Site uses cookies to provide basic functionality.

OK
II CHRONICLES
Prev Up Next
Chapter 15
II C BurJudso 15:1  ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊
II C BurJudso 15:2  အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော် မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။
II C BurJudso 15:3  ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန်သော ဘုရားမရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ်မရှိ။ တရားလည်းမရှိဘဲ နေ၍၊
II C BurJudso 15:4  ဘေးရောက်သဖြင့်၊ သူတို့သည် ဣသ ရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။
II C BurJudso 15:5  ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။
II C BurJudso 15:6  တနိုင်ငံနှင့်တနိုင်ငံ၊ တမြို့နှင့်တမြို့ထကြ၍၊ ဘေး အမျိုးမျိုးအားဖြင့်၊ ဘုရားသခင်ဆုံးမတော်မူ၏။
II C BurJudso 15:7  သင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟာ မြွတ်ဆို၏။
II C BurJudso 15:8  ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိ စကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌၎င်း၊ စက် ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော် ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင် လေ၏။
II C BurJudso 15:9  ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏ ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။
II C BurJudso 15:10  အာသမင်းနန်းစံဆယ်ငါနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊
II C BurJudso 15:11  ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
II C BurJudso 15:12  ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊
II C BurJudso 15:13  ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ် မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊
II C BurJudso 15:14  ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။
II C BurJudso 15:15  ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကိုရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
II C BurJudso 15:16  အာသမင်းကြီး၏ အဘွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊မိဖုရား အရာကိုနှုတ်၍၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
II C BurJudso 15:17  မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ် ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသ စိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။
II C BurJudso 15:18  ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထား တော်မူ၏။
II C BurJudso 15:19  နောက်တဖန်နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။