Site uses cookies to provide basic functionality.

OK
TITUS
1 2 3
Prev Up Next Toggle notes
Chapter 2
Titu BurCBCM 2:1  သင်မူကား မှန်ကန်သောအယူဝါဒနှင့် ကိုက်ညီသည့်အရာတို့ကို သွန်သင်ပါလော့။-
Titu BurCBCM 2:2  အသက်အရွယ်ကြီးရင့်သောသူတို့ကို တည်ကြည်လေးနက်စေ ရန်၊ သိက္ခာသမာဓိရှိစေရန်၊ ဣန္ဒြေစောင့်စည်းနိုင်ကြစေ ရန်လည်းကောင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာတရား နှင့် သည်းခံကြိုးပမ်းခြင်းစသည်တို့၌ ပြည့်စုံနိုင်ကြရန် လည်းကောင်း သွန်သင်လော့။-
Titu BurCBCM 2:3  ထိုနည်းတူပင် အသက် ကြီးသောအမျိုးသမီးများကိုလည်း ဘုရားတရားကြည် ညိုသူများပြုမူသကဲ့သို့ နေထိုင်ပြုမူကြရန် သွန်သင်ဆုံးမ ပါလော့။ သူတို့သည် သူတစ်ပါး၏အသရေကိုဖျက်သူများနှင့် သောက်စားခြင်း၏ကျေးကျွန်များမဖြစ်စေရ။ သူ တို့သည် ကောင်းမြတ်သောအရာကို သင်ကြားပေးကြရ မည်။-
Titu BurCBCM 2:4  သူတို့သည် ငယ်ရွယ်သူအမျိုးသမီးများအား ၎င်း တို့၏ခင်ပွန်းနှင့် သားသမီးများကိုချစ်မြတ်နိုးကြရန်လည်းကောင်း၊-
Titu BurCBCM 2:5  စဉ်းစားချင့်ချိန်တတ်ရန်၊ သန့်ရှင်းဖြူစင်ရန်၊ အိမ်မှုကိစ္စများကို ကောင်းစွာဆောင်ရွက်ရန်၊ သနားကြင်နာခြင်းရှိရန်နှင့် မိမိတို့၏ခင်ပွန်းများကိုနာခံကြစေရန်လည်းကောင်း လေ့ကျင့်သင်ကြားပေးကြရမည်။ ဤသို့ ဖြင့် ဘုရားသခင်၏နှုတ်တော် ထွက်စကား သည် ထိခိုက် စော်ကားခြင်းခံရလိမ့်မည်မဟုတ်ပေ။
Titu BurCBCM 2:6  ထိုနည်းတူပင် ငယ်ရွယ်သောယောက်ျm;တို့ကို လည်း မိမိတို့ကိုယ်ကို ချုပ်တီးကြရန် တိုက်တွန်းနှိုးဆော်လော့။-
Titu BurCBCM 2:7  ကောင်းမြတ်သောအမှုအရာတို့၏စံနမူနာအဖြစ် အရာခပ်သိမ်းတို့၌ သင်ကိုယ်တိုင်လမ်းပြဦးဆောင်ပါလော့။ သွန်သင်ဟော ပြောရာတွင်လည်းတည်ကြည်မှုနှင့်လေးနက်မှုတို့ကိုပြသ၍၊-
Titu BurCBCM 2:8  ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်ကင်း လွတ်သည့် မှန်ကန်သင့်လျော်သောစကားကိုပြောဆို ပါလော့။ သို့မှသာ အတိုက်အခံပြုသောသ ူတို့သည် ငါတို့ အပေါ် အပြစ်တင်စရာမရှိသဖြင့် အရှက်ရကြလိမ့်မည်။
Titu BurCBCM 2:9  အစေခံကျွန်တို့ကိုလည်း မိမိတို့၏သခင်များကို နာခံစေ၍ အရာရာ၌ သူတို့ကျေနပ်နှစ်သက်စေခြင်းငှာ ပြုမူကြရန် သွန်သင် ဆုံးမလော့။ သူတို့သည် မိမိတို့၏ သခင်များအား တုံ့ပြန်ပြောဆိုခြင်းမပြုရ။-
Titu BurCBCM 2:10  ထို့အတူ သူတို့ သည် ခိုးဝှက်ထိမ်ချန်ခြင်းကိုလည်း မပြုဘဲ မိမိတို့သည် အစဉ်သစ္စာရှိကြောင်းကို ပြသရမည်။ သို့မှသာ သူတို့ သည် ငါတို့ကယ်တင်ရှင် ဘုရားသခင်၏တရားတော်ကို အရာရာ၌ တင့်တယ်စေကြလိမ့်မည်။
Titu BurCBCM 2:11  အကြောင်းမူကား ဘုရားသခင်၏ကျေးဇူးတော် သည် လူသားအပေါင်းတို့၏ကယ်တင်ခြင်းအတွက် ထင်ရှားပေါ်ထွန်း လေပြီ။-
Titu BurCBCM 2:12  ထိုကျေးဇူးတော်သည် ငါတို့အား ဘုရားတရားမဲ့ခြင်းနှင့် လောကီဆိုင်ရာတပ်မက်ခြင်းတို့ ကိုစွန့်ပစ်ရန်လည်းကောင်း၊ တည်ငြိမ်ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဘုရားတရားကြည်ညိုခြင်းစသည်တို့ဖြင့် ဤလော ကတွင် နေထိုင်အသက်ရှင်ရန်လည်းကောင်း သွန်သင် ဆုံးမလျက်ရှိ၏။-
Titu BurCBCM 2:13  ဤသို့ဖြင့် ငါတို့သည် ငါတို့၏ကြီးမြတ် တော်မူသောဘုရားသခင်နှင့် ကယ်တင်ရှင်ယေဇူးခရစ် တော်၏ဘုန်းဂုဏ်တော် ထင်ရှားခြင်းကိုစောင့်မျှော်လျက်ရှိကြ၏။ ဤသည်ကား ငါတို့၏မွန်မြတ်သောမျှော်လင့် ချက်ပင်ဖြစ်၏။-
Titu BurCBCM 2:14  ကိုယ်တော်သည် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူခဲ့၏။ သို့မှသာ ကိုယ်တော်သည် ငါတို့အားအပြစ်မကောင်းမှု အပေါင်းမှ ကယ်တင်နိုင်မည်ဖြစ်ပြီး ငါတို့ကို သန့်ရှင်းစင်ကြယ်စေနိုင်မည်ဖြစ်၏။ ထိုအခါ ငါတို့သည် ကောင်းသောအရာ တို့ကိုပြုမူလိုသော ကိုယ်တော်၏လူမျိုးတော်ဖြစ်လာပေလိမ့်မည်။
Titu BurCBCM 2:15  ဤအကြောင်းအရာတို့ကို ကြေညာဟောပြောလော့။ အားပေးတိုက်တွန်းလျက် အမိန့်အာဏာနှင့် ဆုံးမသွန်သင်လော့။ မည်သူကမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။