II CORINTHIANS
Chapter 5
II C | BurJudso | 5:1 | ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။ | |
II C | BurJudso | 5:2 | ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။ | |
II C | BurJudso | 5:4 | ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။ | |
II C | BurJudso | 5:5 | ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။ | |
II C | BurJudso | 5:6 | ထို့ကြောင့်ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌နေသည်ကို ငါတို့သည်သိလျက်၊ | |
II C | BurJudso | 5:7 | အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍၊ | |
II C | BurJudso | 5:8 | ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။ | |
II C | BurJudso | 5:9 | ထို့ကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည် ဖြစ်စေ၊ ကွာဝေးရာအရပ်၌နေသည်ဖြစ်စေ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။ | |
II C | BurJudso | 5:10 | အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။ | |
II C | BurJudso | 5:11 | သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊ ဘုရားသခင်ရှေ့တော်၌ ထင်ရှားကြ၏။ သင်တို့၏စိတ်ရှေ့၌ လည်းထင်ရှားကြသည်ဟု ငါထင်မှတ်၏။ | |
II C | BurJudso | 5:12 | ငါတို့သည်သင်တို့ရှေ့၌ တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြသည်မဟုတ်။ စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း၊ ငါတို့ ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာ ပေးကြ၏။ | |
II C | BurJudso | 5:13 | ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ၏။ | |
II C | BurJudso | 5:15 | လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။ | |
II C | BurJudso | 5:16 | သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်းမရှိ။ | |
II C | BurJudso | 5:17 | လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ | |
II C | BurJudso | 5:18 | ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။ | |
II C | BurJudso | 5:19 | ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များ ကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။ | |
II C | BurJudso | 5:20 | ထို့ကြောင့်ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။ | |