Site uses cookies to provide basic functionality.

OK
JAMES
1 2 3 4 5
Prev Up Next Toggle notes
Chapter 3
Jame BurCBCM 3:1  ငါ၏ညီအစ်ကိုတို့၊ ငါတို့တွင် များစွာသောသူတို့ သည် ဆရာမဖြစ်ကြပါစေနှင့်။အကြောင်းမူကား သွန်သင်ပေးသောငါတို့သည် ပိုမိုတင်းကြပ်စွာစီရင်ခြင်းခံရမည်ကို သင်တို့သိကြသောကြောင့်တည်း။-
Jame BurCBCM 3:2  အဘယ်ကြောင့်ဆိုသော် ငါတို့အားလုံးသည် အမှားများစွာပြု လုပ်တတ်ကြ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် မိမိပြောဆိုသောအရာ၌ အမှားမပြုလုပ်မိလျှင် ထိုသူသည် စုံလင်သောသူဖြစ်၍ မိမိကိုယ်ကို ချုပ်တည်းနိုင် စွမ်းရှိသူလည်းဖြစ် ပေ၏။-
Jame BurCBCM 3:3  ငါတို့သည် မြင်းများ၏ပါးစပ် အတွင်းသို့ ဇက်ခွံ့၍ ငါတို့ကို နာခံစေကြလျက် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ညွှန်ကြားကြ၏။ သင်္ဘောများ ကိုလည်း ကြည့်ကြလော့။-
Jame BurCBCM 3:4  သင်္ဘောများသည် အလွန်ကြီးမားပြီး ပြင်းထန်သောလေနှင့် ရွက်လွှင့်သွားသော်လည်း မောင်းနှင်သူအလိုရှိရာအရပ်သို့ သေးငယ်သည့် တက်မနှင့်လမ်းညွှန်နိုင်၏။-
Jame BurCBCM 3:5  ထိုနည်းတူပင် လျှာသည် သေးငယ်သော်လည်း ကြီးကျယ်သောအရာများကို ကြွားဝါတတ်၏။ ကြီးမားသောသစ်တောကို သေးငယ်သောမီးတောက်ကလေးက လောင်ကျွမ်းစေနိုင်၏။-
Jame BurCBCM 3:6  လျှာသည် မီးဖြစ်၏။ လျှာသည် ငါတို့၏ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း များအလယ်တွင် မဖြောင့်မှန်သောနယ်ပယ်တစ်ခုဖြစ်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ညစ်ညူးစေနိုင်၏။ လျှာသည် ငရဲ မှ မီးစွဲလောင်ခြင်းကို ကိုယ်တိုင်ခံရပြီး ဤလောကတစ်ခု လုံးကိုလည်း လောင်ကျွမ်းစေလေ၏။-
Jame BurCBCM 3:7  အကြောင်းမူကား သားရဲတိရ စ္ဆာန်များ၊ ငှက်များ၊ တွားသွားသတ္တဝါများနှင့် ပင်လယ်သတ္တဝါများကို ယဉ်ပါးအောင် ပြုလုပ်နိုင်ပြီး လူတို့သည် ယင်းတို့ကို ယဉ်ပါးစေခဲ့ကြ၏။-
Jame BurCBCM 3:8  သို့သော် မည်သည့်လူသားကမျှ လျှာကိုယဉ်ကျေးအောင် မဆုံးမနိုင်ချေ။ လျှာသည် သေစေနိုင်သောအဆိပ်ဖြင့် ပြည့်နေ သည့် အမြဲလှုပ်ရှားနေသောမကောင်းဆိုးဝါးဖြစ်၏။-
Jame BurCBCM 3:9  ငါတို့သည် ခမည်းတော်ဖြစ်သော ထာ၀ရဘုရားသခင်ကို ဤလျှာဖြင့် ကောင်းချီးပေးကြပြီး ဤလျှာဖြင့်ပင် ဘုရား သခင်၏ ရွှေပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းထားသော လူများကို ကျိန်ဆဲကြ၏။-
Jame BurCBCM 3:10  ဤပါးစပ်တစ်ခုထဲမှ ကောင်း ချီးပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ထွက်ပေါ်လာ၏။ ငါ၏ညီ အစ်ကိုတို့၊ ဤသို့ မဖြစ်သင့်ပေ။-
Jame BurCBCM 3:11  စမ်းပေါက်တစ်ခုထဲမှ ရေချိုနှင့် ရေငန်ထွက်ပါသလော။-
Jame BurCBCM 3:12  ငါ၏ညီအစ်ကိုတို့၊ သဖန်းပင်သည် သံလွင်သီးများကို သီးနိုင်သလော။ သို့တည်းမဟုတ် စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်ပါသ လော။ ဆားငန်ရေမှလည်း ရေချိုကိုမရရှိနိုင်ပေ။
Jame BurCBCM 3:13  သင်တို့တွင် မည်သူသည် ဉာဏ်ပညာနှင့်နားလည်တတ်ခြင်းတို့ကို ပိုင်ဆိုင်သနည်း။ သူသည် ဉာဏ်ပညာဖြင့်သိမ်မွေ့ လျက်ရှိသော မိမိ၏လုပ်ရပ်များကို မိမိ၏ ကောင်းသောဘ၀ဖြင့်ပြပါစေ။-
Jame BurCBCM 3:14  သို့သော် သင်၏စိတ်နှလုံးတွင် ခါးသီးသော မနာလိုစိတ်နှင့်တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်တို့ရှိပါလျှင် အမှန်တရားကိုဆန့်ကျင်၍ ကြွားဝါခြင်းမပြုလေနှင့်။-
Jame BurCBCM 3:15  ထိုသို့သောဉာဏ်ပညာသည် အထက်ကောင်းကင်မှလာသော အရာမဟုတ်။ ၎င်းသည် ကမ္ဘာလောကမှလာ၍ ဝိညာဉ်ရေး နှင့်ဆန့်ကျင်ပြီး နတ်ဆိုးနှင့်ဆိုင်သောပညာသာဖြစ်ပေလိမ့်မည်။-
Jame BurCBCM 3:16  အကြောင်းမူကား မနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန် သောရည်မှန်းချက်တို့ရှိသည့်နေရာ၌ မငြိမ်မသက်ရှိပြီး ဆိုးယုတ်မှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့်တည်း။-
Jame BurCBCM 3:17  အထက်ကောင်းကင်မှလာသောဉာဏ်ပညာမူကား ပထမဦးဆုံးအနေဖြင့် စင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသာယာပြီး နူးညံ့သိမ်မွေ့ကာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိ၏။ ၎င်းသည် သနားကြင်နာခြင်းဖြင့်ပြည့်၀၍ ကောင်းသောအမှုကိုပြုစေပြီး မျက်နှာလိုက်ခြင်းမရှိဘဲ သူတော်ကောင်းယောင်ဆောင်ခြင်းလည်းမရှိပေ။-
Jame BurCBCM 3:18  ငြိမ်းချမ်းရေးဆောင်ရွက်သူတို့သည်လည်း ဖြောင့်မတ်ခြင်း၏ အသီးအပွင့်များကို ငြိမ်းချမ်းသာယာစွာ မျိုးစေ့ကြဲတတ် ကြ၏။