ်တော်၏တရား ပလ္လင်ရှေ့သို့ ရောက်ကြရမည်ဖြစ်သောကြောင့်တည်း။ | |
II C | BurCBCM | 5:11 | ထို့ကြောင့် သခင်ဘုရားအား ကြောက်ရွံ့ ခြင်းကို သိကြသောငါတို့သည် လူတို့အား စည်းရုံးတိုက်တွန်းပါ ၏။ ငါတို့သည် ။ မည်သူဖြစ်ကြောင်းကို ဘုရားသခင်သိတော်မူ၏။ သင်တို့သည်လည်း ထိုအကြောင်းကို စိတ်နှလုံးထဲက ကောင်းစွာသိကြ လိမ့်မည်ဟု ငါမျှော်လင့်ပါ၏။- | |
II C | BurCBCM | 5:12 | ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန်ပြန်၍ချီးကျူးနေ ခြင်းမဟုတ်ဘဲ ငါတို့အတွက် သင်တို့ဂုဏ်ယူဝါကြွားနိုင် စရာအကြောင်း ရှိကြစေရန်သာဖြစ်၏။ သို့မှသာလျှင် လူတစ်ဦး၏စိတ်နှလုံးကိုအမှုမထားဘဲ အပေါ်ယံအဆင်း သဏ္ဌာန်ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သော သူကိုသင်တို့တုံ့ပြန်ဖြေကြားနိုင်ကြပေလိမ့်မည်။- | |
II C | BurCBCM | 5:13 | ငါတို့သည် စိတ်မနှံ့ကြပါလျှင် ဘုရားသခင်အတွက် စိတ်မနှံ့ခြင်းသာဖြစ်၏။ အကယ်၍ ငါတို့သည် မူမှန်သောစိတ် အခြေအနေ၌ရှိလျှင် ယင်းသည် သင်တို့အတွက်ဖြစ်၏။- | |
II C | BurCBCM | 5:14 | အကြောင်းမူကား ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကို အုပ်စိုးလေပြီ။ အဘယ်ကြောင့်ဆိုသော် တစ် ယောက်သော သူသည် လူအပေါင်းတို့အတွက် အသေခံခဲ့သောကြောင့် လူအပေါင်းတို့သည် သေခဲ့ကြပြီးဖြစ်သည်ကို ငါတို့လက်ခံယုံကြည် ကြသော ကြောင့်ဖြစ်၏။- | |
II C | BurCBCM | 5:15 | ကိုယ်တော်သည် လူအပေါင်းတို့အတွက် အသေခံခဲ့သဖြင့် လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် အသက်ရှင်ခြင်း မဟုတ်တော့ဘဲ မိမိတို့အကျိုးအလို့ငှာ အသေခံ၍ ရှင်ပြန်ထမြောက်တော်မူခဲ့သောအရှင်အတွက် အသက် ရှင်ကြရမည်ဖြစ်၏။ | |
II C | BurCBCM | 5:16 | သို့ဖြစ်၍ ငါတို့သည် မည်သူ့ကိုမျှ လူတို့၏ရှုထောင့်မှ မကြည့်တော့ပေ။ ငါတို့သည် ယခင်က ခရစ်တော်ကို လူတို့၏ ရှုထောင့်မှ ကြည့်ရှုခဲ့ကြသော်လည်း ယခုအခါတွင် ထိုကဲ့သို့မကြည့်ရှုကြတော့ပေ။- | |
II C | BurCBCM | 5:17 | ထို့ကြောင့် ခရစ်တော်၌ရှိသောသူသည် ဖန်ဆင်းခြင်းအသစ်ဖြစ်လေ၏။ ဘ၀ဟောင်းသည် ပျောက်ကွယ်သွားသဖြင့် ဘ၀အသစ် ရောက်လာလေပြီ။- | |
II C | BurCBCM | 5:18 | ဤအရာအားလုံးတို့သည် ဘုရား သခင်ထံတော်မှ ဖြစ်တည်လာခြင်းဖြစ်၏။ ကိုယ်တော် သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိကိုယ်တော်တိုင်နှင့် ပြန်လည်ကျေအေးသင့်မြတ်စေ၍ ငါတို့အားပြန်လည် သင့်မြတ်စေသည့်အမှုတော်ထမ်းဆောင်ရန် ခန့်ထား တော်မူ၏။- | |
II C | BurCBCM | 5:19 | ဆိုလိုသည်မှာ ဘုရားသခင်သည် ခရစ်တော်အားဖြင့် လောကီသားတို့အား မိမိနှင့်ပြန်လည်ကျေအေး သင့်မြတ်စေ၍ လူသားတို့ အချင်းချင်းကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်များကိုမှတ်ထားခြင်းမရှိဘဲ ပြန်လည်ကျေအေးသင့်မြတ်စေသည့် သတင်းကိုဟောပြောရန် ငါတို့အား တာဝန်အပ်နှင်းတော်မူ၏။- | |
II C | BurCBCM | 5:20 | ထို့ကြောင့် ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၍ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်ခံ တော်မူ၏။ သင်တို့သည် ဘုရားသခင်နှင့် ပြန်လည်ကျေအေးသင့်မြတ်ကြ မည့်အကြောင်း ခရစ်တော်၏ကိုယ်စား ငါတို့တောင်း ပန်ပါ၏။- | |