TITUS
Chapter 1
Titu | BurCBCM | 1:1 | ဘုရားသခင်၏အစေခံနှင့် ယေဇူးခရစ်တော်၏ တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရား သခင် ရွေးကောက်ထားတော် မူသောသူတို့၏ယုံကြည်ခြင်းကိုလည်းကောင်း၊ စစ်မှန် သောဘာသာတရားသို့ပို့ဆောင်ပေးသည့် သမ္မာတရား တော်နှင့်ပတ်သက်၍ ထိုသူတို့၏သိနားလည်ခြင်းကို လည်းကောင်း တိုးပွားစေခြင်းငှာ စေလွှတ်ခြင်းခံရ၏။- | |
Titu | BurCBCM | 1:2 | ဤသို့ဖြင့် သူတို့သည် မုသားပြောဆိုခြင်းမရှိသောဘုရား သခင်က ရှေးကာလကြာမြင့်စွာကပင် ကတိထားတော် မူခဲ့သည့် ထာ၀ရအသက်ကို မျှော်လင့်နိုင်ကြပေလိမ့်မည်။- | |
Titu | BurCBCM | 1:3 | ဘုရားသခင်သည် မိမိ၏သတင်းစကားကို သင့် လျော်သောအချိန်တွင် ထင်ရှားစေတော်မူခဲ့၏။ ထိုအမှု တော်ကို ငါ့အား အပ်နှင်းထား၍ ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏အမိန့်တော်အားဖြင့် ငါသည် ယင်းကို ဟောပြောခြင်းဖြစ်၏။ | |
Titu | BurCBCM | 1:5 | အဖခမည်းတော်ဘုရားနှင့် ငါတို့၏ကယ်တင်ရှင် ခရစ်တော်ယေဇူးထံမှကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသက် ရောက်ပါစေသော်။ | |
Titu | BurCBCM | 1:6 | ထို့ကြောင့် သင့်အား ငါမှာထားခဲ့သည့်အတိုင်း သင် သည် ခရိကျွန်းတွင် လုပ်ဆောင်ရန် ကျန်ရှိနေသေးသော အမှုအရာတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန်နှင့် မြို့ တိုင်းတွင် ခေါင်းဆောင်များခန့်ထားရန် သင့် ကို ဤကျွန်း၌ ငါချန်ထားခဲ့ခြင်းဖြစ်၏။- | |
Titu | BurCBCM | 1:7 | ထိုသူတစ်ဦးစီသည် အပြစ်တင် စရာမရှိသူဖြစ်၍ ဇနီးတစ်ယောက်တည်းရှိသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ကြ၍ စည်းကမ်းမဲ့နေထိုင်သူများနှင့် နာခံခြင်းမရှိသူများမဖြစ်စေရ။- | |
Titu | BurCBCM | 1:8 | အကြောင်းမူကား သာသနာအကြီးအမှူးဖြစ်သူ သည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ်သည့်အတိုင်း အပြစ်တင်ခံစရာမရှိသောသူဖြစ်ရမည်။ သူသည် မောက်မာသူ၊ စိတ်တိုလွယ်သောသူ၊ မူးယစ် သောက်စားသူ၊ ရန်လိုကြမ်းတမ်း သူနှင့် ဥစ္စာပစ္စည်းတပ် မက်သူမဖြစ်စေရ။- | |
Titu | BurCBCM | 1:9 | သူသည် ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်ရာကို နှစ်သက်မြတ်နိုးသူ၊ ပညာသတိရှိသူ၊ ဖြောင့်မတ်သူ၊ ဘုရားတရား ကိုင်းရှိုင်းသူနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်သောသူဖြစ်ရမည်။- | |
Titu | BurCBCM | 1:10 | သူသည် မိမိသွန်သင်ခံ ခဲ့ရသည့်အတိုင်း တိကျသောတရားစကားကိုစွဲမြဲစွာခံယူရမည်။ သို့မှသာသူသည် မှန်ကန်သော အယူဝါဒဖြင့် သွန်သင်လမ်းညွှန်နိုင်ပြီး ဤတရားတော်ကိုဆန့်ကျင်သော သူတို့၏အမှားကိုလည်း ထောက်ပြနိုင်ပေလိမ့်မည်။- | |
Titu | BurCBCM | 1:11 | အကြောင်းမူကား မနာခံသောသူများ၊ အဓိပ္ပာယ်မဲ့သည့် စကားများကို ပြောဆိုသောသူများနှင့် လှည့်ဖြားတတ် သောသူများ၊ အထူးသဖြင့် အရေဖျားလှီးခြင်းခံပြီးသူများ အမြောက်အမြားရှိကြသောကြောင့်ဖြစ်၏။- | |
Titu | BurCBCM | 1:12 | ထိုသူတို့ သည် မသမာသောနည်းဖြင့် အကျိုးအမြတ်ရရှိရန် ရည် ရွယ်လျက် မိမိတို့သွန်သင်ပိုင်ခွင့်မရှိသောအရာများကို သွန်သင်ခြင်းအားဖြင့် မိသားစုများအားလုံးကို ဖရိုဖရဲ ဖြစ် စေကြသောကြောင့် ထိုသူတို့၏နှုတ်များကို ပိတ်ထားရ မည်ဖြစ်၏။- | |
Titu | BurCBCM | 1:13 | သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်သော သူတို့၏ပရောဖက်တစ်ဦးက ခရိကျွန်းသားတို့သည် အစဉ်အမြဲ လိမ်ညာနေသော သူများ၊ မကောင်းဆိုးဝါးသတ္တဝါများနှင့် ပျင်းရိ၍အစားကြူးသူများဖြစ်ကြသည်ဟု ပြောဆိုခဲ့၏။- | |
Titu | BurCBCM | 1:14 | ဤသက်သေခံချက်သည် မှန်၏။ ထို့ကြောင့် သူတို့သည် ယုံကြည်ခြင်း၌ မှန်ကန်စွာကျင့်ကြံလာကြစေရန် သူတို့ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမပါလော့။- | |
Titu | BurCBCM | 1:15 | ဤသို့ဖြင့် သူတို့သည် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီပုံပြင်များကိုလည်းကောင်း၊ သမ္မာတရားကိုပစ်ပယ်သောသူတို့၏အမိန့် ပေးချက်များ ကိုလည်းကောင်း လျစ်လျူရှုကြလိမ့်မည်။- စိတ်နှလုံးစင် ကြယ်သောသူတို့အတွက် ခပ်သိမ်းသောအရာတို့သည် သန့်ရှင်းစင်ကြယ်ကြ၏။ ညစ်ညူး၍ မယုံကြည်သောသူ တို့အတွက်မူကား မည်သည့်အရာမျှ စင်ကြယ်သည်မရှိ။ သူတို့၏စိတ်နှလုံးနှင့် အသိတရားတို့သည် ပျက်စီးလျက် ရှိ၏။- | |