TITUS
Chapter 3
Titu | BurCBCM | 3:1 | အုပ်ချုပ်သူမင်းများနှင့်အာဏာပိုင်များ၏ဩဇာကိုခံယူကြရန် သူတို့အားသတိပေးလော့။ ထို့ အတူသူတို့အား နာခံခြင်း ရှိရန်၊ ကောင်းမြတ်သောအမှု ကိစ္စဟူသမျှကို လုပ်ဆောင်ခြင်းငှာ အသင့်ရှိကြရန်၊- | |
Titu | BurCBCM | 3:2 | မည်သူ့အကြောင်းကိုမှ မကောင်းမပြောရန်၊ ခိုက်ရန်ဖြစ် ပွားခြင်းကိုရှောင်ကြဉ်ရန်၊ နူးညံ့သိမ်မွေ့ ရန်နှင့် လူအပေါင်း တို့ကို နှိမ့်ချစွာဆက်ဆံရန် သတိပေးနှိုးဆော်လော့။- | |
Titu | BurCBCM | 3:3 | အကြောင်းမူကား ငါတို့သည် တစ်ချိန်က ကိုယ်တိုင်မိုက် မဲခဲ့၍ နာခံခြင်းမရှိဘဲ လမ်းမှားသို့ရောက်ခဲ့ကြ၏။ ငါတို့ သည် တပ်မက်မှုအမျိုးမျိုးနှင့် အပျော်အပါးတို့၏ကျေးကျွန်ဖြစ်ခဲ့ကြပြီး မကောင်းမှုနှင့် မနာလိုဝန်တိုခြင်းတို့ဖြင့် အချိန်ကုန်လွန်စေ ခဲ့ကြသဖြင့် လူတို့၏မုန်းတီးခြင်းကိုခံခဲ့ရပြီး ငါတို့အချင်းချင်းလည်း တစ်ဦးကိုတစ်ဦး မုန်းတီးခဲ့ကြ၏။- | |
Titu | BurCBCM | 3:4 | သို့သော် ငါတို့၏ ကယ်တင်ရှင် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းနှင့် ကရုဏာမေတ္တာတော်တို့ ပေါ်လွင်ထင်ရှားလာ သောအခါ၊- | |
Titu | BurCBCM | 3:5 | ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤသို့ကယ်တင်ခဲ့ခြင်းမှာ ငါတို့ဖြောင့်မတ်စွာပြုမူခဲ့သည့် ကုသိုလ်ကောင်း မှုများကြောင့် မဟုတ်ဘဲ ကိုယ်တော်၏သနားကရုဏာတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ငါတို့အား ဆေးကြောခြင်း၌ အသစ်တစ်ဖန်မွေးဖွားစေပြီး ဝိညာဉ်တော်မြတ်၌ အသစ်ပြုပြင်ပေးခြင်းအားဖြင့် ကယ်တင်ခဲ့လေ၏။- | |
Titu | BurCBCM | 3:6 | ကိုယ်တော်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင် ယေဇူး ခရစ်တော်အားဖြင့် ငါတို့အပေါ်သို့ ကြွယ်၀စွာသွန်း လောင်းပေးတော်မူ၏။- | |
Titu | BurCBCM | 3:7 | ဤသို့ဖြင့် ငါတို့သည် ကိုယ် တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၍ ထာ၀ရအသက်၏မျှော်လင့်ခြင်း ကို အမွေခံရသူ များဖြစ်လာကြလိမ့်မည်။- | |
Titu | BurCBCM | 3:8 | ဤသွန်သင်ချက်သည် မှန် ကန်သောသွန်သင်ချက်ဖြစ်၏။ ဘုရားသခင်၌ ယုံကြည်သောသူတို့သည်ကောင်း သောအမူအကျင့်တို့ကို မိမိတို့ကိုယ်တိုင်လိုက်နာကျင့်ကြံနိုင်စေ ခြင်းငှာ ဤအရာများကိုပြုလုပ်ကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုပါ၏။ ဤအရာတို့သည် ကောင်းမြတ်၍ လူတို့ကို အကျိုးဖြစ်ထွန်းစေကြ၏။- | |
Titu | BurCBCM | 3:9 | သို့ ရာတွင် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက် စာရင်းများ၊ သဘောထားကွဲလွဲမှုများ၊ ပညတ်တရားကြောင့် အငြင်းအခုံဖြစ်ခြင်းများကို ရှောင်ကြလော့။ အ ကြောင်းမူကား ဤအရာတို့သည် အကျိုးမဖြစ်ထွန်းစေဘဲ အချည်းနှီးသက်သက် သာဖြစ်ကြ၏။- | |
Titu | BurCBCM | 3:10 | စိတ်ဝမ်းကွဲ ပြားမှုကိုဖြစ်ပေါ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ်ဆုံးမ သတိပေးပြီးနောက် သူနှင့်လုံး၀မပတ်သက်လေနှင့်။- | |
Titu | BurCBCM | 3:11 | ထိုကဲ့သို့သောသူသည် ဖောက်ပြန်တတ်သောသူဖြစ်၍ အပြစ်ရှိကြောင်းကို သင်သိ၏။ သူ၏အပြစ်များကပင် သူ့ကိုစီရင် လေပြီ။ | |
Titu | BurCBCM | 3:12 | ငါသည် အာတီမကိုဖြစ်စေ၊ တိခိကုကိုဖြစ်စေသင့် ထံသို့စေလွှတ်လိုက်သောအခါ ငါရှိရာ နီကိုပိုလစ်မြို့သို့ လာနိုင်ရန် အစွမ်း ကုန်ကြိုးစားပါလော့။ အကြောင်းမူကား ငါသည် ဆောင်းရာသီ၌ ထိုမြို့တွင်နေထိုင်ရန် ဆုံးဖြတ်ပြီး ဖြစ်၏။- | |
Titu | BurCBCM | 3:13 | ပညတ်ဥပဒေတတ်ကျွမ်းသူ ဇေနတ်နှင့် အာပိုလိုတို့ အလျင်အမြန်ခရီးဆက်နိုင်ရန် အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလော့။ သူတို့အတွက် မည်သည့်အရာမျှ မချို့တဲ့စေရန် ကူညီပါလော့။- | |
Titu | BurCBCM | 3:14 | ငါတို့၏လူများသည် မိမိတို့၏ဘ၀ကို အချည်းနှီးမဖြစ်စေဘဲ မိမိတို့၏အကူအညီကို အမှန်တကယ်လိုအပ်နေသော သူများ အား ကူညီ ထောက်ပံ့ကြရန် သင်ယူလေ့လာကြရမည်။ | |