JAMES
Chapter 2
Jame | BurCBCM | 2:1 | ငါ၏ညီအစ်ကိုတို့၊ သင်တို့သည်ဘုန်းဂုဏ်တော်ရှင်ဖြစ်သော ငါတို့၏သခင် ယေဇူးခရစ်တော်၌ ယုံကြည်ရာတွင် အဆင့်အတန်း ခွဲခြားခြင်းမပြုဘဲ ယုံကြည်ကြလော့။- | |
Jame | BurCBCM | 2:2 | အကယ်၍ သင်တို့စည်းဝေးသောနေရာသို့ ရွှေလက်စွပ်နှင့် တောက်ပြောင်သောအဝတ်အစား များကို ဝတ်ဆင်ထားသော လူတစ်ဦးဝင်လာပြီး ဟောင်းနွမ်းစုတ်ပြဲနေသောအဝတ်များကို ဝတ်ဆင်ထားသည့် ဆင်းရဲနွမ်းပါးသူတစ်ဦးလည်း ဝင်လာသော အခါ၊- | |
Jame | BurCBCM | 2:3 | သင်တို့သည် အဝတ်အစားကောင်းများဝတ်ဆင်ထားသူကို ကြည့်လျက် ကျေးဇူးပြု၍ ဤနေရာတွင် ထိုင်ပါဟုဆိုပြီးမှ ဆင်းရဲသောသူအား ထိုနေရာ၌ ရပ်နေပါ၊ သို့မဟုတ် ငါ့ခြေရင်း၌ ထိုင်ပါဟု ပြောဆိုသည်ဆိုပါစို့။- | |
Jame | BurCBCM | 2:4 | ထိုသို့ပြုလျှင် သင်တို့သည် အချင်းချင်းအဆင့်အတန်းခွဲခြား၍ ဆိုးညစ် သောအတွေးအခေါ်များနှင့် စီရင်ဆုံးဖြတ်သောသူများ ဖြစ်ကြပြီမဟုတ်လော။- | |
Jame | BurCBCM | 2:5 | ငါချစ်ရသောညီအစ်ကိုတို့၊ နားထောင်ကြလော့။ဘုရားသခင်သည် ဆင်းရဲသားတို့ကို ယုံကြည်ခြင်း၌ ကြွယ်၀ချမ်းသာ စေရန်နှင့် မိမိကိုချစ် သောသူများအား ကတိထားသော နိုင်ငံတော်ကို အမွေခံစေရန် ရွေးချယ်တော်မူသည်မဟုတ်လော။- | |
Jame | BurCBCM | 2:6 | သို့သော် သင်တို့သည် ဆင်းရဲသားတို့ကို ဂုဏ်သရေညှိုးနွမ်းစေကြ၏။ သင်တို့ကို ဖိနှိပ်အနိုင်ကျင့်ပြီး တရားရုံးသို့ ဆွဲခေါ် သွားသောသူတို့မှာ ချမ်းသာသောသူတို့ပင်ဖြစ်ကြသည် မဟုတ်လော။- | |
Jame | BurCBCM | 2:7 | သင်တို့အဖို့ တိုင်တည်ဆုတောင်းပေးရာ နာမတော်ကို ထိခိုက်စော်ကားကြသောသူတို့မှာလည်း ချမ်းသာသော သူတို့ပင် မဟုတ်ပါလော။ | |
Jame | BurCBCM | 2:8 | သင့်ကိုယ်သင်ချစ်သကဲ့သို့ သင်နှင့်နီးစပ်သော သူကို ချစ်လော့ဟူ၍ ကျမ်းစာတော်မြတ်တွင်ရေးသား ထားသည့်အတိုင်း သင်သည် အမှန်ပင် ထိုပညတ်တော်ကို လိုက်နာစောင့်ထိန်းပါလျှင် သင်သည် ကောင်းသော အကျင့်ကိုကျင့်၏။- | |
Jame | BurCBCM | 2:9 | သို့သော် သင်သည် မျက်နှာလိုက်လျှင် အပြစ်ကျူးလွန်ရာရောက်သဖြင့် ပညတ်တရားအရ ဥပဒေချိုးဖောက်သူအဖြစ် ပြစ်ဒဏ်စီရင်ခြင်းခံရပေလိမ့်မည်။- | |
Jame | BurCBCM | 2:10 | အကြောင်းမူကား မည်သူမဆို ပညတ်တရားအား လုံးကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက် တစ်ခုကို ချိုးဖောက် မိလျှင်ပညတ်တရားအလုံးစုံကို ချိုးဖောက်ရာရောက်၏။- | |
Jame | BurCBCM | 2:11 | အဘယ်ကြောင့်ဆိုသော် သူတစ်ပါး၏မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောအရှင်သည် လူ၏အသက်ကို မသတ်နှင့်ဟူ၍လည်း ပညတ် တော်မူ၏။ သင်သည် သူ့မယားကို မပြစ်မှားသော်လည်း လူ့အသက်ကိုသတ်လျှင် ပညတ်တော်ကို ချိုးဖောက်သူ ဖြစ်လေပြီ။- | |
Jame | BurCBCM | 2:12 | သို့ဖြစ်၍ သင်တို့သည် လွတ်လပ်ခြင်းနှင့် ဆိုင်သောတရားတော်အတိုင်း စီရင်ခြင်းခံရမည့်သူတို့ ကဲ့သို့ ပြောဆိုကျင့်ကြံကြ လော့။- | |
Jame | BurCBCM | 2:13 | အဘယ်ကြောင့်ဆိုသော် သနားကြင်နာမှုမရှိသောသူအပေါ်၌ သနားကြင် နာခြင်းကင်းမဲ့စွာ တရားစီရင်မည်ဖြစ်သော ကြောင့်တည်း။ သို့သော် သနားကြင်နာခြင်းသည် တရားစီရင် ချက်အပေါ် အနိုင်ယူတတ်၏။ | |
Jame | BurCBCM | 2:14 | ငါ၏ညီအစ်ကိုတို့၊ လူတစ်ဦးက သူ၌ ယုံကြည်ခြင်းရှိသည်ဟုဆိုသော်လည်း သူသည် ကျင့်ကြံမှုမရှိလျှင် မည်သည့်အကျိုးကို ရရှိမည်နည်း။ သူ၏ယုံကြည်ခြင်းသည် သူ့ကို ကယ်တင်နိုင်ပါသလော။- | |
Jame | BurCBCM | 2:16 | သင်တို့တွင် တစ်ဦးက ငြိမ်းချမ်း သာယာခြင်းဖြင့်သွားလော့။ နွေးထွေးစွာနေ၍ ၀လင်စွာ စားပါလော့ဟုပြောလျက် သူတို့အား ခန္ဓာကိုယ်အတွက် လိုအပ်သောအရာများကို မပေးပါက အဘယ်အကျိုးရှိ မည်နည်း။- | |
Jame | BurCBCM | 2:18 | သို့သော် အချို့က သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌ ကျင့်ကြံမှုများရှိ၏ဟု ဆိုကြလိမ့်မည်။ သင်သည် ကျင့်ကြံမှုမရှိသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြပါလော့။ ငါသည်လည်း ငါ၏ကျင့်ကြံမှုများဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။- | |
Jame | BurCBCM | 2:19 | ဘုရားတစ်ဆူတည်းရှိသည်ကို သင်ယုံကြည်၏။ သင့်မြတ်လှပေ၏။ သို့သော် နတ်ဆိုးများပင် လျှင် ထိုသို့ယုံကြည်ကြ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။- | |
Jame | BurCBCM | 2:20 | အသင်လူမိုက်၊ ကျင့်ကြံမှုမရှိသောယုံကြည်ခြင်းသည် အချည်နှီးသက်သက်ဖြစ်ကြောင်း သင့်အား ပြသစေလိုသလော။- | |
Jame | BurCBCM | 2:21 | ငါတို့၏အဖ အာဘရာဟံသည် မိမိ၏သားအီဇတ်ကို ယဇ်ပလ္လင်ပေါ်တွင် ဆက်ကပ်ပူဇော်သောအခါ ကျင့်ကြံမှုအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။- | |
Jame | BurCBCM | 2:22 | ယုံကြည်ခြင်းသည် သူ၏ကျင့်ကြံမှုများနှင့်အတူ သက်ဝင်လှုပ်ရှားလျက် ထိုကျင့်ကြံမှုအားဖြင့် စုံလင်ခြင်း သို့ရောက်သည်ကို သင်မြင်ရ၏။- | |
Jame | BurCBCM | 2:23 | ကျမ်းစာတော်မြတ်သည်လည်း ထိုနည်းဖြင့် ပြည့်စုံခြင်းသို့ရောက်လေ၏။ ယင်း၌ ဆိုထားသည်ကား အာဘရာဟံသည် ဘုရားသခင်၌ ယုံကြည်၍ သူ၏ယုံကြည်ခြင်းကြောင့် သူ့အားဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏ဟူ၍ဖြစ်၏။ သူ သည်လည်း ဘုရားသခင်၏မိတ်ဆွေဟုခေါ်ဆိုခြင်းခံရလေ၏။- | |
Jame | BurCBCM | 2:24 | သို့ဖြစ်၍ လူတစ်ဦးသည် ယုံကြည်ခြင်းတစ်ခု တည်းဖြင့်သာ ဖြောင့်မတ်ခြင်းသို့မရောက်နိုင်ဘဲ အကျင့်အကြံအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည်ကို သင်တို့သိကြ၏။- | |
Jame | BurCBCM | 2:25 | ထိုနည်းတူပင် ပြည့်တန်ဆာမရာဟပ်သည် အစ္စရာအဲလ်လူမျိုးအထောက်တော်များကိုလက်ခံပြီးနောက် အခြားသော လမ်းမှပြန်လွှတ်လိုက်သောကြောင့် ထိုအပြုအမူအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည် မဟုတ်လော။- | |