II THESSALONIANS
Chapter 2
II T | BurCBCM | 2:1 | ညီအစ်ကိုတို့၊ ငါတို့၏သခင် ယေဇူးခရစ်တော် ကြွလာတော်မူမည့်အကြောင်းနှင့်ကိုယ်တော်အား တွေ့ဆုံရန် ငါတို့ စုဝေးကြမည့်အကြောင်းတို့နှင့်ပတ် သက်၍ သင်တို့ကို ငါတို့တောင်းပန်လိုသည်မှာ၊- | |
II T | BurCBCM | 2:2 | သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ၊ ငါတို့ထံမှလာသည်ဟုဆိုထား သောစာအားဖြင့်ဖြစ်စေ ပြောဆိုကြလျှင် သင်တို့သည် အလွယ်တကူစိတ်ရှုပ်ထွေး၍ မတည်မငြိမ်မဖြစ်စေ ကြနှင့်။- | |
II T | BurCBCM | 2:3 | မည်သူကမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေကြနှင့်။ အကြောင်းမူကား ဘာသာတရားကို ဆန့်ကျင် တိုက်ခိုက်ခြင်းဦးစွာဖြစ်ပေါ်လျက် မိမိ၏ ဝိညာဉ်ပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည့် တရားမဲ့သော သူမပေါ်လာသရွေ့ ထိုနေ့ရက် သည် ကျရောက်လိမ့်မည်မဟုတ်။- | |
II T | BurCBCM | 2:4 | ထိုသူသည် ဘုရားဟု အခေါ်ခံရသောအရာအားလုံးနှင့် ကိုးကွယ်ခြင်းခံရသောအရာများကို ဆန့်ကျင်၍ မိမိကိုယ်ကို ထိုအရာအားလုံးတို့၏အထက်တွင် ချီးမြှောက်ခြင်းအားဖြင့် ဘုရားသခင်၏ဗိမာန်တော်တွင် ထိုင်ပြီးလျှင် မိမိကိုယ်ကို ဘုရားသခင်ဖြစ်သည်ဟု ကြေညာလိမ့်မည်။- | |
II T | BurCBCM | 2:5 | ငါသည် သင်တို့နှင့်အတူရှိစဉ်က သင်တို့ အား ဤအကြောင်းကိုပြောပြခဲ့ကြောင်း သင်တို့သတိ မရကြသလော။- | |
II T | BurCBCM | 2:7 | အကြောင်းမူကား တရားမဲ့ခြင်း၏ လျှို့ဝှက်ချက်သည် လှုပ်ရှားလျက်ရှိနေလေပြီ။ ၎င်းကို တားဆီးသောသူရှောင်ဖယ် မသွားမီတိုင်အောင် ထိုသူသည် မည်သည့်အရာကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်။- | |
II T | BurCBCM | 2:8 | ထို့ နောက် တရားမဲ့သောသူသည် ပေါ်လွင်ထင်ရှားလာလိမ့် မည်။ ယေဇူးသခင်သည် မိမိ၏နှုတ်တော်မှ ထွက်သက် လေဖြင့် သူ့ကိုဖျက်ဆီး၍ မိမိ၏ပေါ်လွင်ထင်ရှားခြင်းနှင့် ကြွလာခြင်းအားဖြင့် သူ့ကိုသုတ်သင်တော်မူလိမ့်မည်။- | |
II T | BurCBCM | 2:9 | တရားမဲ့သောသူသည် စာတန်နတ်ဆိုး၏လုပ်ဆောင်မှုဖြင့် ရောက်လာသောအခါ တန်ခိုးနှင့်အံ့ဖွယ်သောနိမိတ် လက္ခဏာအတုအယောင်အမျိုးမျိုးဖြင့်လည်းကောင်း၊- | |
II T | BurCBCM | 2:10 | ပျက်စီးခြင်းသို့ရောက်မည့်သူများအတွက် ဆိုးယုတ်သောလှည့်ဖြားခြင်းအမျိုးမျိုးဖြင့်လည်းကောင်း ရောက်လာလိမ့်မည်။ အကြောင်းမူကား သူတို့သည် မိမိတို့အား ကယ်တင်ခြင်းကိုပေးမည့် သမ္မာတရားကို နှစ်သက်မြတ်နိုးသောစိတ်မရှိကြ သောကြောင့်ဖြစ်၏။- | |
II T | BurCBCM | 2:11 | ထို့ကြောင့် ထိုသူတို့သည် မှားယွင်းသောအရာကို ယုံကြည်စေခြင်း ငှာ ဘုရားသခင်သည် သူတို့အပေါ်သို့ ပြင်းထန်သော လှည့်စားခြင်းကို သက်ရောက်စေတော်မူ၏။- | |
II T | BurCBCM | 2:12 | ဤသို့ဖြင့် သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှု၌ မွေ့လျော်သော သူအားလုံးတို့သည် အပြစ်စီရင်ခြင်းခံရပေလိမ့်မည်။ | |
II T | BurCBCM | 2:13 | ဘုရားသခင်ချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်ချီးမွမ်း ထိုက်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်၌ သန့်ရှင်းစင်ကြယ်လာခြင်းဖြင့်လည်းကောင်း၊ သမ္မာတရား၌ ယုံကြည်ခြင်းဖြင့်လည်းကောင်း ကယ်တင်ခြင်းသို့ရောက်ရန် အစဦးကတည်းကပင် ဘုရားသခင်သည် သင်တို့ကို ရွေးကောက် ထားတော်မူသောကြောင့်ဖြစ်၏။- | |
II T | BurCBCM | 2:14 | ဤရည်ရွယ်ချက်ကြောင့် ကိုယ်တော်သည် ငါတို့၏ဧဝံဂေလိတရားတော်အားဖြင့် သင်တို့ကို ခေါ်တော်မူခဲ့လေပြီ။ ဤသို့ဖြင့် သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုန်းဂုဏ်တော်ကို ရရှိကြပေလိမ့်မည်။- | |
II T | BurCBCM | 2:15 | ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာ ရပ်တည်ကြလော့။ ငါတို့၏နှုတ်ထွက်စကားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့ သင်ယူခဲ့ကြသော ထုံးတမ်းစဉ် လာများကို စောင့်ထိန်းကြလော့။ | |
II T | BurCBCM | 2:16 | ငါတို့၏သခင် ယေဇူးခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကို ချစ်မြတ်နိုး၍ ကျေးဇူးတော်အားဖြင့် ငါတို့အား ထာ၀ရ နှစ်သိမ့်ခြင်းနှင့် စစ်မှန်သောမျှော်လင့်ချက်ကို ပေး တော်မူသော ငါတို့၏အဖ ဘုရားသခင်သည်၊- | |