Site uses cookies to provide basic functionality.

OK
I TIMOTHY
1 2 3 4 5 6
Prev Up Next Toggle notes
Chapter 4
I Ti BurCBCM 4:1  နောင်အချိန်ကာလများတွင် အချို့သောသူတို့သည် လှည့်ဖြားတတ်သောဝိညာဉ်များနှင့် နတ်ဆိုးတို့၏အယူဝါဒများကို လက်ခံခြင်းအားဖြင့် ယုံကြည်ခြင်းကို စွန့်ခွာသွားကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း ဗျာဒိတ်ပေးတော်မူ၏။-
I Ti BurCBCM 4:2  သူတို့သည် အသိတရားခန်းခြောက်နေကြသော လူလိမ်လူညာများ၏ အယောင်ဆောင်မှုများမှတစ်ဆင့် ထိုအယူဝါဒများကို ရရှိခဲ့ကြ၏။-
I Ti BurCBCM 4:3  ဤလူလိမ်လူညာတို့သည် ထိမ်းမြားလက်ထပ်ခြင်းကို ပိတ်ပင်ကြလျက် အစားအစာများကို ရှောင်ကြဉ်စေရန် ပညတ်ထား ကြ၏။ ထိုအစားအစာများမှာ သမ္မာတရားကိုသိကြသော ယုံကြည်သူအပေါင်းတို့က ကျေးဇူးသိတတ်စွာဖြင့်သုံးဆောင်ရန် ဘုရားသခင်ဖန်ဆင်းထားတော်မူခြင်းဖြစ်၏။-
I Ti BurCBCM 4:4  အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းထားတော်မူသော အရာရှိသမျှသည် ကောင်းမြတ်၍ ကျေးဇူးသိတတ်စွာဖြင့် လက်ခံကြမည်ဆိုလျှင် မည်သည့်အရာကိုမျှ မငြင်းပယ်အပ်ပေ။-
I Ti BurCBCM 4:5  အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားနှင့် ဆုတောင်းပတ္ထနာအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး ဖြစ်သောကြောင့်တည်း။
I Ti BurCBCM 4:6  သင်သည် ဤသွန်သင်ချက်များကို ညီအစ်ကိုတို့ ရှေ့မှောက်၌တင်ပြလျှင် သင်သည် ခရစ်တော်ယေဇူး၏ အမှုထမ်းကောင်း တစ်ဦးဖြစ်၍ သင်လိုက်နာခဲ့သောယုံကြည်ခြင်းနှင့် ကောင်းသောအယူဝါဒတို့၏ တရားစကားများဖြင့် ပြည့်၀နေကြောင်း ပြသရာရောက်၏။-
I Ti BurCBCM 4:7  ဘုရားမဲ့ဝါဒနှင့် အဓိပ္ပာယ်မဲ့သော ဒဏ္ဍာရီပုံပြင်များနှင့် ပတ်သက်ခြင်းမရှိလေနှင့်။ ဘုရားတရားကြည်ညိုခြင်းရှိစေရန် သင့်ကိုယ်ကို လေ့ကျင့်ပုံသွင်းပါလော့။-
I Ti BurCBCM 4:8  အကြောင်းမူကား ကိုယ်ကာယအတွက် လေ့ကျင့်ခြင်းသည် အတော်အတန်အကျိုးရှိသော်လည်း ဘုရားတရားကြည်ညိုခြင်း သည်ကား အဘက်ဘက်၌ အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ယခုဘ၀အတွက်သာမက နောင်လာမည့် ဘ၀အတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဟု ကတိရှိထားသောကြောင့်ဖြစ်၏။-
I Ti BurCBCM 4:9  ဤစကားသည် မှန်ကန်၍ အပြည့်အဝလက်ခံထိုက်သော အရာဖြစ်ပေ၏။-
I Ti BurCBCM 4:10  ငါတို့သည် ဤရည်မှန်းချက်အတွက် ပင်ပန်းစွာကြိုးပမ်းဆောင်ရွက်လျက်ရှိကြ၏။ အကြောင်းမူကား လူအပေါင်းတို့ အတွက်၊ အထူးသဖြင့် ယုံကြည်သူတို့အတွက် ကယ်တင်ရှင်ဖြစ်တော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်၌ ငါတို့သည် မျှော်လင့်ချက်ထားရှိကြသောကြောင့် ဖြစ်သတည်း။
I Ti BurCBCM 4:11  ဤအကြောင်းအရာတို့ကို လမ်းညွှန်သွန်သင်ပါလော့။-
I Ti BurCBCM 4:12  သင်၏ငယ်ရွယ်နုပျိုခြင်းကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ သို့သော် သင်သည် သင်၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်းနှင့်စင်ကြယ်ခြင်းတို့၌ ယုံကြည်သူတို့အတွက် စံနမူနာဖြစ်ပါစေ။-
I Ti BurCBCM 4:13  လူတို့ရှေ့၌ ကျမ်းစာဖတ်ရှုခြင်း၊ ဟောပြောခြင်းနှင့် သွန်သင်ခြင်းတို့ကို ငါလာသည့်အချိန်တိုင်အောင် ဆောင်ရွက်လော့။-
I Ti BurCBCM 4:14  အသင်းတော်၏အကြီးအကဲများက သင့်အပေါ် လက်တင်ခဲ့ကြစဉ်က ဗျာဒိတ်တော်စကားဖြင့် သင်ခံယူရရှိခဲ့သော ဆုကျေးဇူးတော်ကို လျစ်လျူမရှုလေနှင့်။-
I Ti BurCBCM 4:15  ဤတာဝန်များကို ထမ်းဆောင်ပါလော့။ ယင်းတို့ကိုနှလုံးသွင်း၍ ကြိုးစားအားထုတ်လော့။ ဤသို့ဖြင့် လူအားလုံးတို့သည် သင်၏တိုးတက်မှုကို တွေ့မြင်နိုင်ကြလိမ့်မည်။-
I Ti BurCBCM 4:16  သင့်ကိုယ်ကိုလည်းကောင်း၊ သင်၏သွန်သင်ချက်ကိုလည်းကောင်း သတိပြုပါလော့။ ထိုသွန်သင်ချက်ကို လက်ကိုင် ထားလော့။ အကြောင်းမူကား ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည် မိမိကိုယ်တိုင်နှင့်တကွ မိမိ၏တရားကို ကြားနာကြသောသူတို့ကို ကယ်တင်နိုင်လိမ့်မည်။