Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next Toggle notes
Chapter 12
Acts BurJudso 12:1  ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင်၍၊
Acts BurJudso 12:2  ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။
Acts BurJudso 12:3  ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
Acts BurJudso 12:4  ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။
Acts BurJudso 12:5  ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
Acts BurJudso 12:6  ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
Acts BurJudso 12:7  ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ၏။
Acts BurJudso 12:8  ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။
Acts BurJudso 12:9  ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။
Acts BurJudso 12:10  လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သော သံတံခါး သို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှ ခွါ၍ သွားလေ၏။
Acts BurJudso 12:11  ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း လက်မှ၎င်း၊ ယုဒလူတို့၏ မြော်လင့်ခြင်းမှ ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
Acts BurJudso 12:12  လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည် သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏ အိမ်သို့ရောက်၍၊
Acts BurJudso 12:13  အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ၍၊
Acts BurJudso 12:14  ပေတရု၏စကားအသံကိုသိလျှင်၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။
Acts BurJudso 12:15  ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏။
Acts BurJudso 12:16  ပေတရုသည် ခေါက်၍နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ၏။
Acts BurJudso 12:17  ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့သွားလေ၏။
Acts BurJudso 12:18  မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။
Acts BurJudso 12:19  ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည် ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။
Acts BurJudso 12:20  ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။
Acts BurJudso 12:21  ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ၏။
Acts BurJudso 12:22  လူများတို့က၊ ဤအသံသည်လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည် ရှိသော်၊
Acts BurJudso 12:23  ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။
Acts BurJudso 12:24  ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏။
Acts BurJudso 12:25  ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။