GALATIANS
Chapter 1
Gala | BurCBCM | 1:1 | လူတို့၏ခန့်အပ်ခြင်းကြောင့်မဟုတ်၊ လူ့အခွင့်အာဏာအားဖြင့်လည်းမဟုတ်ဘဲ ယေဇူးခရစ်တော်နှင့် ကိုယ်တော့်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေ တော်မူသော အဖခမည်းတော်က ခန့်ထားသည့် တမန် တော်ဖြစ်သော ငါပေါလုမှစ၍၊- | |
Gala | BurCBCM | 1:2 | ငါနှင့်အတူ ရှိကြသော ညီအစ်ကိုအပေါင်းတို့က ဂါလားဆီယာပြည်၌ရှိသော အသင်းတော်များထံသို့ စာရေးလိုက်ပါ၏။ | |
Gala | BurCBCM | 1:3 | ခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ယေဇူးခရစ် တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။- | |
Gala | BurCBCM | 1:4 | ကိုယ်တော်သည် ငါတို့အဖ ဘုရားသခင်၏အလိုတော်နှင့်အညီ ငါတို့ကို မကောင်းမှုနှင့်ပြည့်နေသော ဤမျက်မှောက် ခေတ်မှရွေးနုတ်ကယ်တင်ရန် ငါတို့၏အပြစ်များအတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်တော်မူခဲ့၏။- | |
Gala | BurCBCM | 1:6 | သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်တော်မူခဲ့သောသူကို အလျင်အမြန် စွန့်ခွာ၍ အခြားသော သတင်းကောင်းကို ခံယူကြသောကြောင့် ငါအံ့ဩ၏။- | |
Gala | BurCBCM | 1:7 | အခြားသောဧဝံဂေလိသတင်း ကောင်းဟူ၍မရှိပေ။ သို့သော်လည်း သင်တို့ကို အနှောင့်အယှက်ပေး၍ ခရစ်တော်၏ သတင်းကောင်းအပေါ် အယူတိမ်းစေရန် ပြုလုပ်လိုသူအချို့ရှိ၏။- | |
Gala | BurCBCM | 1:8 | သို့ရာတွင် ငါတို့ပင် ဖြစ်စေ၊ ကောင်းကင်မှတမန်တော်တစ်ပါးဖြစ်စေ သင်တို့ အား ငါတို့ဟောပြောခဲ့သောသတင်းကောင်းနှင့် ကွဲပြား ခြားနားသောသတင်းကောင်းကို ဟောပြောလျှင် ကျိန်စာသင့်ပါစေ။- | |
Gala | BurCBCM | 1:9 | အထက်က ငါတို့ဆိုခဲ့သည့်အတိုင်း ယခု ထပ်မံ၍ ငါပြောသည်မှာ သင်တို့ခံယူခဲ့ပြီးသောသတင်းကောင်းနှင့်ကွဲပြားခြားနား သော သတင်းကောင်းကို ဟောပြောသောသူသည် ကျိန်စာသင့်ပါစေ။ | |
Gala | BurCBCM | 1:10 | ငါသည် လူတို့ရှေ့တွင် မျက်နှာရရန် ကြိုးစားနေပါ သလော၊ သို့တည်းမဟုတ် ဘုရားသခင်၏အလိုတော်ကို ရှာဖွေနေ ပါသလော။ သို့မဟုတ် ငါသည် လူတို့ကျေနပ် နှစ်သက်စေရန် ကြိုးစားနေပါသလော။ ငါသည် ယခုထိ တိုင် လူတို့ကျေနပ် နှစ်သက်စေရန် ဆောင်ရွက်နေပါလျှင် ခရစ်တော်၏အစေခံမဖြစ်နိုင်ပေ။ | |
Gala | BurCBCM | 1:11 | ညီအစ်ကိုတို့၊ ငါဟောပြောသောသတင်းကောင်းသည် လူတို့ဖန်တီးထားသောသတင်းကောင်းမဟုတ် ကြောင်းကို သင်တို့အား ငါသိစေလိုပါ၏။- | |
Gala | BurCBCM | 1:12 | အကြောင်းမူကား ငါသည် ဤသတင်းကောင်းကို လူတို့ထံမှ လက်ခံရ ရှိခဲ့ခြင်းမဟုတ်။ ငါသည် မည်သူတစ်ဦးတစ်ယောက် ထံကမျှ သင်ယူခဲ့ခြင်းလည်းမဟုတ်။ ဤသတင်းကောင်းသည် ယေဇူးခရစ်တော်၏ဗျာဒိတ်တော်အားဖြင့် ငါ့ထံသို့ ရောက်လာခဲ့ ခြင်းသာဖြစ်၏။- | |
Gala | BurCBCM | 1:13 | အကြောင်းမူကား သင်တို့ သည် ဂျူးလူမျိုးတို့၏ဘာသာတရားကိုကျင့်ခဲ့သော ငါ၏ အတိတ်ဘ၀ကိုလည်းကောင်း၊ ငါသည် ဘုရားသခင်၏ အသင်းတော်ကို မည်မျှရက်စက်ကြမ်းကြုတ်စွာညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်းကိုလည်းကောင်း၊ ၎င်းအား ဖျက်ဆီးရန် ကြိုးစားခဲ့ကြောင်းကိုလည်းကောင်း သင်တို့သိရှိကြပြီး ဖြစ်၏။- | |
Gala | BurCBCM | 1:14 | ငါသည် ဂျူးလူမျိုးတို့၏ဘာသာတရားကို ကျင့်ကြံခဲ့ရာတွင် ငါ၏လူမျိုးများအလယ်၌ ငါနှင့်အသက် အရွယ်တူသော သူများထက် သာလွန်ခဲ့ပြီး ငါတို့ဘိုးဘေး များ၏ထုံးတမ်းစဉ်လာများအတွက် အလွန်အမင်း စိတ် အားထက်သန်ခဲ့၏။- | |
Gala | BurCBCM | 1:15 | သို့ရာတွင် ငါသည် အမိဝမ်းထဲ၌ ရှိစဉ်ကပင် ငါ့ကို ရွေးကောက်၍ မိမိကျေးဇူးတော်အားဖြင့် ငါ့ကို ခေါ်တော်မူခဲ့သော ဘုရားသခင်သည်၊- | |
Gala | BurCBCM | 1:16 | မိမိ၏သား တော်အကြောင်းကို လူမျိုးခြားတို့အား ဟောပြောစေခြင်းငှာ ထိုသားတော်ကို ငါ့အားကြည်ဖြူစွာ ထုတ်ဖော်ပြတော်မူ၏။ ငါ့၌ ထိုအခြင်းအရာဖြစ်ပေါ် ပြီးသောအခါ ငါ သည် မည်သည့်လူသားကိုမျှ တိုင်ပင်ဆွေးနွေးခြင်းမပြုခဲ့ ချေ။- | |
Gala | BurCBCM | 1:17 | ငါသည် မိမိထက်ဦးစွာ တမန်တော်ဖြစ်ခဲ့ကြသော သူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားခဲ့ချေ။ သို့သော် ငါသည် အာရေးဘိယပြည်သို့ထွက်ခွာသွားပြီးမှ တစ်ဖန် ဒါမစကုမြို့သို့ ပြန်လာခဲ့၏။ | |
Gala | BurCBCM | 1:18 | ထို့နောက် သုံးနှစ်လွန်သောအခါ ငါသည် ပေတရုနှင့်တွေ့ဆုံခြင်းငှာ ဂျေရုဆလင်မြို့သို့သွား၍ သူနှင့်အတူတစ်ဆယ့် ငါးရက်ကြာနေထိုင်ခဲ့၏။- | |
Gala | BurCBCM | 1:19 | သို့သော် ငါသည် သခင်ဘုရား၏ညီတော်ဖြစ်သော ယာကုပ်မှတစ်ပါး အခြားမည်သည့်တမန်တော်ကိုမျှ မတွေ့ခဲ့ရပေ။- | |
Gala | BurCBCM | 1:20 | ငါသည် လိမ်ညာ၍ ဤအကြောင်းအရာများကို သင်တို့ထံသို့ရေး ခြင်းမဟုတ်ကြောင်း ဘုရားသခင်ရှေ့တော်၌ ဝန်ခံပါ၏။- | |
Gala | BurCBCM | 1:22 | ဂျူဒေးယပြည်ရှိ ခရစ်တော်၏အသင်း တော်များသည် ထိုအချိန်တိုင်အောင် ငါ့ကို မတွေ့ မြင်ဖူး ကြချေ။- | |
Gala | BurCBCM | 1:23 | တစ်ချိန်က ငါတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော သူသည် သူဖျက်ဆီးရန် ကြိုးစားခဲ့သည့် ယုံကြည်ခြင်း တရားကို ယခုဟောပြောလျက်ရှိသည်ဟူ၍ ပြောဆိုသံကိုသာ သူတို့ကြားခဲ့ရ၏။- | |