Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 11
II C BurJudso 11:1  ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။
II C BurJudso 11:2  အကြောင်းမူကား၊ ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော် အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
II C BurJudso 11:3  မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
II C BurJudso 11:4  သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည်မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။
II C BurJudso 11:5  ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။
II C BurJudso 11:6  စကားအားဖြင့်လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။
II C BurJudso 11:7  သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရား သခင်၏ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော။
II C BurJudso 11:8  သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား။
II C BurJudso 11:9  သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။
II C BurJudso 11:10  ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည် ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ။
II C BurJudso 11:11  အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။
II C BurJudso 11:12  အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
II C BurJudso 11:13  အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင် ၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
II C BurJudso 11:14  ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ်၏။
II C BurJudso 11:15  သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြ လတံ့။
II C BurJudso 11:16  တဖန်ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။
II C BurJudso 11:17  ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏ နည်းတူငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို၏။
II C BurJudso 11:18  လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ၏။
II C BurJudso 11:19  သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။
II C BurJudso 11:20  သူတပါးသည်သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။
II C BurJudso 11:21  ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။
II C BurJudso 11:22  သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် ဣသရေလလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည်အာဗြဲဟံ အမျိုးဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။
II C BurJudso 11:23  သူတို့သည်ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူး သဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
II C BurJudso 11:24  ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တခု ယုတ်ငါခံခဲ့ရပြီ။
II C BurJudso 11:25  သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။
II C BurJudso 11:26  အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီး။ မြစ်ကို ကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ် ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။
II C BurJudso 11:27  ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။
II C BurJudso 11:28  ထိုအပမှုမှတပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။
II C BurJudso 11:29  ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း။
II C BurJudso 11:30  ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။
II C BurJudso 11:31  ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သိတော်မူ၏။
II C BurJudso 11:32  ဒမာသက်မြို့၌ အရေတ မင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကို ဘမ်းဆီးခြင်းငှါအလိုရှိ၍၊ ဒမာသက် မြို့ကိုစောင့်စဉ်တွင်၊
II C BurJudso 11:33  တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။