GALATIANS
Chapter 6
Gala | BurCBCM | 6:1 | ညီအစ်ကိုတို့၊ လူတစ်ယောက် အပြစ်ကျူးလွန်နေသည်ကိုတွေ့လျှင် ဝိညာဉ်တော်၏ဆုကျေး ဇူးကိုရရှိထားသော သင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ထားနှင့် ထိုသူကို ပြန်လည်ထိန်းကျောင်းပဲ့ပြင်ပေးသင့်၏။ သင်တို့ကိုယ်တိုင်သည်လည်း အပြစ်သို့ သွေးဆောင် ခြင်းမခံရစေရန် သတိပြုကြလော့။- | |
Gala | BurCBCM | 6:2 | သင်တို့အချင်းချင်း တစ်ဦး၏ဒုက္ခကိုတစ်ဦးက ကူညီခံထမ်း၍ ထိုကဲ့သို့ပြုမူ ခြင်းအားဖြင့် ခရစ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးကြလော့။- | |
Gala | BurCBCM | 6:3 | တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်သော်လည်း မိမိကိုယ်မိမိအရေးပါသူဟုထင်မှတ်လျှင် ထိုသူသည် မိမိကိုယ်ကို လှည့်စားခြင်းဖြစ်၏။- | |
Gala | BurCBCM | 6:4 | လူတိုင်းသည် မိမိအပြုအမူကို စစ်ဆေးဆင်ခြင်ကြပါစေ။ ထိုအခါ မိမိကြွားဝါခြင်း၏အကြောင်းရင်းသည် သူတစ်ပါးတို့ အတွက်မဟုတ်ဘဲ မိမိတစ်ဦးတည်းအတွက်သာဖြစ် လိမ့်မည်။- | |
Gala | BurCBCM | 6:6 | နှုတ်တော်ထွက်စကားကို သင်ယူသောသူသည် မိမိ၌ရှိသည့် ကောင်းသောအရာဟူသမျှကို သင်ကြားပေးသောသူအား ဝေမျှပေးပါစေ။ | |
Gala | BurCBCM | 6:7 | သွေးဆောင်လှည့်ဖြားခြင်းကို သင်တို့မခံကြရစေနှင့်။ ဘုရားသခင်ကိုလှည့်ဖြား၍ မရနိုင်ပေ။ အကြောင်းမူ ကား လူသည် မိမိမျိုးစေ့ကြဲသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်။- | |
Gala | BurCBCM | 6:8 | အဘယ်ကြောင့်ဆိုသော် မိမိသွေးသားဆန္ဒ၌ မျိုးစေ့ကြဲသောသူသည် ထိုသွေးသားမှ ပျက်စီးဆုံးရှုံးခြင်းကို ရိတ်သိမ်းရ လိမ့်မည်။ သို့သော် ဝိညာဉ်တော်၌ မျိုး စေ့ကြဲသောသူသည် ဝိညာဉ်တော်မှ ထာ၀ရအသက်ကို ရိတ်သိမ်းရလိမ့်မည်။- | |
Gala | BurCBCM | 6:9 | ငါတို့သည် ကောင်းသောအကျင့် ကိုကျင့်ကြံရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား ငါတို့သည် လက်မလျှော့လျှင် အချိန်တန်သောအခါ ရိတ်သိမ်းကြရလိမ့်မည်။- | |
Gala | BurCBCM | 6:10 | သို့ဖြစ်၍ ငါတို့ ၌ အခွင့် အခါသင့်သည့်အခါတိုင်း လူအားလုံးတို့အတွက် ကောင်းကျိုးပြုကြကုန်စို့။ အထူးသဖြင့် ငါတို့သည် ယုံ ကြည်သူမိသားစုများအတွက် ဆောင်ရွက်ပေးကြစို့။ | |
Gala | BurCBCM | 6:12 | သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်တိုက်တွန်း သောသူတို့သည် လူတို့အသိုင်းအဝိုင်းတွင် ပေါ်လွင်ထင် ရှားလိုပြီး ခရစ်တော်၏လက်ဝါးကပ်တိုင်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံလိုကြသောကြောင့်သာဖြစ်၏။- | |
Gala | BurCBCM | 6:13 | အကြောင်းမူကား အရေဖျားလှီးခြင်းခံသောသူတို့ကိုယ် တိုင်ပင်လျှင် ပညတ်တရားကိုလိုက်နာစောင့်ထိန်းကြ သည်မဟုတ်။ သူတို့သည် သင်တို့၏ခန္ဓာကိုယ်အပေါ်၌ ကြွားဝါဂုဏ်ယူလိုသောကြောင့် သင်တို့အား အရေဖျားလှီးခြင်းကို ခံစေလိုကြခြင်း ဖြစ်၏။- | |
Gala | BurCBCM | 6:14 | သို့သော် ငါတို့၏ ယေဇူးသခင်ခရစ်တော်၏လက်ဝါးကပ်တိုင်မှလွဲ၍ ငါ၌ အခြားကြွားဝါစရာအကြောင်းမရှိပါစေနှင့်။ ထိုလက်ဝါး ကပ်တိုင်တော်အားဖြင့် ကမ္ဘာလောကသည် ငါ့ ၌ လက်ဝါး ကပ်တိုင်တင်ခံရသကဲ့သို့ ငါသည်လည်း ကမ္ဘာလောက၌ လက်ဝါးကပ်တိုင်တင်ခြင်းကိုခံရလေပြီ။- | |
Gala | BurCBCM | 6:15 | အကြောင်း မူကား အရေဖျားလှီးခြင်းခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အသစ်တစ်ဖန် ဖန်ဆင်းခံရခြင်းသာလျှင် အရေးကြီးပေ၏။- | |
Gala | BurCBCM | 6:16 | ဤလမ်းစဉ်ကို လျှောက်လှမ်းသောသူအပေါင်း တို့နှင့် ဘုရားသခင်၏အစ္စရာအဲလ်လူမျိုးအပေါ်သို့ ငြိမ်း ချမ်းသာယာခြင်းနှင့် ကရုဏာတော်သက်ရောက်ပါစေ။ | |
Gala | BurCBCM | 6:17 | ယခုမှစ၍ မည်သူမျှ ငါ့ကိုဒုက္ခမပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေဇူး၏ဒဏ်ရာဒဏ်ချက်များကို ငါ၏ခန္ဓာကိုယ် ပေါ်တွင်ခံယူထားသောကြောင့်ဖြစ်၏။ | |