Site uses cookies to provide basic functionality.

OK
II KINGS
Prev Up Next
Chapter 2
II K BurJudso 2:1  ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။
II K BurJudso 2:2  ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။
II K BurJudso 2:3  ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။
II K BurJudso 2:4  ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။
II K BurJudso 2:5  ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။
II K BurJudso 2:6  ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ၏။
II K BurJudso 2:7  ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။
II K BurJudso 2:8  ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။
II K BurJudso 2:9  မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
II K BurJudso 2:10  ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
II K BurJudso 2:11  ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
II K BurJudso 2:12  ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။
II K BurJudso 2:13  အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊
II K BurJudso 2:14  ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။
II K BurJudso 2:15  ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။
II K BurJudso 2:16  သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့် ပေးတော်မူပါ။ ထာဝရဘုရား၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း၊
II K BurJudso 2:17  သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက် ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
II K BurJudso 2:18  ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို၏။
II K BurJudso 2:19  ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊
II K BurJudso 2:20  ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။
II K BurJudso 2:21  ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ် လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊
II K BurJudso 2:22  ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ၏။
II K BurJudso 2:23  ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦး လော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။
II K BurJudso 2:24  ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။
II K BurJudso 2:25  ထိုမြို့မှ ကရမေလတောင်သို့၎င်း၊ ထိုတောင်မှ ရှမာရိမြို့သို့၎င်း အစဉ်အတိုင်းသွား၏။