II CORINTHIANS
Chapter 6
II C | BurCBCM | 6:1 | ငါတို့သည် ကိုယ်တော်နှင့်အတူ ပါဝင်ဆောင်ရွက်သူများဖြစ်ကြသောကြောင့် သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံယူကြရန် သင်တို့ကို တောင်းပန်ပါ၏။- | |
II C | BurCBCM | 6:2 | အကြောင်းမူကား ကိုယ် တော်က ငါသည် လက်သင့်ခံနိုင်သောအချိန်၌ သင်တို့ကို နားညောင်း၍ ကယ်တင်ခြင်း၏နေ့ရက်၌ သင်တို့ကို ကူ ညီခဲ့လေပြီဟု မိန့်တော်မူ၏။ ယခုအချိန်သည်ကား လက် သင့်ခံနိုင်သောအချိန်ဖြစ်၏။ ဤယနေ့သည်ကား ကယ် တင်ခြင်း၏နေ့ရက်ဖြစ်၏။- | |
II C | BurCBCM | 6:3 | ငါတို့၏အမှုတော်၌ အပြစ် တစ်စုံတရာမရှာနိုင်စေရန် ငါတို့သည် အခြားသူ၏လမ်း ခရီး၌ မည်သည့်အတားအဆီးကိုမျှ မချထားပေ။- | |
II C | BurCBCM | 6:4 | သို့ရာတွင် ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန် ဆင်းရဲဒုက္ခများ၊ အခက်အခဲများ၊ ဘေးအန္တရာယ်များ၊- | |
II C | BurCBCM | 6:5 | ရိုက်နှက်ခံရခြင်းများ၊ အကျဉ်းချခံ ရခြင်းများ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ၊ ပင်ပန်းစွာလုပ် ကိုင်ရခြင်း၊ အိပ်ရေးပျက်ခံရခြင်း၊ ဆာလောင်မွတ်သိပ် ခြင်းများ စသည်တို့၌ ကြံ့ကြံ့ခံရပ်တည်ခြင်းဖြင့်လည်း ကောင်း၊- | |
II C | BurCBCM | 6:6 | စိတ်နှလုံးဖြူစင်ခြင်း၊ ပညာသတိရှိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ဝိညာဉ်တော်မြတ်ကို ခံယူခြင်း၊ စစ်မှန်သော ချစ်ခြင်း၊- | |
II C | BurCBCM | 6:7 | မှန်ကန်စွာဟောပြောခြင်း၊ ဘုရားသခင်၏တန်ခိုးတော်စသည်တို့ကို လက်ခံကျင့်သုံးခြင်းအားဖြင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရား၏ လက်နက်များကို တိုက်ခိုက်ခုခံရာတို့၌ အသုံးပြု၍၊- | |
II C | BurCBCM | 6:8 | ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲရှုတ်ချခံရခြင်း၊ အသရေဖျက်ခံရခြင်းနှင့် နာမည်ကောင်းရခြင်းတို့ကိုလည်း တည်ကြည်စွာခံ ထမ်းခြင်းဖြင့်လည်းကောင်း သက်သေခံခဲ့ကြ၏။ ငါတို့ ကို လိမ်လည်လှည့်ဖြားသောသူများကဲ့သို့ ဆက်ဆံကြ သော်လည်း ငါတို့သည် မှန်ကန်စွာပြုမူပြောဆိုကြသူများ ဖြစ်ကြ၏။- | |
II C | BurCBCM | 6:9 | ငါတို့ကိုမသိကြသော်လည်း ငါတို့သည် အသိ အမှတ်ပြုခြင်းခံကြရ၏။ ငါတို့သည် သေဘေးနှင့်နီးကြသော်လည်း အသက်ရှင်လျက်ရှိကြ၏။ ငါတို့ကို အပြစ် ဒဏ်ပေးကြသော်လည်း ငါတို့သည် အသတ်မခံကြရပေ။- | |
II C | BurCBCM | 6:10 | ငါတို့သည် နာကျင်ကြေကွဲကြသော်လည်း အစဉ်ဝမ်းမြောက်ကြ၏။ ငါတို့သည် ဆင်းရဲနွမ်းပါးကြသော်လည်း လူအမြောက် အမြား ကို ချမ်းသာကြွယ်၀စေကြ၏။ ငါတို့၌ မည်သည့်အရာမျှမရှိသော်လည်း ငါတို့သည် ခပ်သိမ်းသောအရာတို့ကို ပိုင်ဆိုင်ကြ၏။ | |
II C | BurCBCM | 6:11 | ကော်ရိန့်သုမြို့သူမြို့သားတို့၊ ငါတို့သည် သင်တို့အား နှုတ်ဖြင့် ပွင့်လင်းစွာပြောဆိုကြလေပြီ။ ငါတို့၏စိတ် နှလုံးသည် သင်တို့အတွက် ကျယ်ပြန့်စွာ ဖွင့်ထားလျက်ရှိ၏။- | |
II C | BurCBCM | 6:12 | ငါတို့သည် သင်တို့ကိုကန့်သန့်ချုပ်ချယ်မထားပေ။ သင်တို့သည် သင်တို့ကိုယ်တိုင်စွဲလန်းနေသောအရာများ၌သာ ချုပ်ချယ်ခံနေကြရ၏။- | |
II C | BurCBCM | 6:13 | အပြန်အလှန်အနေဖြင့် သင်တို့သည်လည်း သင်တို့၏စိတ်နှလုံးများကို ကျယ်ပြန့်စွာ ဖွင့်ထားကြပါလော့။ ငါသည် သင်တို့ကို ငါ၏သား သမီးများကဲ့သို့ ပြောဆိုနေခြင်းဖြစ်၏။ | |
II C | BurCBCM | 6:14 | မယုံကြည်သောသူတို့နှင့် မမျှတသောထမ်းပိုးကို အတူမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မှန်ခြင်းနှင့် မကောင်းမှု ဒုစရိုက်သည် မည်ကဲ့သို့တွဲဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည်လည်း မည်ကဲ့သို့မိတ်ဖွဲ့နိုင်ပါ မည်နည်း။- | |
II C | BurCBCM | 6:15 | ခရစ်တော်နှင့် စာတန်သည် မည်ကဲ့သို့ သင့်မြတ်နိုင်မည်နည်း။ ယုံကြည်သူသည်လည်း မယုံကြည်သူနှင့် မည်သည့် အရာတွင် တူညီနိုင်မည်နည်း။- | |
II C | BurCBCM | 6:16 | ဘုရား သခင်၏ဗိမာန်တော်သည် ရုပ်တုဘုရားများနှင့် မည်ကဲ့သို့ သင့်မြတ်နိုင်ပါအံ့နည်း။ အကြောင်းမူကား ငါတို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ဗိမာန်တော်ဖြစ်၏။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ငါတို့၌ ဘုရားသခင်၏ အမိန့်တော် စကားရှိ၏။ ထိုမိန့်မှာချက်သည်ကား ငါသည် သူတို့အလယ်၌ ကိန်းဝပ်၍ သူတို့အလယ်တွင် သွားလာတော်မူမည်။ ငါသည် သူတို့၏ဘုရားဖြစ်၍ သူတို့ သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။- | |
II C | BurCBCM | 6:17 | သို့ဖြစ်၍ ထို သူတို့ထံမှ ထွက်ခဲ့ကြလော့။ သူတို့နှင့် သီးခြားစွာနေကြ လော့။ မသန့်စင်သောအရာကို လက်နှင့်မထိနှင့်။ ထိုအခါ ငါသည် သင်တို့ကို လက်ခံကြိုဆိုမည်။- | |