Site uses cookies to provide basic functionality.

OK
JAMES
1 2 3 4 5
Prev Up Next Toggle notes
Chapter 5
Jame BurCBCM 5:1  ချမ်းသာကြွယ်၀သောသင်တို့၊ ယခုလာကြ၍ သင်တို့အပေါ်သို့ကျရောက်မည့်ဆင်းရဲဒုက္ခများအတွက် အော်ဟစ်ငိုကြွေး ကြလော့။-
Jame BurCBCM 5:2  သင်တို့၏ဥစ္စာဓနတို့သည် ပုပ်ပျက်လျက် သင်တို့၏အဝတ်အစားများမှာလည်း ပိုးစားခြင်းခံရလေပြီ။-
Jame BurCBCM 5:3  သင်တို့၏ ရွှေငွေများလည်း သံချေးတက်လေပြီ။ ထိုသံချေးသည် သင်တို့ကို ဆန့်ကျင်၍သက်သေခံပြီးလျှင် မီးကဲ့သို့ သင်တို့၏အသား ကို စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက် များအတွက် ဘဏ္ဍာကို ဆည်းပူးခဲ့ကြလေပြီတကား။-
Jame BurCBCM 5:4  ကြည့်လော့၊ သင်တို့လယ်များတွင် ရိတ်သိမ်းပေးသော သူတို့ကို လှည့်ဖြား၍ သင်တို့ထိမ်ချန်ထားသော သူတို့၏ လုပ်ခများသည် အော်ဟစ်ကြွေးကြော်လေပြီ။ သီးနှံရိတ်သိမ်းသူတို့၏အော်ဟစ်သံသည်လည်း ကောင်းကင်ဗိုလ်ခြေတို့၏ အရှင် ထာ၀ရဘုရားသခင်၏ရွှေနားတော် သို့ရောက်လေပြီ။-
Jame BurCBCM 5:5  သင်တို့သည် ကမ္ဘာပေါ်တွင် စည်းစိမ်ခံလျက် သာယာပျော်မွေ့ခဲ့ကြ၏။ သင်တို့သည် အသတ် ခံရမည့်နေ့အတွက် သင်တို့၏ နှလုံးသားများကို ဆူဖြိုးစေခဲ့ကြ၏။-
Jame BurCBCM 5:6  သင်တို့သည် ဖြောင့်မတ်သူကို အပြစ်စီရင်၍ သတ်ဖြတ်ခဲ့ကြ၏။ သူသည် သင်တို့ကို မခုခံခဲ့ပေ။
Jame BurCBCM 5:7  ထို့ကြောင့် ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာ တော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ကြည့်လော့၊ လယ်သမားသည် မိုးဦးနှင့် မိုးနှောင်းရွာပြီး သည့်တိုင်အောင် အဖိုးတန်သောမြေထွက်သီးနှံတို့ကို သည်းခံ၍စောင့်နေ၏။-
Jame BurCBCM 5:8  သင်တို့သည်လည်း စိတ်ရှည်သည်းခံကြလော့။ သခင်ဘုရားကြွလာတော်မူမည့် အချိန်သည် နီးလာပြီဖြစ်၍ သင်တို့၏ စိတ်နှလုံးများကို တည်ကြည်မြဲမြံစေကြလော့။-
Jame BurCBCM 5:9  ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းမခံရစေရန် သင်တို့အချင်းချင်း အပြစ်တင်ငြင်းခုံခြင်းကို မပြုကြနှင့်။ ကြည့်လော့၊ တရားသူကြီးသည် တံခါး၀၌ ရပ်နေလေပြီ။-
Jame BurCBCM 5:10  ညီအစ်ကိုတို့၊ ထာ၀ရဘုရား သခင်၏နာမတော်၌ ဟောပြောခဲ့ကြသော ပရောဖက် များ၏ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ ကို စံနမူနာယူကြလော့။-
Jame BurCBCM 5:11  ကြည့်လော့၊ သည်းခံနိုင်သော သူတို့သည် မင်္ဂလာရှိကြ၏ဟု ငါတို့ဆိုကြ၏။ သင်တို့သည် ယောဘ၏စိတ်ရှည်သည်းခံခြင်း ကိုကြားခဲ့ကြရလေပြီ။ ထာ၀ရဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကိုယ်တော်သည် မည်မျှသနားကြင်နာ၍ ကရုဏာတော်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်း သင်တို့သိမြင် ခဲ့ကြပြီ။
Jame BurCBCM 5:12  ငါ၏ညီအစ်ကိုတို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ ကမ္ဘာမြေကြီးကိုဖြစ်စေ၊ တခြားသော ကျမ်းသစ္စာတို့ကိုဖြစ်စေ တိုင်တည်၍ ကျိန်ဆိုခြင်းမပြုကြနှင့်။ သင်တို့၏စကားဟုတ်မှန်လျှင် ဟုတ် မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မှန်လျှင် မဟုတ်မှန်ပါဟူ၍လည်းကောင်း ပြောဆိုလော့။ သို့ဖြစ်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းမှကင်းလွတ်ကြ လိမ့်မည်။
Jame BurCBCM 5:13  သင်တို့ထဲတွင် ဒုက္ခဝေဒနာခံနေရသူရှိသလော။ ထိုသူအားဆုတောင်းစေလော့။ ပျော်ရွှင်ဝမ်းမြောက်သူ တစ်စုံတစ်ဦး ရှိသလော။ သူ့အား ချီးမွမ်းထောမနာကျူး အေးစေလော့။-
Jame BurCBCM 5:14  သင်တို့ထဲတွင် မကျန်းမာသူရှိသလော။ သူ့အား အသင်းတော်၏အကြီးအကဲများကိုခေါ်စေ၍ ထိုသူတို့သည် သူ့အပေါ် ၌ ဆုတောင်းပေးလျက် သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီနှင့်လူးပေးကြပါစေ။-
Jame BurCBCM 5:15  ထိုသို့ပြုလျှင် ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သော ဆု တောင်းပတ္ထနာသည် မကျန်းမာသူကို ကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကို ပျောက်ကင်းကျန်းမာလာစေလိမ့်မည်။ အကယ်၍ သူသည် အပြစ်တို့ကိုပြုမိခဲ့ပါလျှင် သူသည် ခွင့်လွှတ် ခြင်းခံရလိမ့်မည်။-
Jame BurCBCM 5:16  ထို့ကြောင့် သင်တို့သည် တစ်ဦးနှင့်တစ်ဦး အပြစ်များကိုဝန်ခံကြလျက် အချင်းချင်းဆုတောင်းပေးကြလော့။ ဤသို့ပြုလျှင် သင်တို့သည် ပျောက်ကင်းချမ်းသာရကြလိမ့်မည်။ ဖြောင့်မတ်သောသူ၏ဆုတောင်းပတ္ထနာ၌ ကြီးမားသောတန်ခိုး သက်ရောက် မှုရှိ၏။-
Jame BurCBCM 5:17  ဧလိယသည် ငါတို့ကဲ့သို့ သာမန်လောကသားဖြစ်သော်လည်း မိုးမရွာစေရန် စိတ်အား ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လပတ်လုံး ကမ္ဘာမြေပြင်ပေါ်၌ မိုးမရွာသွန်းဘဲရှိခဲ့၏။-
Jame BurCBCM 5:18  ထို့နောက်သူသည် တစ်ဖန်ပြန်လည်၍ ဆုတောင်းသောအခါ ကောင်းကင်မှ မိုးရွာသွန်း၍ မြေကြီးသည်လည်း မိမိ ၏အသီးများကိုသီးစေ၏။
Jame BurCBCM 5:19  ငါ၏ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက် သည် သမ္မာတရားမှလမ်းလွဲသွားသဖြင့် အခြားသူတစ် ယောက်က သူ့ကို လမ်းမှန်သို့ပြန်လည်ခေါ်ဆောင်ခဲ့ပါ လျှင်၊-
Jame BurCBCM 5:20  အပြစ်သားတစ်ဦးကို လမ်းမှားမှ ပြန်လည်ခေါ်ဆောင်ခဲ့သူသည် ထိုသူ၏ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသော အပြစ်တို့ကို ခွင့်လွှတ်ခြင်းခံရစေ မည်ဖြစ်ကြောင်း သူသိပါစေ။