GALATIANS
Chapter 3
Gala | BurCBCM | 3:1 | အို မိုက်မဲသောဂါလားဆီယာပြည်သားတို့၊ ယေဇူးခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ခြင်းကိုခံတော်မူကြောင်း သင်တို့မျက်မှောက်တွင် ပေါ်လွင်ထင်ရှားခဲ့ပြီးဖြစ်ပါလျက် မည်သူသည် သင်တို့ ကိုလှည့်ဖြားပြောဆိုခဲ့ပါသနည်း။- | |
Gala | BurCBCM | 3:2 | သင်တို့သည် ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်းဖြင့် ဝိညာဉ်တော်ကို ခံယူရရှိခဲ့ကြသလော။ သို့တည်းမဟုတ် သင်တို့သည် သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ကြားနာခဲ့ကြသော ကြောင့်လော။ သင်တို့ထံမှ ဤအချက်ကိုသာ ငါသိလိုပါ ၏။- | |
Gala | BurCBCM | 3:3 | သင်တို့သည် ဤမျှမိုက်မဲကြပါသလော။ သင်တို့ သည် ဝိညာဉ်တော်အားဖြင့် အစပြုခဲ့ကြပြီးမှ ယခုမူကား ကိုယ်ကာယဖြင့် အဆုံးသတ်ကြမည်လော။- | |
Gala | BurCBCM | 3:4 | အကယ် စင်စစ် ဤအရာသည် အကျိုးမရှိပါလျှင် သင်တို့သည် အမျိုးမျိုးသောဆင်းရဲဒုက္ခများကို အကျိုးမဲ့ခံစားခဲ့ကြ သလော။- | |
Gala | BurCBCM | 3:5 | သင်တို့အား ဝိညာဉ်တော်ကို ပေးသနား၍ သင်တို့အလယ်၌ အံ့ဖွယ်အမှုများကိုလုပ်ဆောင်ခဲ့သော အရှင်သည် သင်တို့ ပညတ်တရားကို စောင့်ထိန်းသောကြောင့် ဤသို့ပြုလုပ်တော်မူသလော။ သို့တည်းမဟုတ် သင်တို့သည် သတင်းကောင်းကို ယုံကြည်ခြင်းဖြင့်ကြား နာခဲ့ကြသောကြောင့် ဤသို့ပြုလုပ်တော်မူသလော။ | |
Gala | BurCBCM | 3:6 | ထိုနည်းတူပင် အာဘရာဟံသည် ဘုရားသခင်ကို ယုံကြည်ခဲ့၍ သူ၏ယုံကြည်ခြင်းကြောင့် သူ့အား ဖြောင့် မတ်သူအဖြစ် သတ်မှတ်ခဲ့၏။- | |
Gala | BurCBCM | 3:7 | သို့ဖြစ်၍ ယုံကြည်ခြင်းရှိ သောသူတို့သည် အာဘရာဟံ၏သားသမီးများဖြစ်ကြသည်ကို သင်တို့သိမှတ်ကြလော့။- | |
Gala | BurCBCM | 3:8 | ဘုရားသခင်သည် ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့ကို ဖြောင့်မတ်ခြင်းသို့ ရောက်စေတော်မူမည့်အကြောင်းကို ကျမ်းစာတော်မြတ်က ကြိုတင်သိမြင်သဖြင့် အာဘရာဟံအား လူမျိုးတကာတို့သည် သင့်၌ ကောင်းချီးမင်္ဂလာခံကြရ လိမ့်မည်ဟူ၍ သတင်းကောင်းကို ကြိုတင်ဟောထားခဲ့လေ၏။- | |
Gala | BurCBCM | 3:9 | သို့ ဖြစ်၍ ယုံကြည်သောသူတို့သည် ယုံကြည်ခြင်းရှိသော အာဘရာဟံနှင့်အတူ ကောင်းချီးမင်္ဂလာကိုခံစားကြရ၏။ | |
Gala | BurCBCM | 3:10 | ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်းအပေါ် မှီခိုအားထားသောသူအပေါင်းတို့သည် ကျိန်ဆိုခြင်း ဒဏ်ကိုခံကြရလေပြီ။ အကြောင်းမူကား ပညတ်တရားတွင် ရေးသားပြဋ္ဌာန်းထားသမျှကို လိုက်နာစောင့်ထိန်း ခြင်းမပြုသောသူသည် ကျိန်ဆိုခြင်းကို ခံစေဟု ရေးထားသောကြောင့်ဖြစ်၏။- | |
Gala | BurCBCM | 3:11 | ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သောသူသည် အသက်ရှင်ရလိမ့်မည်ဟု ဆိုထားသောကြောင့် ပညတ်တရား ကိုစောင့်ထိန်းခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ် ခြင်းသို့မရောက်ကြောင်း ယခုထင်ရှားလေပြီ။- | |
Gala | BurCBCM | 3:12 | သို့ရာ တွင် ပညတ်တရားသည် ယုံကြည်ခြင်းအပေါ်တွင် အမှီပြုသည်မဟုတ်ပေ။ အကြောင်းမူကား ပညတ်တရားကို ကျင့်သောသူသည် ထိုပညတ်တရားအတိုင်း နေထိုင်ကျင့်ကြံရမည်ဖြစ်သောကြောင့်တည်း။- | |
Gala | BurCBCM | 3:13 | သစ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်း ခံရသော သူတိုင်းသည် ကျိန်ဆိုခြင်းကိုခံရ လေပြီဟု ကျမ်းစာတော်မြတ်တွင်ရေးထားသည့် အတိုင်း ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ဆိုခြင်းကို ခံရသောသူဖြစ်လာပြီးလျှင် ငါတို့အား ပညတ်တရား၏ ကျိန်ဆိုခြင်းမှ ရွေးနုတ်ကယ်တင်တော်မူခဲ့၏။- | |
Gala | BurCBCM | 3:14 | ဤသို့ဖြင့် အာဘရာဟံခံစားရသောကောင်းချီးတော်သည် ယေဇူး ခရစ်တော်အားဖြင့် လူမျိုးခြားတို့ အပေါ်သို့သက်ရောက် ပြီး ငါတို့သည်လည်း ကတိထားတော်မူသောဝိညာဉ် တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိကြပေလိမ့်မည်။ | |
Gala | BurCBCM | 3:15 | ညီအစ်ကိုတို့၊ လူတို့ပြောလေ့ရှိသည့်အတိုင်း ပြောရမည်ဆိုလျှင် လူတို့ဖွဲ့ဆိုကြသော ပဋိညာဉ်စာချုပ်သည် အခိုင်အမာ အတည်ပြုပြီးဖြစ်ပါက မည်သူကမျှပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်းကိုမပြုလုပ်နိုင်ပေ။- | |
Gala | BurCBCM | 3:16 | ယခုမူကား အာဘရာဟံနှင့် သူ၏အမျိုးအနွယ်အတွက် ကတိ တော်များပေးထားလျက်ရှိ၏။ ဤသို့ဆိုရာတွင် အမျိုး အနွယ်များဟူ၍ လူအများကိုရည်ညွှန်းပြောဆိုထားခြင်း မဟုတ်ဘဲ သင်၏အမျိုးအနွယ်ဟူ၍ လူတစ်ဦးတည်းကိုသာ ရည်ညွှန်း ပြောဆိုထားခြင်းဖြစ်၏။ ထိုသူသည်ကား ခရစ်တော်ပင်ဖြစ်သတည်း။- | |
Gala | BurCBCM | 3:17 | ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာ့သုံးဆယ်ကြာ မြင့်ပြီးနောက်တွင်မှ ပေါ်ပေါက်လာသောပညတ်တရားသည် ယင်းမတိုင်မီက ဘုရားသခင်အတည်ပြုထားတော်မူသောပဋိညာဉ်ကို မပယ်ဖျက်နိုင်ပေ။ သို့ဖြစ်၍ ၎င်းသည် ကတိတော်ကို မပျက်ပြယ်စေနိုင်ပေ။- | |
Gala | BurCBCM | 3:18 | အကြောင်းမူကား အမွေတော်ကို ပညတ်တရားအားဖြင့် ရရှိခဲ့ပါလျှင် ၎င်းကို ကတိတော် အားဖြင့် မရနိုင်တော့ပေ။ သို့သော် ဘုရားသခင်သည် အာ ဘရာဟံအား ဤအမွေကို ကတိတော်အားဖြင့် ပေး သနားတော်မူခဲ့ခြင်းဖြစ်၏။ | |
Gala | BurCBCM | 3:19 | ဤသို့ဖြစ်လျှင် အဘယ်ကြောင့်ပညတ်တရားပေါ် ပေါက်လာခဲ့ရသနည်း။ ပညတ်တရားကို ထပ်မံဖြည့်စွက် ပေးခဲ့ရခြင်းမှာ ကတိထားတော်မူခြင်းခံရသော အမျိုးအနွယ်မပေါ်ထွန်းမီချိုးဖောက် ကျူးလွန်ခဲ့ကြသောအပြစ်များကြောင့်ဖြစ်၏။ ကောင်းကင် တမန်တော်များသည် ပညတ်တရားကို ကြားခံလူတစ်ဦးမှတစ်ဆင့် ပေးအပ် ခဲ့ခြင်းဖြစ်၏။- | |
Gala | BurCBCM | 3:20 | တစ်ဦးတစ်ယောက်ထက် ပိုသည့်အခါ၌ သာ ကြားခံလူရှိလာရ၏။ သို့သော် ဘုရားသခင်သည် တစ်ပါးတည်းဖြစ်တော်မူ၏။ | |
Gala | BurCBCM | 3:21 | ဤသို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်များကို ဆန့်ကျင်လျက်ရှိသလော။ မည်သို့မျှ မဖြစ်နိုင်ပေ။ အကြောင်းမူကား ပညတ်တရားသည် အသက်ရှင်စေနိုင်သောတရားကို ပေးပါလျှင် လူတို့သည် ဖြောင့်မတ်ခြင်းကို ဤပညတ် တရားအားဖြင့် ရခဲ့ကြပေလိမ့်မည်။- | |
Gala | BurCBCM | 3:22 | သို့သော် အရာခပ်သိမ်းတို့သည် မကောင်းမှု ၏အောက်တွင် ကျရောက်နေခဲ့သည်ဟု ကျမ်းစာတော် မြတ်တွင် ဖော်ပြထား၏။ ထို့ကြောင့် ယုံကြည်သူတို့ သည် ယေဇူးခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကတိ တော်ကိုခံစားရရှိကြပေလိမ့်မည်။ | |
Gala | BurCBCM | 3:23 | ယုံကြည်ခြင်းတရားမရှိမီက ငါတို့သည် ပညတ်တရား၏အနှောင်အဖွဲ့အောက်တွင် ရှိနေခဲ့ကြရပြီး ယုံ ကြည်ခြင်းတရားအား ထင်ရှားစွာ ဖော်ပြလာသည့်အချိန် တိုင်အောင် ချည်နှောင်ခြင်း ခံခဲ့ကြရ၏။- | |
Gala | BurCBCM | 3:24 | ဤသို့ဖြင့် ငါတို့ သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်နိုင် ကြစေရန် ပညတ်တရားသည် ခရစ်တော်ကြွလာ သည့် အချိန်တိုင်အောင် ငါတို့ကို ထိန်းသိမ်းစောင့်ရှောက်ထား ခဲ့၏။- | |
Gala | BurCBCM | 3:25 | သို့သော် ယခုယုံကြည်ခြင်းတရားရောက်ရှိလာပြီ ဖြစ်၍ ငါတို့သည် ထိန်းသိမ်းစောင့်ရှောက်သူ၏လက် အောက်၌ မရှိကြတော့ပေ။- | |
Gala | BurCBCM | 3:26 | အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ယေဇူးခရစ်တော်၌ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။- | |
Gala | BurCBCM | 3:27 | အကြောင်းမူကား ခရစ်တော်၌ဆေးကြောခြင်းမင်္ဂလာကိုခံ ယူသောသူမှန်သမျှသည် ခရစ်တော်ကို အဝတ်တန်ဆာ ကဲ့သို့ ဝတ်ဆင်ကြသောကြောင့်ဖြစ်၏။- | |
Gala | BurCBCM | 3:28 | ခရစ်တော်၌ ဂျူးလူမျိုးနှင့် ဂရိလူမျိုးဟူ၍မရှိ။ ကျေးကျွန်နှင့် လွတ်လပ် သူဟူ၍လည်းမရှိ။ ယောက်ျားနှင့် မိန်းမဟူ၍လည်း မရှိတော့ပေ။ အကြောင်းမူကား သင်တို့အားလုံးသည် ယေဇူးခရစ်တော်၌ တစ်လုံးတစ်၀ တည်းဖြစ်ကြ၏။- | |