GALATIANS
Chapter 2
Gala | BurCBCM | 2:1 | တစ်ဆယ့်လေးနှစ်ကြာပြီးနောက် ငါသည် ဘာနဘနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွားရောက်ခဲ့ရာ တိတုကိုလည်း ငါနှင့်အတူ ခေါ်ဆောင်သွားခဲ့၏။- | |
Gala | BurCBCM | 2:2 | ငါသည် ဗျာဒိတ်တော်အရ သွားရောက်ခဲ့ခြင်းဖြစ်၍ ငါဆောင်ရွက်နေသောအရာတို့နှင့် ဆောင်ရွက်ခဲ့သမျှတို့သည် အကျိုးမဲ့မဖြစ်စေရန် လူမျိုးခြားတို့အလယ်၌ ငါဟောပြောသောဧဝံဂေလိသတင်းကောင်းကို နာမည်ကောင်းရရှိထားကသည့် ခေါင်းဆောင်များ၏ရှေ့တွင် သီးခြားတင်ပြခဲ့၏။- | |
Gala | BurCBCM | 2:3 | ငါနှင့်အတူပါလာသော တိတုသည် ဂရိလူမျိုးပင်ဖြစ်သော်လည်း အရေဖျားလှီးခြင်းခံယူရန် အတင်းအကျပ်စေခိုင်းခြင်း မခံခဲ့ရပေ။- | |
Gala | BurCBCM | 2:4 | သို့သော် ယေဇူးခရစ်တော်၌ ခံစားရရှိသော ငါတို့၏လွတ်လပ်ခြင်းကို စုံစမ်းလျက် ငါတို့ကိုချည်နှောင်ရန်အတွက် လျှို့ဝှက်စွာ ဝင်ရောက်လာကြသော အယောင်ဆောင်ညီအစ်ကိုအချို့တို့ကြောင့် ဤကဲ့သို့ ငါတင်ပြရခြင်းဖြစ်၏။- | |
Gala | BurCBCM | 2:5 | ဧဝံဂေလိ သတင်းကောင်း၏အမှန်တရားကို သင်တို့အဖို့ ထိန်းသိမ်းထားနိုင်ရန် ငါတို့သည် ထိုသူတို့အား တစ်ခဏမျှပင် မလိုက်လျောခဲ့ချေ။- | |
Gala | BurCBCM | 2:6 | နာမည်ကောင်းရရှိထားကြသော သူတို့နှင့်စပ်လျဉ်း၍ ငါပြောရလျှင် သူတို့သည် အဘယ်သို့သောသူများဖြစ်သည် ဆိုသည့် အချက်မှာ ငါ့အတွက် မည်သို့မျှထူးခြားမှုမရှိချေ။ ဘုရားသခင်သည် မျက်နှာ လိုက်တတ်သည်မဟုတ်။ ငါပြောဆိုနေသည့် နာမည် ကောင်းရရှိထားသောထိုသူတို့သည် ငါ့ကိုပို၍ ထူးခြားစေ သည်မဟုတ်။- | |
Gala | BurCBCM | 2:7 | သို့သော် ပေတရုသည် အရေဖျားလှီးခြင်း ခံသောသူတို့အား သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခြင်းခံရ သကဲ့သို့ ငါသည်လည်း အရေဖျားလှီးခြင်းမခံသောသူတို့အား သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခြင်း ခံရကြောင်း သူတို့သိမြင်ခဲ့ကြပြီး၊- | |
Gala | BurCBCM | 2:8 | (အကြောင်းမူကား အရေဖျားလှီးခြင်းခံသောသူ တို့အတွက် တမန်တော်လုပ်ငန်းကို ပေတရုအားဖြင့် ပြု လုပ်ဆောင်ရွက် တော်မူသော ကိုယ်တော်သည် အရေဖျားလှီးခြင်းမခံသောသူတို့အတွက် တမန်တော်လုပ်ငန်းကို ငါ့အားဖြင့် လုပ်ဆောင်တော် မူသောကြောင့်ဖြစ်၏)၊- | |
Gala | BurCBCM | 2:9 | ငါခံစားရသောကျေးဇူးတော်ကို သိမြင်ကြသောအခါ အသင်းတော်၏မဏ္ဍိုင်များအဖြစ် အသိအမှတ်ပြုခြင်းခံရသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့သည်လည်း ငါနှင့် ဘာနဘတို့အား သူတို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်စေသည့် အမှတ်လက္ခဏာ အဖြစ် လက်ယာလက်ကိုပေး၍ နှုတ်ဆက်ကြ၏။ ဤသို့ဖြင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ သွားရောက်ကြ၍ သူတို့မူကား အရေဖျားလှီးခြင်းခံ သောသူတို့ထံသို့ သွားရောက်ကြမည်ဖြစ်၏။- | |
Gala | BurCBCM | 2:10 | သူတို့ သည် ငါတို့အား ဆင်းရဲသားတို့ကိုသာ သတိရ၍ ကူညီ စောင့်ရှောက်စေလိုကြ၏။ ထိုအမှုမှာ ငါအမှန်ပင် စိတ် အားထက်သန်စွာလုပ်ဆောင်လိုသောအမှုဖြစ်၏။ | |
Gala | BurCBCM | 2:11 | သို့သော် အန္တီယော့မြို့သို့ ပေတရုရောက်လာသော အခါ သူ၏မှားယွင်းသောအပြုအမူကြောင့် ငါသည် သူ့ကို မျက်နှာချင်း ဆိုင်၍ ဆန့်ကျင်ပြောဆိုခဲ့၏။- | |
Gala | BurCBCM | 2:12 | အကြောင်းမူ ကား ယာကုပ်ထံမှ လူအချို့ရောက်မလာမီက သူသည် လူမျိုးခြားတို့နှင့်အတူ စားသောက်ခဲ့၏။ သို့သော် ထိုသူ တို့ရောက်လာသောအခါ သူသည် အရေဖျားလှီးခြင်းခံ သောသူတို့ကိုကြောက်ရွံ့သောကြောင့် လူမျိုးခြားတို့နှင့် မပေါင်းဘဲ သီးခြားစွာ နေခဲ့လေ၏။- | |
Gala | BurCBCM | 2:13 | ကျန်ရှိသောဂျူးလူ မျိုးတို့သည်လည်း သူပြုမူခဲ့သည့်အတိုင်း မမှန်မကန်ပြု မူခဲ့ကြသောကြောင့် ဘာနဘပင်လျှင် သူတို့၏ လွဲမှားရာ ဘက်သို့ပါသွားခဲ့လေ၏။- | |
Gala | BurCBCM | 2:14 | သို့သော် သူတို့သည် ဧဝံဂေ လိသတင်းကောင်း၏အမှန်တရားအတိုင်း ဖြောင့်မတ်စွာ မလိုက်နာကြကြောင်းကို ငါတွေ့ မြင်ရသောအခါ ထိုသူ အပေါင်းတို့ရှေ့တွင် ပေတရုအား သင်သည် ဂျူးလူမျိုး တစ်ဦးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ ကျင့်ကြံနေထိုင် ခြင်းမရှိဘဲ လူမျိုးခြားတို့ကဲ့သို့ ကျင့်ကြံနေထိုင်ပါလျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့ကဲ့သို့ ကျင့်ကြံနေထိုင်ရန် သင်မည်သို့တိုက်တွန်းလှုံ့ဆော်နိုင်မည်နည်းဟု ငါပြော ဆိုခဲ့၏။ | |
Gala | BurCBCM | 2:15 | မျိုးရိုးဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၍ အပြစ် သားလူမျိုးခြားများမဟုတ်ကြသောငါတို့ကိုယ်တိုင်ပင်လျှင်၊- | |
Gala | BurCBCM | 2:16 | လူတစ်ဦးသည် ပညတ်တရားကို လိုက်နာစောင့် ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့မရောက်နိုင်ဘဲ ယေဇူးခရစ်တော်ကို ယုံကြည်ခြင်းဖြင့်သာ ဖြောင့်မတ်ခြင်းသို့ရောက်ရှိကြောင်းကိုသိကြ၏။ ငါတို့သည် ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်း အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ယေဇူးခရစ်တော်ကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားကို လိုက်နာစောင့်ထိန်း ခြင်းအားဖြင့် မည်သူမျှ ဖြောင့်မတ်ခြင်းသို့ မရောက်နိုင် ပေ။- | |
Gala | BurCBCM | 2:17 | သို့သော် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ် ခြင်းသို့ရောက်ရန်ကြိုးစားအားထုတ်ကြစဉ် ငါတို့ကိုယ် တိုင်အပြစ် သားများဖြစ်ကြောင်းကိုသိရှိခဲ့ကြပါလျှင် ခရစ်တော်သည် မကောင်းမှုကိုကျူးလွန်ရန် အားပေးသူဖြစ် သည်ဟုဆိုနိုင်မည်လော။ လုံး၀မဆိုနိုင်ပေ။- | |
Gala | BurCBCM | 2:18 | အကယ်၍ မိမိဖြိုဖျက်ခဲ့သောအရာတို့ကို ပြန်လည်တည်ဆောက် လျှင်မူ ငါသည် မှားယွင်းပြီဖြစ်ကြောင်း မိမိကိုယ်ကို သက် သေခံရာရောက်လေပြီ။- | |
Gala | BurCBCM | 2:19 | ငါသည် ပညတ်တရားအားဖြင့် ထိုပညတ်တရား၌ သေဆုံးခဲ့လေပြီ။ သို့မှသာ ငါသည် ဘုရားသခင်၌ အသက်ရှင်နိုင်ပေ လိမ့်မည်။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းကိုခံခဲ့လေပြီ။- | |
Gala | BurCBCM | 2:20 | ယခုအသက်ရှင်လျက်ရှိသည်မှာ ငါမဟုတ်တော့ဘဲ ငါ့၌ကိန်းဝပ်တော်မူသောခရစ်တော်ဖြစ်၏။ ငါ၏ကိုယ်ခန္ဓာ၌ ယခုရှင်သန်နေသောအသက်သည် ဘုရားသခင်၏သားတော်၌ ယုံကြည်ခြင်းအားဖြင့် ရှင်သန်နေခြင်းဖြစ်၏။ ထိုသားတော်သည် ငါ့အားချစ်သဖြင့် ငါ့အတွက် မိမိကိုယ်ကို စွန့်လွှတ်တော်မူခဲ့၏။ - | |