Site uses cookies to provide basic functionality.

OK
II KINGS
Prev Up Next
Chapter 15
II K BurJudso 15:1  ဣသရေလရှင်ဘုရင်ယေရောဗောင် နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင်၊
II K BurJudso 15:2  ယုဒရှင်ဘုရင် အာမဇိသား ဩဇိသည် အသက် တဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင် မြို့သူ ယေခေါလိအမည်ရှိ၏။
II K BurJudso 15:3  ထိုမင်းသည် ခမည်းတော်အာမဇိပြုသမျှ အတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
II K BurJudso 15:4  သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။
II K BurJudso 15:5  ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနား သော နန်း၌နေရ၏။ သားတော် ယောသံသည် နန်းတော် ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
II K BurJudso 15:6  ဩဇိပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
II K BurJudso 15:7  ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့် အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
II K BurJudso 15:8  ယုဒရှင်ဘုရင် ဩဇိနန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကိုစိုးစံ၏။
II K BurJudso 15:9  ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသောနေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
II K BurJudso 15:10  ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတဘက်၌ သင်းဖွဲ့၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ၏ အရာ၌ နန်းထိုင်၏။
II K BurJudso 15:11  ဇာခရိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
II K BurJudso 15:12  ထိုသို့ ထာဝရဘုရားက၊ သင်၏သားမြေးလေး ဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူ သောစကားတော် ပြည့်စုံသတည်း။
II K BurJudso 15:13  ယုဒရှင်ဘုရင် ဩဇိနန်းစံ သုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင်၍၊ ရှမာရိမြို့၌ တလစိုးစံလေ၏။
II K BurJudso 15:14  ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့ သို့သွား၍၊ ယာဖက်သား ရှလ္လုံကိုသေအောင် လုပ်ကြံပြီး လျှင်၊ သူ၏အရာ၌ နန်းထိုင်၏။
II K BurJudso 15:15  ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက်ရှိ၏။
II K BurJudso 15:16  ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကို ခွဲလေ၏။
II K BurJudso 15:17  ယုဒရှင်ဘုရင်ဩဇိနန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။
II K BurJudso 15:18  ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
II K BurJudso 15:19  အာရှုရိရှင်ဘုရင် ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည် အကြောင်း၊ ပုလမင်းမစစေခြင်းငှါ၊ ငွေအခွက်တသောင်း ကို ဆက်ရ၏။
II K BurJudso 15:20  အာရှုရိရှင်ဘုရင်အား ဆက်စရာဘို့၊ မေနဟင် သည် ဣသရေလ အမျိုး၌ငွေခွဲ၍၊ ရတတ်သော သူတိုင်း အကျပ်ငါးဆယ်စီပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင် သည် မနေ၊ မိမိပြည်သို့ ပြန်သွား၏။
II K BurJudso 15:21  မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
II K BurJudso 15:22  မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကတိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
II K BurJudso 15:23  ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကတိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။
II K BurJudso 15:24  ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
II K BurJudso 15:25  အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏ အရာ၌ နန်းထိုင်၏။
II K BurJudso 15:26  ပေကတိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
II K BurJudso 15:27  ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။
II K BurJudso 15:28  ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
II K BurJudso 15:29  ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့သိမ်းသွား၏။
II K BurJudso 15:30  ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင်၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင် ၏။
II K BurJudso 15:31  ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
II K BurJudso 15:32  ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊
II K BurJudso 15:33  ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။
II K BurJudso 15:34  ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှ အတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို ပြု၏။
II K BurJudso 15:35  သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍၊ နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက် တံခါးကို လုပ်လေ၏။
II K BurJudso 15:36  ယောသံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊
II K BurJudso 15:37  ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ၏။
II K BurJudso 15:38  ယောသံသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင် ၏။