II CORINTHIANS
Chapter 1
II C | BurCBCM | 1:1 | ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်ဖြစ်သူ ငါပေါလုနှင့် ငါတို့၏ ညီအစ်ကိုဖြစ်သူ တီမောသီဦးထံမှ ကောရိန့်မြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အာခါယာတစ်ပြည်လုံးတွင်ရှိသော သန့်ရှင်း သူအပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။- | |
II C | BurCBCM | 1:2 | ငါတို့၏အဖဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ကျေးဇူးတော်ကိုချီးမွမ်းခြင်း | |
II C | BurCBCM | 1:3 | ငါတို့သခင် ယေဇူးခရစ်တော်၏ခမည်းတော်၊ သနားကရုဏာတော်နှင့်ပြည့်စုံတော်မူသောအဖ၊ နှစ်သိမ့်မှု အလုံးစုံကိုပေး တော်မူ သောဘုရားသခင်အား မင်္ဂလာရှိ စေသတည်း။- | |
II C | BurCBCM | 1:4 | ကိုယ်တော်သည် ငါတို့ဒုက္ခဆင်းရဲခံရချိန် တိုင်း၌ ငါတို့ကို အားပေးနှစ်သိမ့်တော်မူ၏။ ဤသို့ဖြင့် ငါတို့သည် ငါတို့ကိုယ်တိုင် ဘုရားသခင်ထံမှရရှိခဲ့ကြ သောနှစ်သိမ့်မှုဖြင့် အတိဒုက္ခရောက်နေကြသောသူတို့ အားနှစ်သိမ့်ပေးနိုင်မည်ဖြစ်၏။- | |
II C | BurCBCM | 1:5 | အကြောင်းမူကား ငါတို့သည် ခရစ်တော်၏ဝေဒနာခံစားခြင်း၌ အတိုင်းထက် အလွန်ပါဝင်ခံစားကြသောကြောင့် ခရစ်တော်အားဖြင့် နှစ်သိမ့်ခြင်းကိုလည်း အတိုင်းထက်အလွန်ရရှိကြ၏။- | |
II C | BurCBCM | 1:6 | ငါတို့သည် ဆင်းရဲဒုက္ခခံကြရပါလျှင် ၎င်းသည် သင်တို့၏ နှစ်သိမ့်ခြင်းနှင့် ကယ်တင်ခြင်းအတွက်ဖြစ်၏။ ငါတို့သည် နှစ်သိမ့်ခြင်းခံရလျှင် သင်တို့သည်လည်း နှစ်သိမ့်ခြင်းခံရ၍ ငါတို့ခံစားခဲ့ရသောဆင်းရဲဒုက္ခကို သည်းခံစိတ်နှင့် ခံထမ်းနိုင် မည့်ခွန်အားကျေးဇူးကို သင်တို့ရရှိကြ၏။- | |
II C | BurCBCM | 1:7 | သင်တို့၌ထားရှိသည့် ငါတို့၏မျှော်လင့်ခြင်းသည် မည်သည့် အခါမျှ ယိမ်းယိုင်မည်မဟုတ်။ အကြောင်းမူကား သင်တို့ သည် ငါတို့ခံရသည့်ဆင်းရဲဒုက္ခများကိုခံကြရသည့်နည်းတူ ငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုးကိုလည်း ရရှိကြလိမ့်မည် ဖြစ်ကြောင်းငါတို့ သိကြ၏။ | |
II C | BurCBCM | 1:8 | ညီအစ်ကိုတို့၊ အာရှပြည်တွင် ငါတို့ခံခဲ့ရသည့်ဒုက္ခ ဆင်းရဲကို သင်တို့မသိရှိဘဲနေစေရန် ငါတို့အလိုမရှိပေ။ အကြောင်းမူကား ငါတို့သည် ဆင်းရဲဒုက္ခကို မခံမရပ်နိုင် အောင် အပြင်းအထန်ခံခဲ့ရသောကြောင့် အသက်ရှင်ရန် ပင် မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြ၏။- | |
II C | BurCBCM | 1:9 | ငါတို့သည် သေဒဏ်စီ ရင်ခြင်းခံကြရလေပြီဟု မိမိတို့ကိုယ်ကိုထင်မှတ်ခဲ့ကြ၏။ သို့ရာတွင် ဤသို့ထင်မှတ်ခြင်းသည် ငါတို့အား မိမိတို့ ကိုယ်ကို အားမကိုးဘဲ သေသူတို့ကိုထမြောက်စေတော် မူသောဘုရားသခင်အပေါ် အားကိုးကြစေရန်ဖြစ်၏။- | |
II C | BurCBCM | 1:10 | ကိုယ်တော်သည် ငါတို့ကို အလွန်ပင်ကြောက်မက်ဖွယ် ကောင်းသောဘေးအန္တရာယ်မှကယ်တင်ခဲ့၍ နောင်တွင် လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ တို့အား တစ်ဖန်ကယ်တင်တော်မူဦးမည်ဟူ၍ ငါတို့သည် ကိုယ်တော်၌ မျှော်လင့်ထားကြ၏။- | |
II C | BurCBCM | 1:11 | သင်တို့သည်လည်း ဆုတောင်းပတ္ထနာအားဖြင့် ငါတို့ကိုကူညီကြရမည်။ ဤ သို့ဖြင့် များစွာသောဆုတောင်းပတ္ထနာ တို့ကြောင့် ငါတို့ ရရှိသောကောင်းချီးမင်္ဂလာများအတွက် မြောက်မြားစွာ သောလူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ကို ချီးမွမ်း ကြလိမ့်မည်။ | |
II C | BurCBCM | 1:12 | ငါတို့သည် ဤလောက၌ နေထိုင်အသက်ရှင်ရာတွင်၊ အထူးသဖြင့် သင်တို့အပေါ်ဆက်ဆံရာတွင် လောကအသိဉာဏ် ကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူး တော်ကိုအမှီပြု၍ သန့်ရှင်းမွန်မြတ်ခြင်းနှင့် ဘုရားသခင် ထံတော်မှလာသည့်ရိုးသား သောစိတ်တို့ဖြင့် ဆက်ဆံခဲ့ ကြကြောင်းကို ငါတို့၏အသိစိတ်အတွင်းက သက်သေ ခံ၍ ထိုသက်သေခံချက်မှာ ငါတို့အတွက် ဂုဏ်ယူဝင့် ကြွားစရာအကြောင်းဖြစ်လေ၏။- | |
II C | BurCBCM | 1:13 | အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာတို့မှလွဲ၍ မည်သည့်အရာကိုမျှ သင်တို့ ထံသို့မရေး သားပေ။- | |
II C | BurCBCM | 1:14 | သင်တို့သည် တစ်စိတ်တစ်ဒေသအားဖြင့်သာ နားလည်ခဲ့ကြသည့်အတိုင်း ငါတို့၏သခင် ယေဇူးကြွ လာတော်မူသောနေ့၌ ငါတို့သည် သင်တို့အတွက် ဂုဏ်ယူကြသကဲ့သို့ သင်တို့သည်လည်း ငါတို့အတွက် ဂုဏ်ယူမည့်အကြောင်းကို သင်တို့ပြည့်စုံစွာ သိရှိနားလည် ကြမည်ဟု ငါမျှော်လင့်၏။ | |
II C | BurCBCM | 1:15 | ငါသည် ဤအချက်၌ ယုံကြည်စိတ်ချထားသောကြောင့် သင်တို့အား ပျော်ရွှင်ကြည်နူးမှုကိုနှစ်ဆတိုး၍ ခံစားနိုင်ကြ စေခြင်းငှာ သင်တို့ထံသို့ ပထမဦးစွာလာရန် အလိုရှိခဲ့၏။- | |
II C | BurCBCM | 1:16 | ငါသည် မာစီဒိုးနိယပြည်သို့အသွားတွင် တစ်ကြိမ်၊ အပြန်တွင်တစ်ကြိမ် သင်တို့ထံသို့ဝင်ရန် အလိုရှိခဲ့၏။ ဤသို့ဖြင့် သင်တို့သည် ငါ့အား ဂျူဒေးယ ပြည်သို့သွားမည့်ခရီးအတွက် ကူညီနိုင်ပေလိမ့်မည်။- | |
II C | BurCBCM | 1:17 | ငါသည် ဤသို့ပြုလုပ်လိုခဲ့သည့်အတွက် မပြတ်မသားဖြစ် နေပါသလော။ ငါသည် တစ်ချိန်တည်းတွင်ပင် ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်ပါဟူ၍လည်းကောင်း ပြော ဆို၍ ငါ၏ခရီးစဉ်များကို လောကီသားကဲ့သို့ စီစဉ်နေပါ သလော။- | |
II C | BurCBCM | 1:18 | ဘုရားသခင်သည် အမှန်စင်စစ်သစ္စာရှိတော် မူသကဲ့သို့ သင်တို့အား ငါတို့ပြောဆိုသောစကားသည်လည်း ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်ပါဟူ၍ လည်းကောင်း မဖြစ်ခဲ့ပေ။- | |
II C | BurCBCM | 1:19 | အကြောင်းမူကား သင်တို့ အလယ်၌ တီမောသီဦး၊ ဆီဗားနုနှင့် ငါတို့ဟောပြောကြေ ညာခဲ့သော ဘုရားသခင်၏သားတော် ယေဇူးခရစ်တော် သည် တစ်ချိန်တည်းတွင်ပင် ဟုတ်သည်ဟူ၍လည်း ကောင်း၊ မဟုတ်ပါဟူ၍လည်းကောင်း ဖြစ်တော်မမူချေ။ ကိုယ်တော်သည်ကား အစဉ်အမြဲဟုတ်သည်ဟူ၍သာ ဖြစ်တော်မူ၏။- | |
II C | BurCBCM | 1:20 | အကြောင်းမူကား ဘုရားသခင်၏ကတိ တော်အပေါင်းတို့သည် ကိုယ်တော်၌ ဟုတ်သည်ဟူ၍ ဖြစ်လာကြ၏။ ဤအကြောင်းကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းရန် ငါတို့သည် ကိုယ်တော့်ကို အမှီပြု၍ အာမင်ဟုဆိုခြင်း ဖြစ်၏။- | |
II C | BurCBCM | 1:21 | သို့သော် ငါတို့အား သင်တို့နှင့်အတူ ခရစ်တော်၌တည်နေစေ၍ ဘိသိက် သွန်းလောင်းပေးတော်မူသော အရှင်မှာ ဘုရားသခင်ဖြစ်၏။- | |
II C | BurCBCM | 1:22 | ကိုယ်တော်သည် မိမိ၏တံဆိပ်တော်ကို ငါတို့အပေါ် ၌ ခတ်နှိပ်တော်မူ၍ အာမခံချက်အဖြစ် ငါတို့၏စိတ်နှလုံး ထဲ၌ ဝိညာဉ်တော်ကို သွန်းလောင်းပေးတော်မူလေပြီ။ | |
II C | BurCBCM | 1:23 | ကောရိန့်မြို့သို့မလာရန် ငါဆုံးဖြတ်ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာလို၍ဖြစ်ကြောင်း ဘုရားသခင်ကို သက်သေအဖြစ်တိုင် တည်၍ ငါပြောဆိုပါ၏။- | |